Monday 26 May 2014

အရပ်ဘက် လူ့အဖွဲ့အစည်း ၃၀ ကျော်က လူဦးရေ ၃၀၀၀ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်

Photo: အရပ်ဘက် လူ့အဖွဲ့အစည်း ၃၀ ကျော်က လူဦးရေ ၃၀၀၀ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်
Monday, May 26, 2014

နိုင်ငံရေးတက်ကြွလှုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်း ၃၅ ဖွဲ့က လူဦးရေ ၃ဝဝဝ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို မေ ၂၅ ရက် ညနေ ၃ နာရီတွင် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့၌ ပြုလုပ်ခဲ့သည်။

ဆန္ဒပြရန်အတွက် သာကေတ ရုပ်ရှင်ရုံရှေ့နှင့် သာကေတကျောက်တိုင်တို့တွင် လူစု၍ နှစ်ဖွဲ့ခွဲကာ ဒေါပုံမြို့နယ် ဘောလုံးအားကစားကွင်းသို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက “ပုဒ်မ ၄၃၆ ချက်ခြင်းပြင်၊ ပုဒ်မ ၅၉ (စ) အလိုမရှိ၊ ပုဒ်မ ၆(စ) အလိုမရှိ” ဟု ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒို့အရေး”၊ “စစ်ကျွန်ဘဝ လွတ်မြောက်ရေး ၄၃၆ ကို ပြင်ဆင်ပေး ဒို့အရေး”၊ “တိုင်းရင်းသား တန်းတူညီမျှမှု ရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး”၊ “ဒီမိုကရေစီရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး” နှင့် “စားဝတ်နေရေး ပြေလည်ရေး အခြေခံဥပဒေပြင်ဆင်ပေး ဒို့အရေး” ဟူသော ကြွေးကြော်သံများကို ရွတ်ဆိုပြီး ဆန္ဒပြခဲ့ကြရာ လမ်းတစ်လျှောက် လက်ခုပ်တီး အားပေးသူများနှင့် စိတ်ပါဝင်စားသူများ ထပ်မံပါဝင်ခဲ့ကြသည်။

ထို့နောက် ဆန္ဒပြသည့် အဖွဲ့နှစ်ဖွဲ့မှာ ဒေါပုံမြို့နယ် အားကစားကွင်း၌ စုရုံးကြပြီး ၄၃၆ ပြင်ဆင်ရေး ဟောပြောမှုများကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်အနေနဲ့ လက်ရှိဖွဲ့စည်းပုံ အခြေအခံဥပဒေဟာ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ မပေးနိုင်ဘူးလို့ ထင်မြင်တယ်။ ဒီမိုကရေစီ အစစ်အမှန်ဆိုရင် ပြည်သူလူထုမှာပဲ အာဏာရှိရမယ်။ အခုဟာက စစ်တပ်ကို အာဏာအများဆုံးပေးထားတဲ့ ဥပဒေတွေ ပါဝင်နေတယ်။ ပြီးတော့ စပြီးရေးဆွဲကတည်းက ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ကို ကောက်ခံခြင်းမရှိခဲ့တဲ့ ဥပဒေဖြစ်နေလို့ ဆန္ဒပြတာပါ။ ဘယ်သူ့အတွက်ရယ်ဆိုပြီး ဆန္ဒပြတာ မဟုတ်ပါဘူး။ နိုင်ငံသား အခွင့်အရေး အပြည့်အဝမရှိတဲ့ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ချင်တဲ့အတွက် အခုဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် သာကေတမြို့နယ်နေ ကိုမြင့်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် အရပ်ဘက် လူ့အဖွဲ့စည်း ၃၅ ဖွဲ့မှာ Generation Wave၊ Yangon School of Political၊ We Generation၊ ဒီမိုကရေစီ အင်အားစု၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ရန်ကုန်လူငယ်များ အစည်းရုံး၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ အခြားနိုင်ငံရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့စည်းများနှင့် စိတ်ပါဝင်စားသူများ ပါဝင်ခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို ကိုယ်စားပြု၍ ခရိုင်လုံးကျွတ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြပွဲကို တရားဝင် ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲများအနက် လူအင်အားအများဆုံး ဆန္ဒပြမှုဖြစ်ခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၂ မြို့နယ် ရှိသည့်အနက် ထက်ဝက်ကျော် ဆန္ဒထုတ်ဖော်ပြီးဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်နေမှုအား မေ ၂၅ ရက်က တွေ့ရစဥ
ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်နေမှုအား မေ ၂၅ ရက်က တွေ့ရစဉ်
နိုင်ငံရေးတက်ကြွလှုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်း ၃၅ ဖွဲ့က လူဦးရေ ၃ဝဝဝ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို မေ ၂၅ ရက် ညနေ ၃ နာရီတွင် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့၌ ပြုလုပ်ခဲ့သည်။

