Monday 26 May 2014

ကျောင်းဖွင့်ချိန်နှင့်ပြည်သူတို့၏အသံ

Photo: ကျောင်းဖွင့်ချိန်နှင့်ပြည်သူတို့၏အသံ
Monday, May 26, 2014

အခမဲ့ပညာရေးဆိုသော ကျောင်းအပ်နှံခနှင့်စာရွက်စာတမ်းကြေး မပေးရသောစနစ်ကို မူလတန်းမှ အလယ်တန်းအထိ ၂၀၁၄−၁၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ် မေလ ၂၅ရက်တွင် စတင်ပြီဖြစ်သည်။ ကုန်ဈေးနှုန်း ကြီးမြင့်သည့်အချိန်တွင် အခမဲ့ပညာရေးကို အလယ်တန်းအထိ တိုးချဲ့ခဲ့၍ ကျောင်းသားမိဘအချို့ ၀န်ထုပ်ဝန်ပိုးလျော့ကျခဲ့ သည်။ သို့သော် အစိုးရသစ်သက်တမ်း သုံးနှစ်ရှိလာသည့်တိုင် အခြေခံပညာကျောင်းများအတွက် သင်ရိုးများကို ယခုနှစ်တွင်လည်း မပြင်ဆင်နိုင်ခြင်း၊ ကောင်းမွန်သောပညာရေးဥပဒေတစ်ရပ် မပြဋ္ဌာန်းနိုင်သေးခြင်းကြောင့် မိဘအချို့ ရတက်မအေးကြသေးပေ။ အလွှာစုံမှ မိဘများ၏ ကျောင်းဖွင့်ချိန်အတွေ့ အကြုံနှင့် ပူပန်မှုများကို တွေ့ဆုံ မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။

မတင်မိုးမိုး၊ တောင်ဥက္ကလာပမြို့နယ်
ကလေးက မူလတန်း အခမဲ့ပညာရေးဆိုတော့ ပူပန်ရတာမျိုးတော့ မရှိပါဘူး။ ကလေးကတော့ တစ်တန်းတက်နေပါတယ်။ ဒီနိုင်ငံမှာနေတာ ဆိုတော့ သူတို့သင်ပေးတဲ့ ပညာရေးပဲပေါ့။ ကိုယ်တွေကကျတော့ သူများတွေလို ကျောင်းကောင်းတွေလည်း မထားနိုင်ဘူး။ ပညာရေးစနစ်ကို ဖြစ်စေချင်တာကတော့ ကျောင်းက ဆရာမတွေက ကျူရှင်မထားရင် အဆင့် ပထမ၊ဒုတိယတွေ မ၀င်ဘူး။ ကိုယ်တွေကလည်း နီးစပ်ရာမှာ ထားရတာဆိုတော့ တချို့မိဘတွေကျတော့ ဆရာမတွေကို ဖျက်ဆီးသလို ဖြစ်နေတယ်။ အဲဒီဆရာမတွေဆီမှာပဲ ကျူရှင်တွေထား၊ ပိုက်ဆံတွေပေး။ အဲဒီတော့ သူတို့ကလေးတွေက ပိုထိရောက်သလို ဖြစ်နေတယ်။ ကိုယ်တွေတုန်းက ပညာရေးနဲ့က တခြားစီပဲလေ။ ကိုယ်တွေတုန်းက ကျူရှင်ဆိုတာလည်း မရှိဘူး။ ခုသူတို့မှာ တစ်တန်းပဲရှိသေးတယ်။ ကျောင်းပြီး ကျူရှင်တက်နေရတာဆိုတော့ သူတို့ကိုကြည့်ပြီး သနားတယ်။

ဦးကျော်ကျော်ခိုင်
ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ၊ မန္တလေး
ကျောင်းသားနှစ်ယောက်ရှိတယ်။ ကျောင်းအပ်ရတော့မယ်ဆိုတော့ကျောင်းအပ်ခတွေ ဘာတွေတော့ မပူဘူး။ သိပ်မှမကုန်တာကိုး။ ကျူရှင်ဖိုးနဲ့ လိုအပ်တာတွေ ၀ယ်ရဖို့လည်း မပူဘူး။ ကလေးနှစ်ယောက်လုံးကို ပလက်ဖောင်းစာသင်ဝိုင်း ပို့ထားတော့ အဲဒီကနေ အကုန်တာဝန်ယူမှာ။ ဒါပေမဲ့ ကျောင်းဖွင့်ပြီဆိုရင် ဘာကြေးညာကြေးတွေက လာတော့မှာ။ အဲဒါကိုတော့ ကြောက်တယ်။ ကလေးတွေရဲ့ ကုန်ကျတာနဲ့ ရတဲ့ပညာနဲ့ တန်လားဆိုတော့ ကလေးတွေက ငယ်သေးတော့ ပြောစရာမရှိသေးဘူး။ ပြောလည်း မပြောတတ်ဘူး။

မအေးမိုးမိုး
ရွှေဟံသာရပ်ကွက်၊ ပြည်မြို့
ကျောင်းအပ်ရတော့မယ်ဆိုတော့ ပိုက်ဆံကုန်မှာရယ်၊ ပုံနှိပ်စာအုပ် မရမှာရယ်ကို ပူပန်တယ်။ အိမ်မှာ ကျောင်းသားက မူလတန်းနှစ်ယောက်နဲ့ အလယ်တန်းနှစ်ယောက်ရှိတယ်။ ကျောင်းစရိတ်က အိမ်ရဲ့အသုံးစရိတ်ကို ထိခိုက်မှုရှိတယ်။ ကျောင်းသုံးစာရေးကိရိယာ၊ ကျောင်းဝတ်စုံကအစ ငွေကို သုံးစွဲရတော့ အိမ်အသုံးစရိတ်ကို လျှော့သုံးစွဲရတာပေါ့။ ကျူရှင်မထားရရင်တော့ ပိုပြီးသက်သာတာပေါ့။ ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ ပညာရေးထိုက်တန်လားလို့တော့ မပြောတတ်ဘူး။ အခုပညာရေးမှာ ကျောင်းဆရာ၊ ဆရာမတွေက ကျူရှင်တွေ သင်နေကြတော့ မထား နိုင်တဲ့ ကလေးတွေ မျက်နှာငယ်ရတယ်။ အဲဒါမျိုးတွေ မဖြစ်စေချင်ဘူး။ မဖြစ်မနေ ကျူရှင်ထားနေရမယ့်ကိစ္စမျိုးတွေကို စိတ်တိုင်းမကျဘူး။

ဒေါ်တင်မိုးနွယ်
ကျောင်းသားသုံးဦး၏မိခင် ၊ ထားဝယ်
တစ်နှစ်လုံးအတွက် ၀င်ငွေကို ပူပန်ရဆုံးပဲ။ အိမ်မှာက ကျောင်းဖွင့်ပြီဆို အလုပ်လုပ်တဲ့သူက အိမ်ထောင်ဦးစီး တစ်ယောက်ပဲကျန်တော့တာ။ စားဖို့သောက်ဖို့နဲ့ လူမှုရေးတွေလည်း ရှိသေးတယ်။ ဆယ်တန်းတစ်ယောက်အတွက် အရစ်ကျပေးရမယ်။ ကျန်တဲ့ကျောင်းသားနှစ်ယောက်က တဖြည်းဖြည်းကုန်မယ်။ ကျောင်းနေတဲ့သူက သုံးယောက်ဆိုတော့ ထားဝယ်မှာနေလာတဲ့ ဆယ်နှစ်အတွင်းမှာ လက်ရှိလုပ်နေတဲ့ လုပ်စာတွေ မစုမိတဲ့အပြင် ရှိနေတဲ့အတွင်းပစ္စည်းတွေပါ နည်းလာတယ်။ ကိုယ်က သားသမီးတွေကို ပညာတတ်ဖြစ်စေချင်လို့ ကြိုးစားနေတယ်ဆိုတော့ လက်ရှိသူတို့တွေဖြစ်နေတာ ကုန်ရကျိုးနပ်တယ်လို့ထင်တယ်။ ထိုင်းမှာဆိုရင် ကျောင်းသားတွေ ငယ်ငယ်လေးတွေကတည်းက လက်တွေ့ကို ဦးစားပေးသင်စေတာ။ ဒီမှာကျတော့ အလွတ်ကျက်စနစ် ဖြစ်နေတာပေါ့။ စာတွေပဲ အလွတ်ကျက်ပြီး အတန်းအောင်နေတာ။ လက်တွေ့ဘာမှမရှိဘူး။ ဟိုမှာကျတော့ အတန်းကြီးလာရင် အလုပ်ဝင်လုပ်လို့ရတယ်။ မလုပ်နဲ့လို့ ငြင်းလို့မရဘူး။ ကျောင်းပြီး ဘွဲ့ရရင် အလုပ်က တန်းခန့်တယ်။ ဒီမှာက ကျောင်းသာပြီးသွားတာ အလုပ်မရှိဘူး။ အရှေ့မှာ ဘွဲ့ရတွေ အများကြီး။ ကိုယ်တို့က သားသမီးတွေ နောင်ရေးမှာ အေးဆေးစေချင်တာ။ အခုက အာမခံချက်မရှိဘူး။

