Monday 26 May 2014

ဒေသတွင်း နိုင်ငံများ၏ နိုင်ငံရေး အခြေအနေကြောင့် မြန်မာသို့ ရင်းနှီးမြှုပ်နှံမှု ရွေ့နိုင်ဟုဆို

ဒေသတွင်း နိုင်ငံများ၌ လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကြောင့် ဒေသတွင်း ရင်း နှီးမြှုပ်နှံ မှု အချို့သည် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလာနိုင်ဖွယ် ရှိကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် အချို့ က ပြောကြားသည်။
ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေခြင်း၊ ဗီယက်နမ်နိုင်ငံတွင် လည်း တောင် တရုတ် ပင်လယ်အရေးနှင့် ဆက်စပ်၍ တရုတ်နိုင်ငံနှင့် တင်းမာမှု မြင့်တက်လာခြင်း တို့ကြောင့် စီးပွားရေးသမားများက မတည်ငြိမ်သည့် နေရာများ၌ ရင်းနှီးမြှုပ်နှံရန် လက်ရှောင်ကြ မည် ဖြစ်ကြော င်း မြန် မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြား သည်။

၁၉၉၇ ခုနှစ်ခန့်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ဗီယက်နမ်နိုင်ငံသို့ ရွှေ့ပြောင်းသွားသည့် သာဓက များ ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ထောက်ပြသည်။

“ဒီမှာ ကောင်းရင်တော့ ရွှေ့လာမှာပေါ့။ အထည်ချုပ်ကတော့ တော်တော်များ ရွှေ့လာပါပြီ။ သူက အရင်း နည်း တယ်လေ” ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဆိုသည်။

မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂ၏ တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့် ရရှိထားခြင်းကြောင့် ထိုင်းနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများသည် ရွှေ့ပြောင်းလာလျက် ရှိပြီး ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု အချိန်ကြာမြင့်နေ ပါက ပိုမို ဝင်ရောက်လာနိုင်ကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံရေး အကျပ်အတည်းကြောင့် ရေထွက်ကုန် ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများလည်း မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံလာနိုင်ကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ စာရင်းများအရ ပြည်တွင်း၌ အများဆုံး ရင်းနှီးမြှုပ်နှံသည့် ထိပ်တန်း ၁၀ နိုင်ငံ စာရင်းတွင် ဒေသတွင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်သည်။

လတ်တလောတွင် ထိုင်း၊ ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက နိုင်ငံရေး တည်ငြိမ်နေသည်ဟု ဆိုနိုင်သော် လည်း မြန်မာ့နိုင်ငံရေး ရှေ့ခရီး မသေချာ မရေရာမှုများ ရှိနေသေးခြင်း၊ အခြေခံအဆောက်အဦ ချို့တဲ့ခြင်း၊ အိမ်၊ ခြံ၊ မြေဈေး မိုးထောင်နေခြင်း၊ ဘဏ်စနစ် ချို့တဲ့ခြင်းတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အဓိက ခေါင်းခဲ စရာ ဖြစ်နေသေးသည်။

The Voice Weekly

No comments:

Post a Comment