Monday 26 May 2014

အူရီးဒူးမြန်မာ ဆင်းမ်ကတ်များ သြဂုတ်တတိယပတ်တွင် စရောင်းမည်

Photo: အူရီးဒူးမြန်မာ ဆင်းမ်ကတ်များ သြဂုတ်တတိယပတ်တွင် စရောင်းမည်
Monday, May 26, 2014

အူရီးဒူးမြန်မာ ကုမ္ပဏီမှ ရောင်းချပေးမည့် ဆင်းမ်ကတ်များကို မူလ သတ်မှတ် ထားသည် ထက် အနည်းငယ် နောက်ကျ၍ ၂၀၁၄ ခုနှစ်
 သြဂုတ်လ တတိယပတ်တွင်မှသာရောင်း ချပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အူရီးဒူးမြန်မာ  အနေဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် တွင် ဆက်သွယ်ရေးလိုင်စင်ရရှိခဲ့ သည်။ ၎င်းတို့အနေဖြင့် လိုင်စင်ရပြီး ခြောက်လအတွင်း ဇူလိုင်လလယ်ခန့်တွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကြက်ရာ တွင် ၎င်းတို့မျှော်မှန်းထားသည် ထက် အခက်အခဲအချို့နှင့် ကြုံ တွေ့ရခြင်းကြောင့် ယခုကဲ့သို့အ နည်းငယ် နောက်ကျသွားခြင်းဖြစ် ကြောင်း အူရီးဒူးမြန်မာ၏ အမှု ဆောင်အရာရှိချုပ် Mr.Ross Cor-mack က ရှင်းပြသည်။

‘‘ကျွန်တော်တို့အနေနဲ့ လုပ် ငန်းတွေကို အကောင်အထည် ဖော်တဲ့အခါမှာ မျှော်မှန်းထားတာ ထက် အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် အနည်းငယ် နောက်ကျသွားတာပါ။ သြဂုတ်လ တတိယလေးလပတ်အတွင်းကနေစပြီးတော့ ဆင်းမ်ကတ်တစ်ခုကို ၁၅၀၀ နှုန်းနဲ့ လိုသလောက် ရောင်းချပေးသွားမှာပါ’’ ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။

အူရီးဒူးအနေဖြင့် 3G ကွန်ရက်စနစ်ဖြင့် အင်တာနက်ပါ တစ်ခါတည်း အသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူလိုသူများ နေဖြင့် မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ငွေ ၁၅၀၀ ကျပ်သာ လိုပြီး ကျန်သော ကန့်သတ်ချက်များမရှိ ဘဲ လိုအပ်သလောက် ၀ယ်ယူနိုင် ရန် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ ဖုန်း ခေါ်ဆိုနှုန်းထားတွေကို အားလုံး တတ်နိုင်တဲ့ အတိုင်းအတာအ တွင်းကနေ ဖြစ်အောင် ဆောင် ရွက်သွားမှာပါ။ အခုအချိန်မှာ တော့ ပြောခွင့်မရှိသေးတဲ့အတွက် နောက်ကျရင်တော့ ပြည်သူတွေ ကို တရားဝင် အသိပေးသွားမှာ ပါ’’ ဟု ၎င်းကဆိုသည်။ 

အူရီးဒူး မြန်မာအနေဖြင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ပေးရာတွင် ၎င်းတို့ကိုယ်တိုင် တည်ဆောက်ထားသော 3G ကွန်ရက်စနစ်များကိုသာ အသုံး ပြုသွားမည်ဖြစ်ပြီး သုံးစွဲသူများ၏ အချက်အလက်များကိုလည်း လုံခြုံမှုရှိစေရန် ကာကွယ်ပေးသွားမည်ဟု ဆိုသည်။

7 Day News Daily
အူရီးဒူးမြန်မာ ကုမ္ပဏီမှ ရောင်းချပေးမည့် ဆင်းမ်ကတ်များကို မူလ သတ်မှတ် ထားသည် ထက် အနည်းငယ် နောက်ကျ၍ ၂၀၁၄ ခုနှစ်  သြဂုတ်လ တတိယပတ်တွင်မှသာရောင်း ချပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အူရီးဒူးမြန်မာ  အနေဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် တွင် ဆက်သွယ်ရေးလိုင်စင်ရရှိခဲ့ သည်။ ၎င်းတို့အနေဖြင့် လိုင်စင်ရပြီး ခြောက်လအတွင်း ဇူလိုင်လလယ်ခန့်တွင် ဆင်းမ်ကတ်များ စတင်ရောင်းချ မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကြက်ရာ တွင် ၎င်းတို့မျှော်မှန်း ထားသည် ထက် အခက်အခဲအချို့နှင့် ကြုံ တွေ့ရခြင်းကြောင့် ယခုကဲ့သို့အ နည်းငယ် နောက်ကျသွားခြင်းဖြစ် ကြောင်း အူရီးဒူးမြန်မာ၏ အမှု ဆောင်အရာရှိချုပ် Mr.Ross Cor-mack က ရှင်းပြသည်။

‘‘ကျွန်တော်တို့အနေနဲ့ လုပ် ငန်းတွေကို အကောင်အထည် ဖော်တဲ့အခါမှာ မျှော်မှန်းထားတာထက် အခက်အခဲ တွေကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် အနည်းငယ် နောက်ကျသွားတာပါ။ သြဂုတ်လ တတိယ လေးလပတ်အတွင်းကနေစပြီးတော့ ဆင်းမ်ကတ်တစ်ခုကို ၁၅၀၀ နှုန်းနဲ့ လိုသလောက် ရောင်းချပေး သွားမှာပါ’’ ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။

အူရီးဒူးအနေဖြင့် 3G ကွန်ရက်စနစ်ဖြင့် အင်တာနက်ပါ တစ်ခါတည်း အသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူလိုသူများ နေဖြင့် မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ငွေ ၁၅၀၀ ကျပ်သာ လိုပြီး ကျန်သော ကန့်သတ်ချက်များမရှိ ဘဲ လိုအပ်သလောက် ၀ယ်ယူနိုင် ရန် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ ဖုန်း ခေါ်ဆိုနှုန်းထားတွေကို အားလုံး တတ်နိုင်တဲ့ အတိုင်းအတာအ တွင်းကနေ ဖြစ်အောင် ဆောင် ရွက်သွားမှာပါ။ အခုအချိန်မှာ တော့ ပြောခွင့်မရှိသေးတဲ့အတွက် နောက်ကျရင်တော့ ပြည်သူတွေ ကို တရားဝင် အသိပေးသွားမှာ ပါ’’ ဟု ၎င်းကဆိုသည်။ 

အူရီးဒူး မြန်မာအနေဖြင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ပေးရာတွင် ၎င်းတို့ကိုယ်တိုင် တည်ဆောက် ထားသော 3G ကွန်ရက်စနစ်များကိုသာ အသုံး ပြုသွားမည်ဖြစ်ပြီး သုံးစွဲသူများ၏ အချက်အလက်များကို လည်း လုံခြုံမှုရှိစေရန် ကာကွယ်ပေးသွားမည်ဟု ဆိုသည်။

7 Day News Daily

No comments:

Post a Comment