Monday 26 May 2014

မြ၀တီ-မဲဆောက်ကုန်သွယ်ရေးရပ်တန့်လုဖြစ်

ထိုင်းနိုင်ငံတွင် စစ်တပ် မှ အာဏာသိမ်းပြီးနောက် မြ၀တီ -မဲဆောက်ချစ်ကြည်ရေးတံတား အနီးရှိ လှေဆိပ် များ ကို ပိတ်လိုက် သဖြင့် နှစ်ဖက်ကုန်သွယ်မှုမှာ ရပ်တန့်လုနီးပါးဖြစ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းစစ်တပ်က အာဏာ သိမ်း ပြီးနောက် မြ၀တီ-မဲဆောက်ချစ်ကြည်ရေးတံတားကို ဖွင့် ပေးထားသော် လည်း အဓိကကုန် စည်ပို့ဆောင်ပေးနေသည့် လှေဆိပ်များကို ထိုင်းဘက်အခြမ်းမှ ပိတ်လိုက်သဖြင့် ကုန်သွယ်မှု ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမြို့ခံကုန်သည်များကဆို သည်။ ‘‘သုံးရက်ရှိပြီ။ လေဆိပ်မှာ ခြောက်ကပ်နေတာ’’ဟု မြ၀တီ မြို့ခံတစ်ဦးဖြစ်သူ မန်းမျိုးမြင့်က ပြောသည်။ 

လှေဆိပ်များမှ ကုန်သွယ် ရေးပြုလုပ်ပါက ဘန်ကောက် မြို့မှ တင်ဆောင်လာသော ကား များမှာ ကား တစ်ဆင့် ချိန်းရန် မလိုဘဲ လှေဆိပ်တွင် တိုက်ရိုက် ကုန်ချနိုင်ပြီး မြန်မာဘက်မှ ကုန် သည်များကလည်း ကားများကို သက်ဆိုင်ရာလှေဆိပ်များတွင် ရပ်နားကာ တိုက်ရိုက်ကုန်တင်နိုင်သောကြောင့် ကုန်ကျစရိတ် များစွာ သက်သာသဖြင့် လှေဆိပ်များ မှသာအဓိက ကုန်သွယ်ကြ သည်။တံတားပေါ် ဖြတ်သန်းပါက ကုန်ကား တစ်စီးလျှင် ၁၅ တန်သာခွင့်ပြုသဖြင့် ဘန်ကောက်မှ လာသည့်ကားများမှာ လှေဆိပ် များ၌သာ အဓိကကုန်သွယ်ကြရသည်။ တရားဝင်လမ်းကြောင်းဖြင့်သွားသော ကုန်ကားအနည်းငယ်သာ မြ၀တီ ချစ်ကြည်ရေး တံ တားမှဖြတ်သန်းကြသည်။ 

‘‘ထိုင်းဘက်က ရက်ရှည် ပိတ်လိုက်မယ်ဆိုရင်တော့ မြန်မာ နိုင်ငံထဲမှာ ထိုင်းကုန်ပစ္စည်းတွေ ဈေး အဆမတန် ထိုးတက်သွားနိုင် တယ်’’ဟု မြ၀တီမြို့ခံဦးအောင် ၀င်းကပြောသည်။ 

မြ၀တီ-မဲဆောက်ချစ်ကြည် ရေးတံတားအနီးရှိ လှေဆိပ်များ ကို  တစ်လခန့်ပိတ်ထားနိုင် ကြောင်း မြ၀တီမြို့ခံကုန်သည် များက ခန့်မှန်းထားသည်။

7Day DAILY

No comments:

Post a Comment