ဦးတင်လင်း
အလယ်ရပ်၊ မုံရွာမြို့
ကျောင်းအပ်ချိန်အတွက်တော့ ပူပန်စရာမလိုတော့ပါဘူး။ ကျောင်းသားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ရှစ်တန်း၊ တစ်ယောက်က လေးတန်းတက်နေတယ်။ ကျူရှင်လခတွေကြောင့် မိသားစု ၀န်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ပေးဆပ်ရတဲ့ ပညာရေးအသုံးစရိတ်နဲ့ ရလာတဲ့ ပညာ ရေးစနစ်က မတန်ဘူးလို့မြင်တယ်။ ပညာရေးစနစ်ကို သုံးသပ်ရရင် ကလေးတွေက စာတွေတော့ တတ်လာပါတယ်။ အသိတရားတွေတော့နည်း နေဆဲဖြစ်ပါတယ်။

ဦးဆန်းဝင်း
သမီးနှစ်ဦးဖခင်၊မြောက်ဥက္ကလာပ
ကျောင်းစရိတ်တွေကတော့ ဘယ်လိုအခြေအနေမျိုးရှိမယ်လို့ အတိအကျ ပြောလို့မရသေးဘူးပေါ့။ အခုက အခမဲ့ပညာရေးပဲလို့ ပြောတာကြားတယ်။ ဘယ်လိုလဲ မသိသေးဘူး။ အလှူငွေပဲ ထည့်ရမလား။ ဒါမှမဟုတ် ကျောင်းအပ်ခပုံစံကိုပဲ ဘယ်လိုပေးရမလဲ မသိသေးဘူးပေါ့နော်။ ကိုယ်တွေတုန်းက ကျောင်းမှာပဲ အပြီးသင်ပေးလိုက်ပြီး အားလပ် ချိန်တွေများတယ်။ အခုဟာက ကျောင်းကနေ ကျူရှင်တွေပါ ထပ်ယူနေ ရတယ်။ ကျောင်းသွားပြီးတော့လည်း ကိစ္စက မပြီးပြတ်လာဘူး။ အပြင် မှာ ကျူရှင်ထပ်ထားရတဲ့ စနစ်ကြီးဖြစ်လာတယ်။ အဲဒါကတော့ မ ကောင်းဘူး ထင်တယ်။ ဟိုတုန်းကလို ကျောင်းမှာပဲ တော်အောင်တတ် အောင်သင်၊ အိမ်ရောက်ရင် သူ့ဘာသာသူ ပြန်လေ့လာတဲ့ပုံစံမျိုးကိုပဲ ပိုသဘောကျတယ်။ အခုလို အပြင်မှာ ကျူရှင်ထပ်သွားရတာမျိုးဆို ကလေးတွေလည်း အားလပ်ချိန်နည်းသွားတယ်။ အခုဟာက သားသမီး တွေအပေါ် မိဘတွေကပဲ အစအဆုံး လုပ်ပေးနေရတဲ့ပုံစံဖြစ်နေတယ်။ အခုခေတ်က ကျူရှင်မထားနိုင်တဲ့ကလေးက နောက်ကျကျန်ခဲ့တာပဲ။

မခင်နွယ်ဦး
ပေါင်းလောင်းရပ်ကွက်၊ ပျဉ်းမနား
သူငယ်တန်းနဲ့လေးတန်းကို အပ်ရဦးမယ်။ လောလောဆယ်တော့ မအပ်ရသေးဘူး။ ကျောင်းစရိတ်ကတော့ သူငယ်တန်းကနေ ရှစ်တန်းထိ အခမဲ့လို့ပြောတယ်။ ကျောင်းစရိတ်အတွက်ကတော့ ၀န်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။ ကျွန်မကလေးတွေကို မရှိ ရှိတာနဲ့ ထားသွားမှာပါ။ ခုခေတ်ပညာရေးက အဓိကပဲလေ။ ကလေးတွေ ပညာရေးကနေ ပြန်ရမှာကိုတော့ မမျှော်ထားပါဘူး။ သူတို့ရဲ့ အရည်အချင်း ရှိသလောက်ပေါ့။ လက်ရှိရင်ဆိုင်နေရတာကတော့ ကလေးတွေကို ကျူရှင်မထား နိုင်တာပါပဲ။

ကိုတင်အောင်ဝင်း
အလုံမြို့နယ်
ပူပန်မှုကတော့ ကျောင်းအပ်တဲ့စရိတ်ပဲ ပူပန်မှုရှိပါတယ်။ ကလေး ကတော့ တစ်ယောက်ပဲရှိပါတယ်။ International School မှာ ထားပါ တယ်။ Grade 2 တက်နေပါတယ်။ အစိုးရကျောင်းတွေမှာတက်ရင် ကလေးတွေရဲ့ အနာဂတ်က မလှပနိုင်ဘူး။ အဲဒါကြောင့် မိဘတစ်ယောက်အနေနဲ့ ကလေးတွေ အတွက် ကောင်းတာကိုပဲ ရွေးချယ်တက်ခိုင်းခဲ့တာပါ။ ကလေးတွေရဲ့ အရည်အသွေးပိုင်းအနေနဲ့လည်း လူမှုဆက်ဆံ ရေးတွေ၊ စည်းကမ်းပိုင်းတွေနဲ့ အင်္ဂလိပ်စာက တခြားကလေး တွေနဲ့ယှဉ်ရင် အများကြီးကွာဟမှုရှိတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က ပြုပြင်ဖို့ အများကြီးလိုပါတယ်။ ဒီကပညာရေးစနစ်ကို ခုချိန်ထိ မကြိုက်ဘူး။ အခမဲ့ပညာရေးစနစ် လုပ်ပေးပေမယ့်အပြင်မှာ ကျောင်းထားရတာက ပိုက်ဆံပေးထားရတာနဲ့ တန်တယ်လို့ ထင်တယ်။ နောက်က ဘာမှလိုက်စရာမလိုတော့ဘူး။

မပေါက်
မုန့်ပျားသလက်ရောင်းသူ ပြည်ကြီးရန်လုံရပ်ကွက်၊ မန္တလေး
သားလေးတစ်ယောက်ရှိတယ်။ ဒီနှစ်ခြောက်တန်း တက်ရမှာ။ ကျောင်းအပ်တာကတော့ သိပ်မကုန်ဘူး။ အ၀တ်အစားဖိုးနဲ့ ကျူရှင်လခအတွက် ပူနေရတယ်။ ကျူရှင်လခကတစ်လခြောက်ထောင်ပေးရမှာ။ တခြားဘာမှ ၀န်မကြီးဘူး။ ကျူရှင်လခကြောင့် မောတာတစ်ခုပဲ။ ကုန်ရတာနဲ့တော့ တန်ပါတယ်။ ကလေးကလည်း ပညာရေးလည်း ထူးချွန်တယ်။ ခုခေတ်ပညာရေးကတော့ ပိုက်ဆံရှိလေ ကောင်းလေပေါ့။ ပိုက်ဆံရှိတဲ့ သူတွေနဲ့ယှဉ်ရင် အားငယ်တယ်။ ပိုက်ဆံရှိတဲ့သူတွေက နွေရာ သီကျောင်းစပိတ်ကတည်းက ကျူရှင်တွေ ကြိုထားကြတယ်။ အစ်မတို့ကတော့ မထားနိုင်တော့ အားငယ်ရတာပေါ့။

