Monday 26 May 2014

ဟောလိဝုဒ်ဒါရိုက်တာတစ်ဦး၏သား ပစ်ခတ်မှုကြောင့် လူခြောက်ဦးသေ ၁၃ ဦး ဒဏ်ရာရ

Photo: ဟောလိဝုဒ်ဒါရိုက်တာတစ်ဦး၏သား ပစ်ခတ်မှုကြောင့် လူခြောက်ဦးသေ ၁၃ ဦး ဒဏ်ရာရ
Monday, May 26, 2014

နယ်၌ လူခြောက်ဦးကို သတ်ဖြတ်ခဲ့သည်ဟု အမေရိကန် ရဲတပ်ဖွဲ့က မေလ ၂၄ ရက်တွင် ပြောသည်။

အသက်(၂၂)နှစ်အရွယ်ရှိ အဲလီးယက်ရော်ဂျာသည် ၎င်း၏ တိုက်ခန်း၌ အခန်းဖော် အမျိုးသားသုံးဦးကို ဓားဖြင့်ထိုးသတ်ခဲ့ပြီးနောက် အနက်ရောင် BMW ကားကိုမောင်း၍ လမ်းတစ် လျှောက်ရှိ လူများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။

အဲလီးယက်ရော်ဂျာ၏ ပစ်ခတ်မှုကြောင့် လူငယ်သုံးဦး သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

အဲလီးယက်ရော်ဂျာသည် ရဲ တပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ် ပြီးနောက် ၎င်း၏ကားအတွင်း ဦးခေါင်းကို ကျည်ထိမှန်ထား သည့် ဒဏ်ရာဖြင့် သေဆုံးနေ ကြောင်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ သည်။

၎င်းသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည် ဟု ဆန်တာဘာဘရာမြို့ ငြိမ်ဝပ် ပိပြားရေးအရာရှိ ဘီလ်ဘရောင်း က ပြောကြားသည်။

အမေရိကန်ရဲတပ်ဖွဲ့ဝင်များ သည် အဲလီးယက်ရော်ဂျာတင်ခဲ့ သည်ဟု ယူဆရသော ယူကျု့ဘ် ဗီဒီယိုဖိုင်ကို စုံစမ်းစစ်ဆေးလျက် ရှိသည်။

ယင်းဗီဒီယိုထဲတွင် ကိုယ့်ကိုယ်ကိုယ် အဲလီးယက်ရော်ဂျာဟုပြောသော လူငယ်တစ်ဦးက ၎င်းအား အထီးကျန်ဆန်စေသော လောကကြီးကို ကလဲ့စားချေမည်ဟု ပြောကြားသည်။

၎င်းလူပျိုဖော်ဝင်ချိန်မှစ၍ ငြင်းပယ်ခဲ့သော မိန်းကလေးများ အားလုံးကို အပြစ်ပေးသွားမည် ဟု ကြွေးကြော်ခဲ့သည်။

အဲလီးယက်ရော်ဂျာသည် ၎င်း၏တိုက်ခန်းအတွင်း လူသတ်ခဲ့ပြီးနောက် တက္ကသိုလ်ကျောင်း သူများနေရာ အဆောင်သို့သွား ရောက်ခဲ့သော်လည်း အဆောင် တံခါး မဖွင့်ပေးသောကြောင့် လမ်းသွားလမ်းလာ အမျိုးသမီး သုံးဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်။

ထို့နောက် ဆန်တာဘာဘရာမြို့ ကယ်လီဖိုးနီးယား တက္ကသိုလ် နယ်မြေအနီး၌ ကားမောင်း၍ လမ်းသွားလမ်းလာများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

၎င်းသည် အပြင်းအထန် စိတ်ဝေဒနာ ခံစားနေရသည်မှာ ထင်ရှားကြောင်းနှင့် ၎င်း၏လုပ်ရပ်မှာ စိတ္တဇဝေဒနာသည်တစ်ဦး၏ လုပ်ရပ်ဖြစ်ကြောင်း ရဲအရာရှိဘရောင်းက ပြောကြားသည်။

ပီတာရော်ဂျာ၏သားဖြစ်သူ မှာ အထီးကျန်ရောဂါလက္ခဏာ ရှိသူဖြစ်ကြောင်းနှင့် ရော်ဂျာ မိသားစုကလည်း ၎င်းတို့၏သား မှာ ပြစ်မှုကျူးလွန်သူဖြစ်သည်ဟု ယုံကြည်ကြောင်း ပီတာရော်ဂျာ ၏ ရှေ့နေက ပြောကြားသည်။

သားဖြစ်သူကြောင့် မိသားစု မှာ ဝမ်းနည်းရကြောင်းနှင့် ရဲတပ် ဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ရှေ့နေက ပြော ကြားသည်။

