Monday 26 May 2014

ထီတစ်စောင်တန်ဖိုး တိုးမြှင့်ရန် စီစဉ် ဆုကြေးငွေတိုးမြှင့်ရန်နှင့် e-lottery စနစ် ကျင့်သုံးရန် ပြင်ဆင်

အောင်ဘာလေထီ ဈေးကွက်တည်ငြိမ်စေရေးနှင့် ဆုကြီးများထွက်ရှိရေးအတွက် ထီစနစ်ပြောင်းလဲရန် ကြိုးပမ်းနေပြီး ထီတစ်စောင်တန်ဖိုးကိုလည်း တိုးမြှင့်ရန် စီစဉ်နေသည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က မဇ္ဈိမကို ပြောသည်။ 

လက်ရှိထီတစ်စောင်တန်ဖိုးမှာ အစိုးရ ရောင်းဈေး၂၀၀ ဖြစ်ကာ ထီဆိုင်များက ၃၀၀ ကျပ်နှင့် ပြန်လည်ရောင်းချ လျက်ရှိ ပြီး ယင်းထက်ပို၍ မြင့်လာဖွယ်ရှိသည်။ 

ထီဈေးကွက်တွင် ၀ယ်လိုအားမြင့်တက်နေသည့်အတွက် ၀ယ်လိုအား လိုသလောက် ရောင်းချပေးနိုင်ရန် အက္ခရာ တိုးမြှင့်ပေးရန် ထီအသိုင်းအ၀ိုင်းမှ တင်ပြထားသည်ဟုလည်း ဦးသိန်းနိုင်ကဆိုသည်။
“ရောင်းလိုအား ၀ယ်လိုအားကို လိုသလောက်လုပ်ပေးတယ်။ ၀ယ်လိုအား တင်ပြတယ်။ ယုံလို့မရဘူး။ အာ မခံကြေးတင်ဖို့ ပြောတယ်။ တင်ပြီးတဲ့အခါကျရင် ထီအလုံးရေ ကျစ်သွားအောင် ထီတစ်စောင် တန်ဖိုးမြင့် ဖို့ရှိတယ်” ဟု ၎င်းကပြောသည်။ 

အောင်ဘာလေသိန်းဆုဌာနခွဲမှ လိုအပ်သော နံပါတ်များကို လိုသလိုပြောင်းလဲရန်၊ လက်ရှိ ထီဆုကြီး ကျပ် သိန်း ၁၅၀၀ ထက် ပိုမိုစိတ်ဝင်စားမှုရှိသော ဆုကြီးများ ပေါ်ပေါက်လာရန်၊ စနစ်တကျစီစဉ်ထား ခြင်းမ ရှိသော ဆုမဲများထွက်ရှိရန်နှင့် e-Lottery စနစ်ပြောင်းလဲရန် စီစဉ်နေသည်ဟုဆိုသည်။ 

လစဉ်ထီထိုးသူတစ်ဦးဖြစ်သူ ဦးမြင့်အေးက “မင်္ဂလာစုံတွဲက ထီဖွင့်ပွဲနီးလေ ဈေးနှုန်းကြီးလေဖြစ်တယ်။ ဒီခေတ်မှာ ဆုကြီးကိုလည်း ထပ်တိုးပေးဖို့လိုနေပြီ။ ဆင်းရဲမှုလျှော့ချဖို့အတွက် ထီဆုသေးထက် ဆု ကြီးများ များပေးရင် ပိုကောင်းမယ်” ဟု ဆိုသည်။ 

လက်ရှိ ထီဈေးနှုန်းကြီးမြင့်နေခြင်းမှာ ရောင်းမကုန်သည့် ထီကို အောင်ဘာလေ သိန်းဆုဌာနခွဲမှ ပြန်ပြီး လက်မခံသည့်အတွက် ထီရောင်းသူနှင့် ထီထိုးသူတို့ နှစ်ဦးခံနေရသည့်အတွက် ထီဈေးနှုန်းမြင့်နေခြင်း၊ မင်္ဂလာစုံတွဲကို လူကြိုက်များသည့်အတွက် ဈေးနှုန်းမြင့်နေခြင်းတို့ ဖြစ်သည်။ 

သားကောင်းရတနာထီဆိုင်မှ ပိုင်ရှင်ဦးစိုးမြင့်သိန်းက “ထီတစ်စောင် ကျပ် ၅၀၀ တိုးလိုက်ရင် ဘယ်သူမှ တိုးပြီးရောင်းလို့ မရတော့ဘူး။ ထီ ၁၁ စောင် တစ်အုပ်မှာ ကိုယ်စားလှယ်က ၅၀၀ မြတ်နေပြီလေ။ စာရွက် နဲ့လုပ်တဲ့ ထီစနစ်ကနေ e-Lottery ပြောင်းမယ်ဆိုရင် ထီတစ်စောင် ၅၀၀ ဖြစ် လာရင်လည်း ပိုရောင်း လို့မရဘူးပေါ့။ ကမ္ဘာသုံးတဲ့ စနစ်ယူပြီး သုံးရင်အောင်မြင် မှာပါ” ဟု ပြောသည်။ 

၂၀၁၄ ခုနှစ် ဇွန် ၁ ရက်တွင် ဖွင့်လှစ်မည့် ၃၀၅ ကြိမ်မြောက် ထီဖွင့်ပွဲအ တွက် အက္ခရာ ၃၀ လုံး ရောင်းချ ပြီး ဆုမဲ စုစုပေါင်း ၂၃၄၆၃ ဆု ချီးမြှင့်သွားမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment