Monday 26 May 2014

သမ္မတအမိန့်ဖြင့် နိုင်ငံခြားဘဏ်များရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်း

 မြန်မာနိုင်ငံတွင် ဘဏ် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည့် နိုင်ငံ ခြားဘဏ်များ ရွေးချယ်ရေးအစီ အစဉ်တွင် ပွင့် လင်းမြင် သာမှု ရှိစေ ရန်နှင့် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့် ကိုက်ညီစေရန် နိုင်ငံခြား ဘဏ်များ ရွေးချယ် ရေးအဖွဲ့ကို မေလ ၁၂ရက်တွင် ဖွဲ့စည်းလိုက် ပြီဖြစ်သည်။

ထိုကဲ့သို့ ဖွဲ့စည်းရန် နိုင်ငံ တော်သမ္မတရုံးမှ အမိန့်ကြော်ငြာ စာအမှတ် ၃၆/၂၀၁၄ထုတ်ပြန်၍ နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

အဆိုပါအဖွဲ့အနေဖြင့် ရွေး ချယ်ရေးလုပ်ငန်းစဉ်များကို နိုင်ငံ တကာမှ ငွေရေးကြေးရေးအကြံ ပေးကုမ္ပဏီ များနှင့် အသေးစိတ် ညှိနှိုင်း ဆောင်ရွက် ရန်လည်း အမိန့်ကြော်ငြာစာတွင်ဖော်ပြပါရှိ သည်။

နိုင်ငံခြားဘဏ်များရွေးချယ် ရေးအဖွဲ့တွင် အဖွဲ့ဝင် ရှစ်ဦးပါဝင် ပြီး ဥက္ကဋ္ဌအဖြစ် ဦးမောင်မောင် ကျော် (မြန်မာနိုင်ငံ တော် ဗဟို ဘဏ်ဥက္ကဋ္ဌ)၊ အဖွဲ့ဝင်များအဖြစ် ဒေါက်တာမောင်မောင်သိန်း(ဒုတိ ယ၀န်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦထွန်းထွန်းဦး(ဒုတိယရှေ့နေချုပ် ပြည်ထောင်စုရှေ့နေချုပ်ရုံး) နှင့်လက်ရှိ မြန်မာနိုင်ငံ တော် ဗဟို ဘဏ် ဒုတိယ ဥက္ကဋ္ဌများနှင့် အ တွင်းရေးမှူးအဖြစ် ဒေါ်မေတိုးလွင်(ညွှန်ကြားရေး၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်)တို့ပါဝင်သည်။

သို့သော် အဆိုပါရွေးချယ် ရေးအဖွဲ့တွင် လွှတ်တော်ကိုယ် စားလှယ်များ၊ ပြင်ပမှ ဘဏ်လုပ်ငန်းဆိုင်ရာ များနှင့် စီးပွားရေးပညာရှင်များမပါဝင်ပေ။

‘‘နိုင်ငံခြားဘဏ်တွေဖွင့်ဖို့အ တွက်က ရွေးချယ်မှာနဲ့ တင်ပြမှာ နဲ့ဆိုတော့ အနည်းဆုံး သုံးလ လောက် တော့ကြာ ဦးမယ် ထင် တယ်’’ဟု မြန်မာရှေ့ဆောင် ဘဏ် ဒုတိယအုပ်ချုပ်ရေးဒါရိုက်တာဦး ကျော်စိုးမင်း ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင် ငံခြားဘဏ်များမှဘဏ်ခွဲဖွင့်လှစ် နိုင်ရန်ရုံးခန်း လာရောက်ဖွင့်လှစ် ထားသော ဘဏ်ကိုယ်စားလှယ်  ရုံးခွဲ ၃၅ခုရှိသည်။

The Voice Weekly

No comments:

Post a Comment