—Ref: BBC
7 Day News daily

ကယ်လီဖိုးနီးယားရှိ အစ္စကဗစ်စတာအရပ်တွင် သေနတ်သမား မောင်းနှင် လာသည်ဟု သတ်မှတ်ထားသော ပျက်စီးနေသည့်ကားအား ကြည့်ရှုနေသူ များကို တွေ့ရစဉ် (ROBYN BECK/AFP)
ကယ်လီဖိုးနီးယားရှိ အစ္စကဗစ်စတာအရပ်တွင် သေနတ်သမား မောင်းနှင် လာသည်ဟု သတ်မှတ်ထားသော ပျက်စီးနေသည့်ကားအား ကြည့်ရှုနေသူ များကို တွေ့ရစဉ် (ROBYN BECK/AFP)
နယ်၌ လူခြောက်ဦးကို သတ်ဖြတ်ခဲ့သည်ဟု အမေရိကန် ရဲတပ်ဖွဲ့က မေလ ၂၄ ရက်တွင် ပြောသည်။

အသက်(၂၂)နှစ်အရွယ်ရှိ အဲလီးယက်ရော်ဂျာသည် ၎င်း၏ တိုက်ခန်း၌ အခန်းဖော် အမျိုးသားသုံးဦးကို ဓားဖြင့်ထိုးသတ် ခဲ့ပြီးနောက် အနက်ရောင် BMW ကားကိုမောင်း၍ လမ်းတစ် လျှောက်ရှိ လူများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။

အဲလီးယက်ရော်ဂျာ၏ ပစ်ခတ်မှုကြောင့် လူငယ်သုံးဦး သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

အဲလီးယက်ရော်ဂျာသည် ရဲ တပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ် ပြီးနောက် ၎င်း၏ကားအတွင်း ဦးခေါင်းကို ကျည်ထိမှန်ထား သည့် ဒဏ်ရာဖြင့် သေဆုံးနေ ကြောင်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ သည်။

၎င်းသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည် ဟု ဆန်တာဘာဘရာမြို့ ငြိမ်ဝပ် ပိပြားရေးအရာရှိ ဘီလ်ဘရောင်း က ပြောကြားသည်။

အမေရိကန်ရဲတပ်ဖွဲ့ဝင်များ သည် အဲလီးယက်ရော်ဂျာတင်ခဲ့သည်ဟု ယူဆရသော ယူကျု့ဘ် ဗီဒီယိုဖိုင်ကို စုံစမ်းစစ်ဆေး လျက် ရှိသည်။

ယင်းဗီဒီယိုထဲတွင် ကိုယ့်ကိုယ်ကိုယ် အဲလီးယက်ရော်ဂျာဟုပြောသော လူငယ်တစ်ဦးက ၎င်းအား အထီးကျန်ဆန်စေ သော လော ကကြီးကို ကလဲ့စားချေမည်ဟု ပြောကြားသည်။

၎င်းလူပျိုဖော်ဝင်ချိန်မှစ၍ ငြင်းပယ်ခဲ့သော မိန်းကလေးများ အားလုံးကို အပြစ်ပေးသွားမည် ဟု ကြွေးကြော်ခဲ့သည်။

အဲလီးယက်ရော်ဂျာသည် ၎င်း၏တိုက်ခန်းအတွင်း လူသတ်ခဲ့ပြီးနောက် တက္ကသိုလ်ကျောင်း သူများနေရာ အဆောင်သို့ သွား ရောက်ခဲ့သော်လည်း အဆောင် တံခါး မဖွင့်ပေးသောကြောင့် လမ်းသွားလမ်းလာ အမျိုးသမီး သုံးဦးကို သေနတ်ဖြင့် ပစ် ခတ် ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်။

ထို့နောက် ဆန်တာဘာဘရာမြို့ ကယ်လီဖိုးနီးယား တက္ကသိုလ် နယ်မြေအနီး၌ ကားမောင်း၍ လမ်းသွားလမ်းလာများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

၎င်းသည် အပြင်းအထန် စိတ်ဝေဒနာ ခံစားနေရသည်မှာ ထင်ရှားကြောင်းနှင့် ၎င်း၏လုပ်ရပ်မှာ စိတ္တဇဝေဒနာသည် တစ်ဦး ၏ လုပ်ရပ်ဖြစ်ကြောင်း ရဲအရာရှိဘရောင်းက ပြောကြားသည်။

ပီတာရော်ဂျာ၏သားဖြစ်သူ မှာ အထီးကျန်ရောဂါလက္ခဏာ ရှိသူဖြစ်ကြောင်းနှင့် ရော်ဂျာ မိသားစုကလည်း ၎င်းတို့၏သား မှာ ပြစ်မှုကျူးလွန်သူဖြစ်သည်ဟု ယုံကြည်ကြောင်း ပီတာရော်ဂျာ ၏ ရှေ့နေက ပြောကြားသည်။

သားဖြစ်သူကြောင့် မိသားစုမှာ ဝမ်းနည်းရကြောင်းနှင့် ရဲတပ်ဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ရှေ့နေက ပြော ကြားသည်။

Ref: BBC
7 Day News daily

No comments:

Post a Comment