ဒေါ်ကြီးရှင်
ကျောင်းသားလေးဦးအုပ်ထိန်းသူ၊ ထားဝယ်
ဒီနှစ်က ကျောင်းလခတွေက အခမဲ့ဆိုတော့ ကျူရှင်လခတွေနဲ့ ကျောင်းသုံး ပစ္စည်းတွေပဲ အဓိက ပူပန်ရတယ်။ ကျောင်းဖွင့်တော့မယ်ဆို ၀တ်စုံနဲ့စာရေးကိရိ ယာတွေက မဖြစ်မနေလိုနေပြီ။ ကျောင်းသားက အလယ်တန်းက နှစ်ယောက်၊ မူလတန်းမှာက နှစ်ယောက်၊ သူတို့ကို ထိုင်းမှာနေတဲ့ မိဘတွေက ထောက်ပံ့တာပဲ။ ဒါပေမဲ့ ကျောင်းဖွင့်ရာသီမို့ ပိုပေးနိုင်တာမဟုတ်ဘူး။ ပုံမှန်အတိုင်းပဲ၊ ကျောင်းသားတွေကို ကျောင်းဖွင့်ရင် မုန့်ဖိုးပြီးတော့ ကျောင်းက အလှူခံတာတွေရှိတယ်။ ဒါတွေအားလုံးက ရှိနေတဲ့အထဲကပဲ ပေးနေရတာ။ စားဝတ်နေရေးအပိုင်းမှာ ပြန်ပြီးချွေ တာလာရတယ်။ ကလေးတွေက ကျောင်းက သင်ပြတာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ကျူရှင်ပဲ အားကိုးနေရတယ်။ ကျောင်းသားတစ် ယောက်ကို ငါးထောင်ပေးရတယ်။ တချို့ဆို ကျူရှင်က နှစ်ခုတောင်။ ကျောင်းစရိတ်ထက်ပိုကုန်တာ။ ဒါပေမဲ့ စာညံ့တာပဲ။ ငွေနဲ့ဝယ်ယူနေရ သလိုပဲ။ အခုခေတ်က အတန်းတွေသာ ကြီးလာတာ။ စာမကျေကြဘူး။ အရင်တုန်းကဆို ငါးတန်း၊ခြောက်တန်းဆို စာကိုကောင်းကောင်းနိုင် နေပြီ။ ဒါကျောင်းကသင်တာ တစ်ခုတည်းနော်။ ဒါကြောင့် ရှစ်တန်း လောက်နေပြီးရင် အလုပ်ပြန်လုပ်နိုင်နေပြီ။ အခုက ဘွဲ့ရဖြစ်တာတောင် အဆင်မပြေဘူး။ ဒါကြောင့် ကုန်ကျစရိတ်များပြီး မျှော်မှန်းထားတာအ ဖြစ်နည်းလာလို့ ကျောင်းသားတွေကို တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခိုင်း ရတာတွေ များလာတယ်။

မသက်သက်မွန်
ပျဉ်းမနား
ကျောင်းသားက နှစ်ယောက်ရှိတယ်။ တစ်ယောက်ကိုတော့ ကျောင်းက ထုတ်လိုက်ရတော့မယ်။ ဘာလို့လဲဆိုတော့ အလုပ်ကတစ်ဖက်နဲ့ မအားဘူးလေ။ လက်ခွဲမရှိလို့ကလေးကို ကျောင်းမထားနိုင်တော့တာပါ။ သူက လေးတန်းအောင်ပြီး ငါးတန်းတက်ရမယ်။ ထားနိုင်တဲ့အရည်အချင်းတော့ ရှိပါတယ်။ ထမင်းဆိုင်ဖွင့်ထားရတာ အလုပ်က တစ်ဖက်မို့ ဘယ်လိုမှ အဆင်မပြေဘူး။

မနန်းခမ်းအုံ
ကျောင်းသားလေးဦး၏မိခင်၊ အရောင်းအ၀ယ်
အခုကျောင်းဖွင့်ချိန်ဆို မကုန်ဘူး။ ကြားချိန်တွေမှာကောက်တဲ့ လစဉ်ကြေးတွေ၊ ကထိန်ကြေးတွေ၊ ပင်စင်ယူရင် ကန်တော့ရတဲ့ကြေးတွေကပဲ ကုန်တာ။ စီးပွားရေး ပြေလည်တဲ့သူတွေကတော့ ပေးသင့်တာပေါ့။ အခုဟာက ဘာမှတော့မကုန်ပါဘူး။ ဒါပေမဲ့ ကိုယ်က မပြေလည်တော့ ကုန်ကျစရိတ်က သိသာတာပေါ့။ လစဉ်ကျူရှင်စရိတ်တွေရော၊ ဖယ်ရီစရိတ်တွေရောက လေးယောက်စာဆိုတော့မနည်းဘူး။ ဆရာမတွေကို ပေးရတာဆိုတော့ တန်တယ်၊ မတန်ဘူးပြောလို့တော့ မရဘူး။ အပြင်ကျူရှင်တွေနဲ့ယှဉ်ရင် ကျောင်းက ဆရာမတွေက ဘာမှမရဘူး။ ပညာရေးကတော့ ကိုယ့်ဟာကိုယ် ထူးချွန်အောင် ကြိုးစားမှရတာ။ သူတို့သွားပြောလို့လည်း ဘာရမလဲ။ ပေါ့ပေါ့နေလို့မှ မရတာ။

ကိုဌေးဇော်
ဆိုင်ကယ်တက္ကစီမောင်းသူ၊ မြရည်နန္ဒာရပ်ကွက်၊ မန္တလေး
ကျောင်းသူနှစ်ယောက်ရှိတယ်။ တစ်ယောက်က သုံးသန်း၊ တစ်ယောက်က ခုနစ်တန်း။ တခြားမပူဘူး။ ကျူရှင်ခ ပူတာ။ သူတို့နှစ်ယောက်အတွက် ကျူရှင်လခချည်း တစ်လ သုံးသောင်းခွဲလောက် ကုန်တယ်။ နောက်ပြီး ဘာကြေးညာကြေးတွေ ပေးရတော့မှာပူတယ်။ မုန့်ဖိုးဆိုရင်လည်း နှစ်ယောက်အတွက် တစ်ရက်နှစ်ထောင်လောက်ကုန်တယ်။ ခုခေတ်ပညာရေးက ကုန်တာနဲ့တန်အောင် အားရလားဆိုတော့ တခြားစီပဲ လုံးဝအားမရဘူး။ အတန်းတွေသာ ကြီးသွားတယ်။ လက်ရေးက အစ မကောင်းသေးဘူး။

ကိုသန်းနိုင်စိုး
ဝန်ထမ်း၊သုံးတန်းကျောင်းသား၏ဖခင်
အခုတင်ကျောင်းအပ်ခဲ့ပြီ။ ဘာမှပူစရာမလိုဘူး။ ပုံနှိပ်စာအုပ်နှစ်အုပ် နဲ့ ငွေတစ်ထောင်ပြန်ပေးတယ်။ တို့တောင် အံ့သြနေတယ်။ ကျောင်းသားလာအပ်ရင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ကိုယ့်ကလေးကျေနပ်အောင် အင်္ကျီအသစ်တွေ ၀ယ်ပေးရတာကြောင့် ငွေတစ်သောင်းလောက်တော့ ကုန်တယ်။ အတန်းငယ်သေးတော့လည်း ပုဂ္ဂလိက ကျောင်းတွေ မလွှတ် ချင်သေးဘူး။ ဒီနေရာမှာတော့ မိဘတွေ ချဲ့ရင်ချဲ့သလို ကုန်တာပဲ။ ကလေးအတွက် ရင်းထားရတဲ့ကုန်ကျစရိတ်နဲ့ ပြန်ရ တာနဲ့ တန်၊ မတန်ကတော့ ငယ်သေးတော့ မပြောနိုင်သေးဘူး။ အတန်းကြီးတဲ့အချိန်ထိ စောင့်ကြည့်ရမှာပဲ။ ပညာရေးစနစ်က ဒီနှစ်မှာတော့ အပြောင်းအလဲတွေ စဖြစ်တယ်လို့တော့မြင် တယ်။ အရင်က ကျောင်းအပ်ရင် ပိုက်ဆံပေးရတယ်။ အခုကျမပေးရတဲ့အပြင် သူတို့ကတောင် တစ်ထောင်စီ ပြန်ပေးတယ်။တစ်ယောက်တစ်ထောင်စီဆိုလည်း တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့က နည်းတာမှမဟုတ်တာ။ စိတ်တိုင်းမကျတာတော့ ဘာမှမရှိပါဘူး။

မယဉ်ယဉ်မြင့်
ထနောင်းဝန်းစံပြကျေးရွာ၊ မုံရွာမြို့နယ်
ကျောင်းစဖွင့်ချိန်မှာ ကျောင်းအပ်နှံခအတွက် အပူအပင်မရှိဘူး။ ကျောင်းစာမလိုက်နိုင်မှာကိုပဲ ပူပင်နေရတယ်။ ကျောင်းနေအရွယ်က လေးက နှစ်ယောက်ရှိတယ်။ တစ်ယောက် နှစ်တန်း၊ တစ်ယောက်က မူကြိုတက်နေတယ်။ ကုန်ကျတဲ့စရိတ်နဲ့ ရတဲ့ပညာရေးနဲ့ မတန်ဘူး။ လက်ရှိပညာသင်ကြား နေတဲ့ ပညာရေးထက် တိုးတက်စေချင်ပါတယ်။ သင်ရိုးတွေ ခဏခဏ ပြောင်းတာလည်း စိတ်တိုင်းမကျဘူး။ တစ်သမတ် တည်း ပညာသင်ကြားရေးစနစ်ကိုပဲလိုချင်ပါတယ်။

