Monday 26 May 2014

တိုင်းရင်းသား ခေါင်းဆောင်များ ဇွန်လ နောက်ဆုံးပတ် တွေ့မည်

ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ UPWC နှင့် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား ဆွေးနွေးသည့် အပစ်ခတ်ရပ်စဲရေး စာချုပ်ဆိုင်ရာ မဆုံးဖြတ်နိုင်သေးသည့်ကိစ္စများကို ဆုံးဖြတ်ရန် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ဇွန်လနောက်ဆုံးပတ်တွင်တွေ့ဆုံရန်ရှိသည်ဟု NCCT ဒုတိယ ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက မေ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။ 

 “နေရာကိုတော့အတိအကျမရွေးရသေးပါဘူး။ဒီကိစ္စကိုလည်း ဦးအောင်မင်းတို့ဘက်ကိုပြောထားပြီး သူတို့ ဘက်ကလည်း ကူညီနိုင်တာကူညီမယ်လို့ ပြောထားပါတယ်” ဟု ဆိုသည်။ အစိုးရနှင့် မေလ ၂၂ ရက်မှ ၂၄ ရက်ထိ သုံးရက်တိုင် တွေ့ဆုံပြီးနောက်ယင်းသို့ စီစဉ်ခြင်းဖြစ်သည်။ 

လက်ရှိတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်မှ စာသားအသုံးအနှုန်းနှင့် မူဝါဒရေးရာ ညှိနှိုင်းမှုများ သာ ဆုံးဖြတ်ရန် ကျန်ရှိတော့သည်ဟု ၎င်းကအသိပေးသည်။ သို့သော် ယခုတွေ့ဆုံခြင်းသည် တတိယ အကြိမ်မြောက် တိုင်းရင်းသားညီလာခံ ကျင်းပခြင်းတော့မဟုတ်ဟုဆိုသည်။ 

တိုင်းရင်းသားခေါင်းဆောင်တို့သည် ၂၀၁၃ခုနှစ် နိုဝင်ဘာ၌ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာတွင်တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၀ မှ ၂၇ ရက်ထိ ကရင်ပြည်နယ်အတွင်း တစ်ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ 

သို့သော် “၀” ပြည်သွေးစည်းရေး တပ်မတော် (UWSA) ၊အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS)၊ ရှမ်း ပြည် ပြန်လည်ထူထောင်ရေးတပ်မတော်(RCSS) နှင့် နာဂအမျိုးသားကောင်စီ (NSCN) တို့မှ ကိုယ်စားလှယ်များ တက်မတက်မှာမူ မေသခ်ာေ

Mizzima - News in Burmese 

No comments:

Post a Comment