Monday 26 May 2014

ပူစပ်သည့် ဟင်းလျာများ စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုရှည် စေနိုင်ဟု သိပ္ပံ ပညာရှင်များ ပြောကြား

Photo: ပူစပ်သည့် ဟင်းလျာများ စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုရှည် စေနိုင်ဟု သိပ္ပံ ပညာရှင်များ ပြောကြား
Monday, May 26, 2014  

ပူစပ်သည့် ဟင်းလျာများကို စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုမိုရှည်လျား စေနိုင်သည်ဟု လေ့လာတွေ့ရှိချက် စာစောင် တစ်ခုတွင် ရေးသားဖော်ပြ ထားသည်။

ပူစပ်သည့် ဟင်းလျာများတွင် ပါဝင်သော ငရုတ်သီးများ၏ နာကျင်မှုကို ဟန့်တားနိုင်စွမ်းရှိသည့် စွမ်းရည်သည် လူ့ဘဝ သက်တမ်းကို ပို၍ ရှည်စေကြောင်း သိပ္ပံ ပညာရှင်များက ပြောကြားထားပြီး ကြွက်များတွင် စမ်းသပ် မှု ပြုလုပ်ပြီးနောက် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိရစ္ဆာန် များတွင် နာကျင်မှုဒဏ်ကို ခံစားနိုင်သည့်ျTRPV1 ပရိုတင်းကို မထုတ်လုပ် နိုင်ခြင်းသည် ၎င်းတို့ ပို၍ အသက်ရှည်ရသည့် အကြောင်းရင်း ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း၊ တိရစ္ဆာန်များသည် လူသားများထက် ပို၍ ကျန်းမာမှု ရှိသည့်အပြင် ၁၄ ရာခိုင်နှုန်းခန့် ပို၍ အသက်ရှည်ကြကြောင်း သိပ္ပံပညာရှင် များက ပြောကြားသည်။

ထို့ကြောင့် နာကျင်သည့် ခံစားမှု အချက်ပြ မှုများအား ဦးနှောက်သို့ ပေးပို့မှုကို ဟန့်တား နိုင်စွမ်းရှိသည့် ငရုတ်သီးများ၏ စွမ်းရည်ကြောင့် အစပ်ချက်ထားသော ဟင်းလျာများကို စားသုံးသူများသည် သက်တမ်း ပို ရှည်နိုင်ကြောင်း၊ ထို့အပြင် ထိုကဲ့သို့ စားသုံးခြင်းသည် အဝလွန်ခြင်းနှင့် ဆီးချို ရောဂါများကိုလည်း ကာကွယ် ပေးနိုင် သည်ဟု ယူဆ ရကြောင်း သိပ္ပံပညာ ရှင်တစ်ဦးဖြစ်သူ အန်ဒရူး ဒိုင်လန်က ပြောကြားသည်။

မြ၀တီ
ပူစပ်သည့် ဟင်းလျာများကို စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုမိုရှည်လျား စေနိုင်သည်ဟု လေ့လာတွေ့ ရှိ ချက် စာစောင် တစ်ခုတွင် ရေးသားဖော်ပြ ထားသည်။

ပူစပ်သည့် ဟင်းလျာများတွင် ပါဝင်သော ငရုတ်သီးများ၏ နာကျင်မှုကို ဟန့်တားနိုင်စွမ်းရှိသည့် စွမ်းရည် သည် လူ့ဘဝ သက်တမ်းကို ပို၍ ရှည်စေကြောင်း သိပ္ပံ ပညာရှင်များက ပြောကြားထားပြီး ကြွက်များတွင် စမ်းသပ် မှု ပြုလုပ်ပြီးနောက် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိရစ္ဆာန် များတွင် နာကျင်မှုဒဏ်ကို ခံစားနိုင်သည့်ျTRPV1 ပရိုတင်းကို မထုတ်လုပ် နိုင်ခြင်းသည် ၎င်းတို့ ပို၍ အသက်ရှည်ရသည့် အကြောင်းရင်းဖြစ်နိုင်သည်ဟု ယူဆရကြောင်း၊ တိရစ္ဆာန်များသည် လူသားများ ထက် ပို၍ ကျန်းမာမှု ရှိသည့်အပြင် ၁၄ ရာခိုင်နှုန်းခန့် ပို၍ အသက်ရှည်ကြကြောင်း သိပ္ပံပညာရှင် များက ပြောကြားသည်။

ထို့ကြောင့် နာကျင်သည့် ခံစားမှု အချက်ပြ မှုများအား ဦးနှောက်သို့ ပေးပို့မှုကို ဟန့်တား နိုင်စွမ်းရှိသည့် ငရုတ်သီးများ၏ စွမ်းရည်ကြောင့် အစပ်ချက်ထားသော ဟင်းလျာများကို စားသုံးသူများသည် သက်တမ်း ပို ရှည်နိုင်ကြောင်း၊ ထို့အပြင် ထိုကဲ့သို့ စားသုံးခြင်းသည် အဝလွန်ခြင်းနှင့် ဆီးချို ရောဂါများကိုလည်း ကာကွယ် ပေးနိုင် သည်ဟု ယူဆ ရကြောင်း သိပ္ပံပညာ ရှင်တစ်ဦးဖြစ်သူ အန်ဒရူး ဒိုင်လန်က ပြောကြားသည်။

မြ၀တီ

No comments:

Post a Comment