မမိုးမိုး
ကြည့်မြင်တိုင်
ဆယ်တန်းတစ်ယောက်၊ လေးတန်းတစ်ယောက်ရှိတယ်။ ကျောင်းအပ် တာတော့ အခမဲ့ဆိုပေမယ့် ကျောင်းစရိတ်တွေက ဒီလိုပဲပေးရတာပေါ့။ ဒီအခုလို စာအုပ်တို့ ဘာတို့ဝယ်နေ ရတာပဲ။ ဒီအချိန်က အရေးကြီးဆုံးအချိန်ပဲလေ။ ကျူရှင်စရိတ်တွေကတော့ သိန်းဂဏန်း ပေးနေရတာပဲ။ ကိုယ့်ကလေး အဆင့်မီချင်တော့လည်း အပြင်ကိုယ်ပိုင်ကျောင်းမှာ ပြောင်းထားမလားဆိုပြီး ဒီနှစ်ကျောင်းပြောင်းထားတယ်။ အပြင်ကျောင်းဆိုတော့ နည်းနည်းပိုပြီး ကိုယ့်ကလေးကို ဂရုစိုက်ပေး နိုင်တယ်လေ။ ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ ပညာရေး တန်သလားဆိုတာတော့ သူတို့ထွန်းပေါက်တဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရမယ်ဆိုရင် အခုခေတ် ပညာရေးက မိဘတွေကိုယ်တိုင်ကလည်း ထိုင်နေလို့ မရတော့ ဘူး။

ကိုတင်ထွန်း
လယ်ဝေး၊ ဆည်တိုးအောင်ရွာ
လောလောဆယ်မှာတော့ အခက်အခဲမရှိပါဘူး။ ကလေးတစ်ယောက်ကို ပဲ ကျောင်းထားရမှာမို့။ ခုခေတ်က ပညာတတ်မှ လူရာဝင်မှာ။ ပညာအရည်အချင်းရှိမှ လူဝင်ဆံ့မှာမို့ ကလေးကို မဖြစ်မနေ ကျောင်းထားသွားမှာပါ။ ကလေးကိုလည်း အမြဲတမ်းအားပေးတယ်။ ဆရာဝန်ဖြစ်အောင် ကြိုးစားပါလို့။ ခုခေတ် အစစအရာရာ အဆင်ပြေဖို့က ပညာတတ်မှဖြစ်မယ်။ တချို့ ကျောင်းပြီးသွားတဲ့လူတွေက အလုပ်မရတာတွေ ရှိနေတဲ့အတွက် ကလေးက ကျောင်းပြီးသွားရင် အလုပ်ရမှာလားလို့ မေးရင် ကျွန်တော့်အနေနဲ့ဘာမှပြန်မဖြေတတ်ဘူး။

ဒေါ်တင်နွဲ့
သားသမီးနှစ်ဦး၏မိခင်၊ အင်းစိန်
ကျောင်းအပ်တဲ့အချိန်မှာ အပူပန်ဆုံးက ကိုယ့်သားသမီးရဲ့ အဆင့်နဲ့ညီတဲ့ အတန်းမျိုးမရမှာစိုးတယ်။ အခုကျောင်းမှာဆို အတန်းပိုင်ဆရာမစာသင်တဲ့အိမ်နဲ့ ဝေးတဲ့လူတွေကျတော့ ဆရာမဆီ မတက်နိုင်ဘူး။ ရပ်ကွက်ထဲမှာရှိတဲ့ တခြားဆရာ၊ ဆရာမတွေနဲ့ပဲသင်တော့ ကိုယ့်ကလေးက ဘာသာတိုင်း အမှတ်ပြည့်နီးပါး ရောက်ရင်တောင် အဆင့်က အောက်ဆုံးမှာ။ တစ်ခါ ဆရာမတွေကလည်း အသစ်ပြောင်းတယ်ဆိုတော့ စာသင်တာ စနစ်မကျဖြစ်ပြီး ကိုယ့်သားသမီး အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်တယ်။ ကိုယ့်ဘက်က သားသမီးကို ထူးချွန်စေချင်တဲ့အတွက် စိတ်ပူနေရတယ်။ ဘယ်မှာပဲတက်တက်၊ ဘယ်ကျူရှင်ဆရာဆီမှာပဲတက်တက် နောက်ပိတ်ဆုံး ကိုယ့်အိမ်က ကိုယ့်အစ်မတွေဆီကပဲ သင်တာပဲဖြစ်ဖြစ် တကယ်တမ်းဖြစ်သင့်တဲ့ အနေအထားမျိုးမှာပဲ ရှိနေသင့်တယ်။ ကလေးတွေအနေနဲ့ မှန်ကန်တဲ့ အနေအထားမှာ တန်းတူညီမျှရှိနေသင့်တယ်။

ဦးဖိုးစန်း
မြ၀တီရပ်ကွက်၊ မုံရွာမြို့
ကျောင်းအပ်ခ မကုန်တော့ပေမယ့် အ၀တ်အထည်နဲ့ ကျောင်းသုံးစာအုပ် စာရေးကိရိယာတွေအတွက် ပူပန်ရပါတယ်။ ကျောင်းသားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ခုနစ်တန်း၊ တစ်ယောက်က မူကြိုတက်နေတယ်။ ကျောင်းသားတွေအတွက် မိသားစု ၀န်ထုပ်ဝန်ပိုးဖြစ်တာတော့ရှိတယ်။ ကျောင်းသုံးစာအုပ်တွေ ၊ စာရေးကိရိယာတွေ၊ ၀တ်စုံတွေနဲ့ ကျောင်းသားရဲ့ အသုံးစရိတ်တွေကြောင့်ပါ။ ကုန်ကျတဲ့စရိတ်နဲ့ရတဲ့ပညာရေးနဲ့ မတန်ဘူး။ ကျောင်းပြီးဘွဲ့ရ အလုပ်လက်မဲ့တွေ အများကြီးဖြစ်နေတာကြည့် လေ။ အသက်မွေးပညာမပါလို့ဖြစ်တာပါ။ ပညာရေးကို သုံးသပ်ရရင်အခြေခံပညာကျောင်းတွေထက် ပြင်ပကျောင်းတွေကို အားထားနေရတယ်။ ကျူရှင်တက်နိုင်တဲ့ ငွေကြေးပြည့်စုံတဲ့သူကို ဂရုစိုက်ပေးစေချင် ပါတယ်။ အပြင်ကျောင်းတွေထက် အစိုးရကျောင်းတွေမှာ ကလေးတွေ အားထားလာမယ့် ပညာသင်ကြားရေးစနစ် ကျင့်သုံးစေချင်ပါတယ်။

မလဲ့လဲ့ဝင်း
သားသမီးနှစ်ဦး၏မိခင်၊ ထီးတန်းလမ်း
ကျောင်းစရိတ်ကိုတော့ အစက ပူပန်တယ်။ လောလောဆယ် ကျောင်းအပ်တော့ တစ်ပြားမှမပေးခဲ့ရဘူး။ ကိုယ့်အနေနဲ့ လိုက်မီသလောက်ပဲ ထားရမယ်။ သူများတွေလိုတော့ အများကြီးမထားနိုင်ဘူး။ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် နိုင်သလောက်ထားရတာပေါ့။ အရမ်း အထက်တန်းကျကျလည်း မထားနိုင်ဘူး။ ပညာရေးစနစ်ကြီးက သားသမီးတွေနဲ့ မိဘတွေအပေါ်မှာပဲ မူတည်တဲ့အနေအထားမျိုးဆိုတော့ ကိုယ်တွေဘက်ကပဲ ရုန်းပြီး လုပ်စရာရှိတာလုပ်နေရတယ်။

ဒေါ်ခွာညို
ကလေးနှစ်ဦး၏မိခင်၊ ပေါင်းလောင်း၊ ပျဉ်းမနား
ဒီလိုပဲ လက်လုပ်လက်စားဘ၀ကနေ ကလေးတွေကို ခြိုးခြံပြီးတော့ ကျောင်းထားရတာပါ။ ကျောင်းသားနှစ်ယောက် ရှိတယ်လေ။ ကိုးတန်းတစ်ယောက်က တော့ အပ်ပြီးသွားပြီ။ ၁၉၀၀ ကုန်သွားတယ်။ ငါးတန်းတစ်ယောက်တော့ ကျန်သေးတယ်။ သူ့ကိုတော့ နောက်ရက်မှအပ်ဖြစ်မယ်။ လက်ရှိအလုပ်က ရှုပ်နေတဲ့အတွက်ကြောင့်ပါ။ ပညာရေးစနစ်က ကျူရှင်မရှိရင် ကောင်းမှာပဲ။ ကျွန်မကလေးတွေကို တစ်ယောက်မှ ကျူရှင်မထားနိုင်ပါဘူး။ သူ့ဟာနဲ့သူပဲ စာဖတ်ခိုင်းပါတယ်။ ဒီလိုနဲ့ တစ်နှစ်တစ်တန်း အောင်နေကြတာပဲ။ ကျူရှင်ထားမယ်ဆို တစ်လကို တစ်သောင်းကျော်လောက်ကုန်မှာ။ မထားနိုင်ဘူး။ ကလေးတွေကို ဘွဲ့ရဖြစ်စေချင်တယ်။ ပညာတတ်တွေ ဖြစ်စေချင်တာပေါ့။