ဆန္ဒပြရန်အတွက် သာကေတ ရုပ်ရှင်ရုံရှေ့နှင့် သာကေတကျောက်တိုင်တို့တွင် လူစု၍ နှစ်ဖွဲ့ခွဲကာ ဒေါပုံမြို့နယ် ဘောလုံးအားကစားကွင်းသို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက “ပုဒ်မ ၄၃၆ ချက်ခြင်းပြင်၊ ပုဒ်မ ၅၉ (စ) အလိုမရှိ၊ ပုဒ်မ ၆(စ) အလိုမရှိ” ဟု ရေးသား ထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒို့အရေး”၊ “စစ်ကျွန်ဘဝ လွတ်မြောက်ရေး ၄၃၆ ကို ပြင်ဆင်ပေး ဒို့အရေး”၊ “တိုင်းရင်းသား တန်းတူညီမျှမှု ရရှိရေး အခြေခံ ဥပဒေ ပြင်ဆင်ပေး ဒို့အရေး”၊ “ဒီမိုကရေစီရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး” နှင့် “စားဝတ်နေရေး ပြေလည်ရေး အခြေခံဥပဒေပြင်ဆင်ပေး ဒို့အရေး” ဟူသော ကြွေးကြော်သံများကို ရွတ်ဆိုပြီး ဆန္ဒပြခဲ့ကြရာ လမ်းတစ်လျှောက် လက်ခုပ်တီး အားပေးသူများနှင့် စိတ်ပါဝင်စားသူများ ထပ်မံပါဝင်ခဲ့ကြသည်။

ထို့နောက် ဆန္ဒပြသည့် အဖွဲ့နှစ်ဖွဲ့မှာ ဒေါပုံမြို့နယ် အားကစားကွင်း၌ စုရုံးကြပြီး ၄၃၆ ပြင်ဆင်ရေး ဟောပြောမှု များကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်အနေနဲ့ လက်ရှိဖွဲ့စည်းပုံ အခြေအခံဥပဒေဟာ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ မပေးနိုင် ဘူး လို့ ထင်မြင်တယ်။ ဒီမိုကရေစီ အစစ်အမှန်ဆိုရင် ပြည်သူလူထုမှာပဲ အာဏာရှိရမယ်။ အခုဟာက စစ်တပ်ကို အာဏာအများဆုံးပေးထားတဲ့ ဥပဒေတွေ ပါဝင်နေတယ်။ ပြီးတော့ စပြီးရေးဆွဲကတည်းက ပြည်သူ တွေရဲ့ ဆန္ဒအစစ်အမှန်ကို ကောက်ခံခြင်းမရှိခဲ့တဲ့ ဥပဒေဖြစ်နေလို့ ဆန္ဒပြတာပါ။ ဘယ်သူ့ အတွက်ရယ် ဆိုပြီး ဆန္ဒပြတာ မဟုတ်ပါဘူး။ နိုင်ငံသား အခွင့်အရေး အပြည့်အဝမရှိတဲ့ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ချင်တဲ့အတွက် အခုဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် သာကေတမြို့နယ်နေ ကိုမြင့်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် အရပ်ဘက် လူ့အဖွဲ့စည်း ၃၅ ဖွဲ့မှာ Generation Wave၊ Yangon School of Political၊ We Generation၊ ဒီမိုကရေစီ အင်အားစု၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့၊ ရန်ကုန်လူငယ်များ အစည်းရုံး၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ အခြားနိုင်ငံရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့စည်းများနှင့် စိတ်ပါဝင်စားသူများ ပါဝင်ခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို ကိုယ်စားပြု၍ ခရိုင်လုံးကျွတ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြပွဲကို တရားဝင် ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲများအနက် လူအင်အားအများဆုံး ဆန္ဒပြမှုဖြစ်ခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၂ မြို့နယ် ရှိသည့်အနက် ထက်ဝက်ကျော် ဆန္ဒထုတ်ဖော်ပြီးဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

No comments:

Post a Comment