7Day News Journal
အခမဲ့ပညာရေးဆိုသော ကျောင်းအပ်နှံခနှင့်စာရွက်စာတမ်းကြေး မပေးရသောစနစ်ကို မူလတန်းမှ အလယ်တန်းအထိ ၂၀၁၄−၁၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ် မေလ ၂၅ရက်တွင် စတင်ပြီဖြစ်သည်။ ကုန်ဈေးနှုန်း ကြီးမြင့်သည့်အချိန်တွင် အခမဲ့ပညာရေးကို အလယ်တန်းအထိ တိုးချဲ့ခဲ့၍ ကျောင်းသားမိဘအချို့ ၀န်ထုပ်ဝန်ပိုးလျော့ကျခဲ့ သည်။ သို့သော် အစိုးရသစ်သက်တမ်း သုံးနှစ်ရှိလာသည့်တိုင် အခြေခံပညာကျောင်းများအတွက် သင်ရိုးများကို ယခုနှစ်တွင်လည်း မပြင်ဆင်နိုင်ခြင်း၊ ကောင်းမွန်သောပညာရေးဥပဒေတစ်ရပ် မပြဋ္ဌာန်းနိုင်သေးခြင်းကြောင့် မိဘအချို့ ရတက်မအေးကြသေးပေ။ အလွှာစုံမှ မိဘများ၏ ကျောင်းဖွင့်ချိန်အတွေ့ အကြုံနှင့် ပူပန်မှုများကို တွေ့ဆုံ မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။

မတင်မိုးမိုး၊ တောင်ဥက္ကလာပမြို့နယ်
ကလေးက မူလတန်း အခမဲ့ပညာရေးဆိုတော့ ပူပန်ရတာမျိုးတော့ မရှိပါဘူး။ ကလေးကတော့ တစ်တန်း တက်နေ ပါတယ်။ ဒီနိုင်ငံမှာနေတာ ဆိုတော့ သူတို့သင်ပေးတဲ့ ပညာရေးပဲပေါ့။ ကိုယ်တွေကကျတော့ သူများတွေလို ကျောင်းကောင်းတွေလည်း မထားနိုင်ဘူး။ ပညာရေးစနစ်ကို ဖြစ်စေချင်တာကတော့ ကျောင်းက ဆရာမတွေက ကျူရှင်မထားရင် အဆင့် ပထမ၊ဒုတိယတွေ မ၀င်ဘူး။ ကိုယ်တွေကလည်း နီးစပ်ရာမှာ ထားရတာဆိုတော့ တချို့မိဘတွေကျတော့ ဆရာမတွေကို ဖျက်ဆီးသလို ဖြစ်နေတယ်။ အဲဒီဆရာမတွေဆီမှာပဲ ကျူရှင်တွေထား၊ ပိုက်ဆံတွေပေး။ အဲဒီတော့ သူတို့ကလေးတွေက ပိုထိရောက်သလို ဖြစ်နေတယ်။ ကိုယ်တွေတုန်းက ပညာရေးနဲ့က တခြားစီပဲလေ။ ကိုယ်တွေတုန်းက ကျူရှင်ဆိုတာလည်း မရှိဘူး။ ခုသူတို့မှာ တစ်တန်းပဲရှိသေးတယ်။ ကျောင်းပြီး ကျူရှင်တက်နေရတာဆိုတော့ သူတို့ကိုကြည့်ပြီး သနားတယ်။

ဦးကျော်ကျော်ခိုင်
ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ၊ မန္တလေး
ကျောင်းသားနှစ်ယောက်ရှိတယ်။ ကျောင်းအပ်ရတော့မယ်ဆိုတော့ကျောင်းအပ်ခတွေ ဘာတွေတော့ မပူဘူး။ သိပ်မှမကုန်တာကိုး။ ကျူရှင်ဖိုးနဲ့ လိုအပ်တာတွေ ၀ယ်ရဖို့လည်း မပူဘူး။ ကလေးနှစ်ယောက်လုံးကို ပလက်ဖောင်းစာသင်ဝိုင်း ပို့ထားတော့ အဲဒီကနေ အကုန်တာဝန်ယူမှာ။ ဒါပေမဲ့ ကျောင်းဖွင့်ပြီဆိုရင် ဘာကြေးညာကြေးတွေက လာတော့မှာ။ အဲဒါကိုတော့ ကြောက်တယ်။ ကလေးတွေရဲ့ ကုန်ကျတာနဲ့ ရတဲ့ပညာနဲ့ တန်လားဆိုတော့ ကလေးတွေက ငယ်သေးတော့ ပြောစရာမရှိသေးဘူး။ ပြောလည်း မပြောတတ်ဘူး။

မအေးမိုးမိုး
ရွှေဟံသာရပ်ကွက်၊ ပြည်မြို့
ကျောင်းအပ်ရတော့မယ်ဆိုတော့ ပိုက်ဆံကုန်မှာရယ်၊ ပုံနှိပ်စာအုပ် မရမှာရယ်ကို ပူပန်တယ်။ အိမ်မှာ ကျောင်းသားက မူလတန်းနှစ်ယောက်နဲ့ အလယ်တန်းနှစ်ယောက်ရှိတယ်။ ကျောင်းစရိတ်က အိမ်ရဲ့အသုံးစရိတ်ကို ထိခိုက်မှုရှိတယ်။ ကျောင်းသုံးစာရေးကိရိယာ၊ ကျောင်းဝတ်စုံကအစ ငွေကို သုံးစွဲရတော့ အိမ်အသုံးစရိတ်ကို လျှော့သုံးစွဲရတာပေါ့။ ကျူရှင်မထားရရင်တော့ ပိုပြီးသက်သာတာပေါ့။ ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ ပညာရေးထိုက်တန်လားလို့တော့ မပြောတတ်ဘူး။ အခုပညာရေးမှာ ကျောင်းဆရာ၊ ဆရာမတွေက ကျူရှင်တွေ သင်နေကြတော့ မထား နိုင်တဲ့ ကလေးတွေ မျက်နှာငယ်ရတယ်။ အဲဒါမျိုးတွေ မဖြစ်စေချင်ဘူး။ မဖြစ်မနေ ကျူရှင်ထားနေရမယ့်ကိစ္စမျိုးတွေကို စိတ်တိုင်းမကျဘူး။

ဒေါ်တင်မိုးနွယ်
ကျောင်းသားသုံးဦး၏မိခင် ၊ ထားဝယ်
တစ်နှစ်လုံးအတွက် ၀င်ငွေကို ပူပန်ရဆုံးပဲ။ အိမ်မှာက ကျောင်းဖွင့်ပြီဆို အလုပ်လုပ်တဲ့သူက အိမ်ထောင်ဦးစီး တစ်ယောက်ပဲကျန်တော့တာ။ စားဖို့သောက်ဖို့နဲ့ လူမှုရေးတွေလည်း ရှိသေးတယ်။ ဆယ်တန်းတစ်ယောက်အတွက် အရစ်ကျပေးရမယ်။ ကျန်တဲ့ကျောင်းသားနှစ်ယောက်က တဖြည်းဖြည်းကုန်မယ်။ ကျောင်းနေတဲ့သူက သုံးယောက်ဆိုတော့ ထားဝယ်မှာနေလာတဲ့ ဆယ်နှစ်အတွင်းမှာ လက်ရှိလုပ်နေတဲ့ လုပ်စာတွေ မစုမိတဲ့အပြင် ရှိနေတဲ့အတွင်းပစ္စည်းတွေပါ နည်းလာတယ်။ ကိုယ်က သားသမီးတွေကို ပညာတတ်ဖြစ်စေချင်လို့ ကြိုးစားနေတယ်ဆိုတော့ လက်ရှိသူတို့တွေဖြစ်နေတာ ကုန်ရကျိုးနပ်တယ်လို့ထင်တယ်။ ထိုင်းမှာဆိုရင် ကျောင်းသားတွေ ငယ်ငယ်လေးတွေကတည်းက လက်တွေ့ကို ဦးစားပေးသင်စေတာ။ ဒီမှာကျတော့ အလွတ်ကျက်စနစ် ဖြစ်နေတာပေါ့။ စာတွေပဲ အလွတ်ကျက်ပြီး အတန်းအောင်နေတာ။ လက်တွေ့ဘာမှမရှိဘူး။ ဟိုမှာကျတော့ အတန်းကြီးလာရင် အလုပ်ဝင်လုပ်လို့ရတယ်။ မလုပ်နဲ့လို့ ငြင်းလို့မရဘူး။ ကျောင်းပြီး ဘွဲ့ရရင် အလုပ်က တန်းခန့်တယ်။ ဒီမှာက ကျောင်းသာပြီးသွားတာ အလုပ်မရှိဘူး။ အရှေ့မှာ ဘွဲ့ရတွေ အများကြီး။ ကိုယ်တို့က သားသမီးတွေ နောင်ရေးမှာ အေးဆေးစေချင်တာ။ အခုက အာမခံချက်မရှိဘူး။

ဦးတင်လင်း
အလယ်ရပ်၊ မုံရွာမြို့
ကျောင်းအပ်ချိန်အတွက်တော့ ပူပန်စရာမလိုတော့ပါဘူး။ ကျောင်းသားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ရှစ်တန်း၊ တစ်ယောက်က လေးတန်းတက်နေတယ်။ ကျူရှင်လခတွေကြောင့် မိသားစု ၀န်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ပေးဆပ်ရတဲ့ ပညာရေးအသုံးစရိတ်နဲ့ ရလာတဲ့ ပညာ ရေးစနစ်က မတန်ဘူးလို့မြင်တယ်။ ပညာရေးစနစ်ကို သုံးသပ်ရရင် ကလေးတွေက စာတွေတော့ တတ်လာပါတယ်။ အသိတရားတွေတော့နည်း နေဆဲဖြစ်ပါတယ်။

ဦးဆန်းဝင်း
သမီးနှစ်ဦးဖခင်၊မြောက်ဥက္ကလာပ
ကျောင်းစရိတ်တွေကတော့ ဘယ်လိုအခြေအနေမျိုးရှိမယ်လို့ အတိအကျ ပြောလို့မရသေးဘူးပေါ့။ အခုက အခမဲ့ပညာရေးပဲလို့ ပြောတာကြားတယ်။ ဘယ်လိုလဲ မသိသေးဘူး။ အလှူငွေပဲ ထည့်ရမလား။ ဒါမှမဟုတ် ကျောင်းအပ်ခပုံစံကိုပဲ ဘယ်လိုပေးရမလဲ မသိသေးဘူးပေါ့နော်။ ကိုယ်တွေတုန်းက ကျောင်းမှာပဲ အပြီးသင်ပေးလိုက်ပြီး အားလပ် ချိန်တွေများတယ်။ အခုဟာက ကျောင်းကနေ ကျူရှင်တွေပါ ထပ်ယူနေ ရတယ်။ ကျောင်းသွားပြီးတော့လည်း ကိစ္စက မပြီးပြတ်လာဘူး။ အပြင် မှာ ကျူရှင်ထပ်ထားရတဲ့ စနစ်ကြီးဖြစ်လာတယ်။ အဲဒါကတော့ မ ကောင်းဘူး ထင်တယ်။ ဟိုတုန်းကလို ကျောင်းမှာပဲ တော်အောင်တတ် အောင်သင်၊ အိမ်ရောက်ရင် သူ့ဘာသာသူ ပြန်လေ့လာတဲ့ပုံစံမျိုးကိုပဲ ပိုသဘောကျတယ်။ အခုလို အပြင်မှာ ကျူရှင်ထပ်သွားရတာမျိုးဆို ကလေးတွေလည်း အားလပ်ချိန်နည်းသွားတယ်။ အခုဟာက သားသမီး တွေအပေါ် မိဘတွေကပဲ အစအဆုံး လုပ်ပေးနေရတဲ့ပုံစံဖြစ်နေတယ်။ အခုခေတ်က ကျူရှင်မထားနိုင်တဲ့ကလေးက နောက်ကျကျန်ခဲ့တာပဲ။

မခင်နွယ်ဦး
ပေါင်းလောင်းရပ်ကွက်၊ ပျဉ်းမနား
သူငယ်တန်းနဲ့လေးတန်းကို အပ်ရဦးမယ်။ လောလောဆယ်တော့ မအပ်ရသေးဘူး။ ကျောင်းစရိတ်ကတော့ သူငယ်တန်းကနေ ရှစ်တန်းထိ အခမဲ့လို့ပြောတယ်။ ကျောင်းစရိတ်အတွက်ကတော့ ၀န်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။ ကျွန်မကလေးတွေကို မရှိ ရှိတာနဲ့ ထားသွားမှာပါ။ ခုခေတ်ပညာရေးက အဓိကပဲလေ။ ကလေးတွေ ပညာရေးကနေ ပြန်ရမှာကိုတော့ မမျှော်ထားပါဘူး။ သူတို့ရဲ့ အရည်အချင်း ရှိသလောက်ပေါ့။ လက်ရှိရင်ဆိုင်နေရတာကတော့ ကလေးတွေကို ကျူရှင်မထား နိုင်တာပါပဲ။

ကိုတင်အောင်ဝင်း
အလုံမြို့နယ်
ပူပန်မှုကတော့ ကျောင်းအပ်တဲ့စရိတ်ပဲ ပူပန်မှုရှိပါတယ်။ ကလေး ကတော့ တစ်ယောက်ပဲရှိပါတယ်။ International School မှာ ထားပါ တယ်။ Grade 2 တက်နေပါတယ်။ အစိုးရကျောင်းတွေမှာတက်ရင် ကလေးတွေရဲ့ အနာဂတ်က မလှပနိုင်ဘူး။ အဲဒါကြောင့် မိဘတစ်ယောက်အနေနဲ့ ကလေးတွေ အတွက် ကောင်းတာကိုပဲ ရွေးချယ်တက်ခိုင်းခဲ့တာပါ။ ကလေးတွေရဲ့ အရည်အသွေးပိုင်းအနေနဲ့လည်း လူမှုဆက်ဆံ ရေးတွေ၊ စည်းကမ်းပိုင်းတွေနဲ့ အင်္ဂလိပ်စာက တခြားကလေး တွေနဲ့ယှဉ်ရင် အများကြီးကွာဟမှုရှိတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က ပြုပြင်ဖို့ အများကြီးလိုပါတယ်။ ဒီကပညာရေးစနစ်ကို ခုချိန်ထိ မကြိုက်ဘူး။ အခမဲ့ပညာရေးစနစ် လုပ်ပေးပေမယ့်အပြင်မှာ ကျောင်းထားရတာက ပိုက်ဆံပေးထားရတာနဲ့ တန်တယ်လို့ ထင်တယ်။ နောက်က ဘာမှလိုက်စရာမလိုတော့ဘူး။

မပေါက်
မုန့်ပျားသလက်ရောင်းသူ ပြည်ကြီးရန်လုံရပ်ကွက်၊ မန္တလေး
သားလေးတစ်ယောက်ရှိတယ်။ ဒီနှစ်ခြောက်တန်း တက်ရမှာ။ ကျောင်းအပ်တာကတော့ သိပ်မကုန်ဘူး။ အ၀တ်အစားဖိုးနဲ့ ကျူရှင်လခအတွက် ပူနေရတယ်။ ကျူရှင်လခကတစ်လခြောက်ထောင်ပေးရမှာ။ တခြားဘာမှ ၀န်မကြီးဘူး။ ကျူရှင်လခကြောင့် မောတာတစ်ခုပဲ။ ကုန်ရတာနဲ့တော့ တန်ပါတယ်။ ကလေးကလည်း ပညာရေးလည်း ထူးချွန်တယ်။ ခုခေတ်ပညာရေးကတော့ ပိုက်ဆံရှိလေ ကောင်းလေပေါ့။ ပိုက်ဆံရှိတဲ့ သူတွေနဲ့ယှဉ်ရင် အားငယ်တယ်။ ပိုက်ဆံရှိတဲ့သူတွေက နွေရာ သီကျောင်းစပိတ်ကတည်းက ကျူရှင်တွေ ကြိုထားကြတယ်။ အစ်မတို့ကတော့ မထားနိုင်တော့ အားငယ်ရတာပေါ့။

ဒေါ်ကြီးရှင်
ကျောင်းသားလေးဦးအုပ်ထိန်းသူ၊ ထားဝယ်
ဒီနှစ်က ကျောင်းလခတွေက အခမဲ့ဆိုတော့ ကျူရှင်လခတွေနဲ့ ကျောင်းသုံး ပစ္စည်းတွေပဲ အဓိက ပူပန်ရတယ်။ ကျောင်းဖွင့်တော့မယ်ဆို ၀တ်စုံနဲ့စာရေးကိရိ ယာတွေက မဖြစ်မနေလိုနေပြီ။ ကျောင်းသားက အလယ်တန်းက နှစ်ယောက်၊ မူလတန်းမှာက နှစ်ယောက်၊ သူတို့ကို ထိုင်းမှာနေတဲ့ မိဘတွေက ထောက်ပံ့တာပဲ။ ဒါပေမဲ့ ကျောင်းဖွင့်ရာသီမို့ ပိုပေးနိုင်တာမဟုတ်ဘူး။ ပုံမှန်အတိုင်းပဲ၊ ကျောင်းသားတွေကို ကျောင်းဖွင့်ရင် မုန့်ဖိုးပြီးတော့ ကျောင်းက အလှူခံတာတွေရှိတယ်။ ဒါတွေအားလုံးက ရှိနေတဲ့အထဲကပဲ ပေးနေရတာ။ စားဝတ်နေရေးအပိုင်းမှာ ပြန်ပြီးချွေ တာလာရတယ်။ ကလေးတွေက ကျောင်းက သင်ပြတာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ကျူရှင်ပဲ အားကိုးနေရတယ်။ ကျောင်းသားတစ် ယောက်ကို ငါးထောင်ပေးရတယ်။ တချို့ဆို ကျူရှင်က နှစ်ခုတောင်။ ကျောင်းစရိတ်ထက်ပိုကုန်တာ။ ဒါပေမဲ့ စာညံ့တာပဲ။ ငွေနဲ့ဝယ်ယူနေရ သလိုပဲ။ အခုခေတ်က အတန်းတွေသာ ကြီးလာတာ။ စာမကျေကြဘူး။ အရင်တုန်းကဆို ငါးတန်း၊ခြောက်တန်းဆို စာကိုကောင်းကောင်းနိုင် နေပြီ။ ဒါကျောင်းကသင်တာ တစ်ခုတည်းနော်။ ဒါကြောင့် ရှစ်တန်း လောက်နေပြီးရင် အလုပ်ပြန်လုပ်နိုင်နေပြီ။ အခုက ဘွဲ့ရဖြစ်တာတောင် အဆင်မပြေဘူး။ ဒါကြောင့် ကုန်ကျစရိတ်များပြီး မျှော်မှန်းထားတာအ ဖြစ်နည်းလာလို့ ကျောင်းသားတွေကို တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခိုင်း ရတာတွေ များလာတယ်။

မသက်သက်မွန်
ပျဉ်းမနား
ကျောင်းသားက နှစ်ယောက်ရှိတယ်။ တစ်ယောက်ကိုတော့ ကျောင်းက ထုတ်လိုက်ရတော့မယ်။ ဘာလို့လဲဆိုတော့ အလုပ်ကတစ်ဖက်နဲ့ မအားဘူးလေ။ လက်ခွဲမရှိလို့ကလေးကို ကျောင်းမထားနိုင်တော့တာပါ။ သူက လေးတန်းအောင်ပြီး ငါးတန်းတက်ရမယ်။ ထားနိုင်တဲ့အရည်အချင်းတော့ ရှိပါတယ်။ ထမင်းဆိုင်ဖွင့်ထားရတာ အလုပ်က တစ်ဖက်မို့ ဘယ်လိုမှ အဆင်မပြေဘူး။

မနန်းခမ်းအုံ
ကျောင်းသားလေးဦး၏မိခင်၊ အရောင်းအ၀ယ်
အခုကျောင်းဖွင့်ချိန်ဆို မကုန်ဘူး။ ကြားချိန်တွေမှာကောက်တဲ့ လစဉ်ကြေးတွေ၊ ကထိန်ကြေးတွေ၊ ပင်စင်ယူရင် ကန်တော့ရတဲ့ကြေးတွေကပဲ ကုန်တာ။ စီးပွားရေး ပြေလည်တဲ့သူတွေကတော့ ပေးသင့်တာပေါ့။ အခုဟာက ဘာမှတော့မကုန်ပါဘူး။ ဒါပေမဲ့ ကိုယ်က မပြေလည်တော့ ကုန်ကျစရိတ်က သိသာတာပေါ့။ လစဉ်ကျူရှင်စရိတ်တွေရော၊ ဖယ်ရီစရိတ်တွေရောက လေးယောက်စာဆိုတော့မနည်းဘူး။ ဆရာမတွေကို ပေးရတာဆိုတော့ တန်တယ်၊ မတန်ဘူးပြောလို့တော့ မရဘူး။ အပြင်ကျူရှင်တွေနဲ့ယှဉ်ရင် ကျောင်းက ဆရာမတွေက ဘာမှမရဘူး။ ပညာရေးကတော့ ကိုယ့်ဟာကိုယ် ထူးချွန်အောင် ကြိုးစားမှရတာ။ သူတို့သွားပြောလို့လည်း ဘာရမလဲ။ ပေါ့ပေါ့နေလို့မှ မရတာ။

ကိုဌေးဇော်
ဆိုင်ကယ်တက္ကစီမောင်းသူ၊ မြရည်နန္ဒာရပ်ကွက်၊ မန္တလေး
ကျောင်းသူနှစ်ယောက်ရှိတယ်။ တစ်ယောက်က သုံးသန်း၊ တစ်ယောက်က ခုနစ်တန်း။ တခြားမပူဘူး။ ကျူရှင်ခ ပူတာ။ သူတို့နှစ်ယောက်အတွက် ကျူရှင်လခချည်း တစ်လ သုံးသောင်းခွဲလောက် ကုန်တယ်။ နောက်ပြီး ဘာကြေးညာကြေးတွေ ပေးရတော့မှာပူတယ်။ မုန့်ဖိုးဆိုရင်လည်း နှစ်ယောက်အတွက် တစ်ရက်နှစ်ထောင်လောက်ကုန်တယ်။ ခုခေတ်ပညာရေးက ကုန်တာနဲ့တန်အောင် အားရလားဆိုတော့ တခြားစီပဲ လုံးဝအားမရဘူး။ အတန်းတွေသာ ကြီးသွားတယ်။ လက်ရေးက အစ မကောင်းသေးဘူး။

ကိုသန်းနိုင်စိုး
ဝန်ထမ်း၊သုံးတန်းကျောင်းသား၏ဖခင်
အခုတင်ကျောင်းအပ်ခဲ့ပြီ။ ဘာမှပူစရာမလိုဘူး။ ပုံနှိပ်စာအုပ်နှစ်အုပ် နဲ့ ငွေတစ်ထောင်ပြန်ပေးတယ်။ တို့တောင် အံ့သြနေတယ်။ ကျောင်းသားလာအပ်ရင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ကိုယ့်ကလေးကျေနပ်အောင် အင်္ကျီအသစ်တွေ ၀ယ်ပေးရတာကြောင့် ငွေတစ်သောင်းလောက်တော့ ကုန်တယ်။ အတန်းငယ်သေးတော့လည်း ပုဂ္ဂလိက ကျောင်းတွေ မလွှတ် ချင်သေးဘူး။ ဒီနေရာမှာတော့ မိဘတွေ ချဲ့ရင်ချဲ့သလို ကုန်တာပဲ။ ကလေးအတွက် ရင်းထားရတဲ့ကုန်ကျစရိတ်နဲ့ ပြန်ရ တာနဲ့ တန်၊ မတန်ကတော့ ငယ်သေးတော့ မပြောနိုင်သေးဘူး။ အတန်းကြီးတဲ့အချိန်ထိ စောင့်ကြည့်ရမှာပဲ။ ပညာရေးစနစ်က ဒီနှစ်မှာတော့ အပြောင်းအလဲတွေ စဖြစ်တယ်လို့တော့မြင် တယ်။ အရင်က ကျောင်းအပ်ရင် ပိုက်ဆံပေးရတယ်။ အခုကျမပေးရတဲ့အပြင် သူတို့ကတောင် တစ်ထောင်စီ ပြန်ပေးတယ်။တစ်ယောက်တစ်ထောင်စီဆိုလည်း တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့က နည်းတာမှမဟုတ်တာ။ စိတ်တိုင်းမကျတာတော့ ဘာမှမရှိပါဘူး။

မယဉ်ယဉ်မြင့်
ထနောင်းဝန်းစံပြကျေးရွာ၊ မုံရွာမြို့နယ်
ကျောင်းစဖွင့်ချိန်မှာ ကျောင်းအပ်နှံခအတွက် အပူအပင်မရှိဘူး။ ကျောင်းစာမလိုက်နိုင်မှာကိုပဲ ပူပင်နေရတယ်။ ကျောင်းနေအရွယ်က လေးက နှစ်ယောက်ရှိတယ်။ တစ်ယောက် နှစ်တန်း၊ တစ်ယောက်က မူကြိုတက်နေတယ်။ ကုန်ကျတဲ့စရိတ်နဲ့ ရတဲ့ပညာရေးနဲ့ မတန်ဘူး။ လက်ရှိပညာသင်ကြား နေတဲ့ ပညာရေးထက် တိုးတက်စေချင်ပါတယ်။ သင်ရိုးတွေ ခဏခဏ ပြောင်းတာလည်း စိတ်တိုင်းမကျဘူး။ တစ်သမတ် တည်း ပညာသင်ကြားရေးစနစ်ကိုပဲလိုချင်ပါတယ်။

မမိုးမိုး
ကြည့်မြင်တိုင်
ဆယ်တန်းတစ်ယောက်၊ လေးတန်းတစ်ယောက်ရှိတယ်။ ကျောင်းအပ် တာတော့ အခမဲ့ဆိုပေမယ့် ကျောင်းစရိတ်တွေက ဒီလိုပဲပေးရတာပေါ့။ ဒီအခုလို စာအုပ်တို့ ဘာတို့ဝယ်နေ ရတာပဲ။ ဒီအချိန်က အရေးကြီးဆုံးအချိန်ပဲလေ။ ကျူရှင်စရိတ်တွေကတော့ သိန်းဂဏန်း ပေးနေရတာပဲ။ ကိုယ့်ကလေး အဆင့်မီချင်တော့လည်း အပြင်ကိုယ်ပိုင်ကျောင်းမှာ ပြောင်းထားမလားဆိုပြီး ဒီနှစ်ကျောင်းပြောင်းထားတယ်။ အပြင်ကျောင်းဆိုတော့ နည်းနည်းပိုပြီး ကိုယ့်ကလေးကို ဂရုစိုက်ပေး နိုင်တယ်လေ။ ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ ပညာရေး တန်သလားဆိုတာတော့ သူတို့ထွန်းပေါက်တဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရမယ်ဆိုရင် အခုခေတ် ပညာရေးက မိဘတွေကိုယ်တိုင်ကလည်း ထိုင်နေလို့ မရတော့ ဘူး။

ကိုတင်ထွန်း
လယ်ဝေး၊ ဆည်တိုးအောင်ရွာ
လောလောဆယ်မှာတော့ အခက်အခဲမရှိပါဘူး။ ကလေးတစ်ယောက်ကို ပဲ ကျောင်းထားရမှာမို့။ ခုခေတ်က ပညာတတ်မှ လူရာဝင်မှာ။ ပညာအရည်အချင်းရှိမှ လူဝင်ဆံ့မှာမို့ ကလေးကို မဖြစ်မနေ ကျောင်းထားသွားမှာပါ။ ကလေးကိုလည်း အမြဲတမ်းအားပေးတယ်။ ဆရာဝန်ဖြစ်အောင် ကြိုးစားပါလို့။ ခုခေတ် အစစအရာရာ အဆင်ပြေဖို့က ပညာတတ်မှဖြစ်မယ်။ တချို့ ကျောင်းပြီးသွားတဲ့လူတွေက အလုပ်မရတာတွေ ရှိနေတဲ့အတွက် ကလေးက ကျောင်းပြီးသွားရင် အလုပ်ရမှာလားလို့ မေးရင် ကျွန်တော့်အနေနဲ့ဘာမှပြန်မဖြေတတ်ဘူး။

ဒေါ်တင်နွဲ့
သားသမီးနှစ်ဦး၏မိခင်၊ အင်းစိန်
ကျောင်းအပ်တဲ့အချိန်မှာ အပူပန်ဆုံးက ကိုယ့်သားသမီးရဲ့ အဆင့်နဲ့ညီတဲ့ အတန်းမျိုးမရမှာစိုးတယ်။ အခုကျောင်းမှာဆို အတန်းပိုင်ဆရာမစာသင်တဲ့အိမ်နဲ့ ဝေးတဲ့လူတွေကျတော့ ဆရာမဆီ မတက်နိုင်ဘူး။ ရပ်ကွက်ထဲမှာရှိတဲ့ တခြားဆရာ၊ ဆရာမတွေနဲ့ပဲသင်တော့ ကိုယ့်ကလေးက ဘာသာတိုင်း အမှတ်ပြည့်နီးပါး ရောက်ရင်တောင် အဆင့်က အောက်ဆုံးမှာ။ တစ်ခါ ဆရာမတွေကလည်း အသစ်ပြောင်းတယ်ဆိုတော့ စာသင်တာ စနစ်မကျဖြစ်ပြီး ကိုယ့်သားသမီး အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်တယ်။ ကိုယ့်ဘက်က သားသမီးကို ထူးချွန်စေချင်တဲ့အတွက် စိတ်ပူနေရတယ်။ ဘယ်မှာပဲတက်တက်၊ ဘယ်ကျူရှင်ဆရာဆီမှာပဲတက်တက် နောက်ပိတ်ဆုံး ကိုယ့်အိမ်က ကိုယ့်အစ်မတွေဆီကပဲ သင်တာပဲဖြစ်ဖြစ် တကယ်တမ်းဖြစ်သင့်တဲ့ အနေအထားမျိုးမှာပဲ ရှိနေသင့်တယ်။ ကလေးတွေအနေနဲ့ မှန်ကန်တဲ့ အနေအထားမှာ တန်းတူညီမျှရှိနေသင့်တယ်။

ဦးဖိုးစန်း
မြ၀တီရပ်ကွက်၊ မုံရွာမြို့
ကျောင်းအပ်ခ မကုန်တော့ပေမယ့် အ၀တ်အထည်နဲ့ ကျောင်းသုံးစာအုပ် စာရေးကိရိယာတွေအတွက် ပူပန်ရပါတယ်။ ကျောင်းသားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ခုနစ်တန်း၊ တစ်ယောက်က မူကြိုတက်နေတယ်။ ကျောင်းသားတွေအတွက် မိသားစု ၀န်ထုပ်ဝန်ပိုးဖြစ်တာတော့ရှိတယ်။ ကျောင်းသုံးစာအုပ်တွေ ၊ စာရေးကိရိယာတွေ၊ ၀တ်စုံတွေနဲ့ ကျောင်းသားရဲ့ အသုံးစရိတ်တွေကြောင့်ပါ။ ကုန်ကျတဲ့စရိတ်နဲ့ရတဲ့ပညာရေးနဲ့ မတန်ဘူး။ ကျောင်းပြီးဘွဲ့ရ အလုပ်လက်မဲ့တွေ အများကြီးဖြစ်နေတာကြည့် လေ။ အသက်မွေးပညာမပါလို့ဖြစ်တာပါ။ ပညာရေးကို သုံးသပ်ရရင်အခြေခံပညာကျောင်းတွေထက် ပြင်ပကျောင်းတွေကို အားထားနေရတယ်။ ကျူရှင်တက်နိုင်တဲ့ ငွေကြေးပြည့်စုံတဲ့သူကို ဂရုစိုက်ပေးစေချင် ပါတယ်။ အပြင်ကျောင်းတွေထက် အစိုးရကျောင်းတွေမှာ ကလေးတွေ အားထားလာမယ့် ပညာသင်ကြားရေးစနစ် ကျင့်သုံးစေချင်ပါတယ်။

မလဲ့လဲ့ဝင်း
သားသမီးနှစ်ဦး၏မိခင်၊ ထီးတန်းလမ်း
ကျောင်းစရိတ်ကိုတော့ အစက ပူပန်တယ်။ လောလောဆယ် ကျောင်းအပ်တော့ တစ်ပြားမှမပေးခဲ့ရဘူး။ ကိုယ့်အနေနဲ့ လိုက်မီသလောက်ပဲ ထားရမယ်။ သူများတွေလိုတော့ အများကြီးမထားနိုင်ဘူး။ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် နိုင်သလောက်ထားရတာပေါ့။ အရမ်း အထက်တန်းကျကျလည်း မထားနိုင်ဘူး။ ပညာရေးစနစ်ကြီးက သားသမီးတွေနဲ့ မိဘတွေအပေါ်မှာပဲ မူတည်တဲ့အနေအထားမျိုးဆိုတော့ ကိုယ်တွေဘက်ကပဲ ရုန်းပြီး လုပ်စရာရှိတာလုပ်နေရတယ်။

ဒေါ်ခွာညို
ကလေးနှစ်ဦး၏မိခင်၊ ပေါင်းလောင်း၊ ပျဉ်းမနား
ဒီလိုပဲ လက်လုပ်လက်စားဘ၀ကနေ ကလေးတွေကို ခြိုးခြံပြီးတော့ ကျောင်းထားရတာပါ။ ကျောင်းသား နှစ်ယောက် ရှိတယ်လေ။ ကိုးတန်းတစ်ယောက်က တော့ အပ်ပြီးသွားပြီ။ ၁၉၀၀ ကုန်သွားတယ်။ ငါးတန်း တစ်ယောက်တော့ ကျန်သေးတယ်။ သူ့ကိုတော့ နောက်ရက်မှအပ်ဖြစ်မယ်။ လက်ရှိအလုပ်က ရှုပ်နေတဲ့ အတွက်ကြောင့်ပါ။ ပညာရေးစနစ်က ကျူရှင်မရှိရင် ကောင်းမှာပဲ။ ကျွန်မကလေးတွေကို တစ်ယောက်မှ ကျူရှင်မထားနိုင်ပါဘူး။ သူ့ဟာနဲ့သူပဲ စာဖတ်ခိုင်းပါတယ်။ ဒီလိုနဲ့ တစ်နှစ်တစ်တန်း အောင်နေကြတာပဲ။ ကျူရှင်ထားမယ်ဆို တစ်လကို တစ်သောင်းကျော်လောက်ကုန်မှာ။ မထားနိုင်ဘူး။ ကလေးတွေကို ဘွဲ့ရဖြစ်စေချင် တယ်။ ပညာတတ်တွေ ဖြစ်စေချင်တာပေါ့။

7Day News Journal

No comments:

Post a Comment