Wednesday 28 May 2014

ရေခဲစက် အမိုးနီးယား ဓာတ်ငွေ့အိုး ယိုစိမ့်ပေါက်ကွဲရာမှ ငါးဦးဆေးရုံရောက်

Photo: ရေခဲစက် အမိုးနီးယား ဓာတ်ငွေ့အိုး ယိုစိမ့်ပေါက်ကွဲရာမှ ငါးဦးဆေးရုံရောက်
Wednesday, May 28, 2014

ရန်ကုန်မြို့ လှိုင်မြို့နယ် ရှိ ရေခဲစက်တစ်ခုတွင် အမိုးနီး ယားဓာတ်ငွေ့အိုး ယိုစိမ့်ကာ ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် ကလေးငယ်နှစ်ဦး အပါအ၀င် လူငါးဦး အသက်ရှူကျပ်၍ ဆေးရုံ သို့တင်ထားရကြောင်း သတင်း ရရှိသည်။

မေလ ၂၇ ရက် နံနက် အ စောပိုင်း (မေလ ၂၆ ရက် သန်း ခေါင်ယံအကျော်) အချိန်က လှိုင် မြို့နယ်၊ အမှတ် ၇ ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် ရေခဲစက်တွင် အပို ထားသော အမိုးနီးယားဓာတ်ငွေ့ အိုးမှ ဓာတ်ငွေ့များယိုစိမ့်ကာ ပေါက်ကွဲမှု ဖြစ်ခဲ့သောကြောင့် စက်ရုံခေါင်မိုးသွပ်ပွင့်ထွက်သွား ကြောင်း သတင်းရရှိသည်။

အဆိုပါ ဓာတ်ငွေ့အိုးပေါက် ကွဲမှုကြောင့် အသက် ခြောက်နှစ် နှင့် လေးနှစ် အရွယ် ယောက်ျားလေးနှစ်ဦး အပါအ၀င် ရေခဲစက်အလုပ်သမား မိသားစု တစ်စုနှင့် ရေခဲစက်အလုပ်သမား အမျိုးသားတစ်ဦး စုစုပေါင်းငါးဦးသည် ဓာတ်ငွေ့များ ရှူရှိုက်မိကာ အသက်ရှူမွန်းကျပ်၍ မူးမေ့သွား ခဲ့ကြသည်။

‘‘ကလေးနှစ်ယောက်ကအလုပ်သမားတွေရဲ့သားတွေပါ။ သူတို့မိသားစု တစ်စုလုံး ဆေးရုံတင်ခဲ့ရပြီး ဖခင်ကတော့ စိုးရိမ်ရတယ်လို့ သိရတယ်’’ ဟု လှိုင်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက မေလ ၂၇ ရက်တွင် ပြောသည်။

အလုပ်သမားတစ်ဦးသည် ပေါက်ကွဲသည့် အရှိန်ကြောင့် မျက်နှာနှင့် ခါးတို့၌ ဒဏ်ရာရရှိခဲ့ သည်။ ဒဏ်ရာရသူအားလုံးကို ရန်ကုန်ဆေးရုံကြီးတွင် ဆေးကု သပေးနေပြီး အမျိုးသားကြီးတစ် ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိ ကာ ကျန်လေးဦးမှာ စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်း သတင်းရရှိ သည်။

ယင်းသို့ ဖြစ်ပွားခဲ့သည့်အ တွက် ရေခဲစက်တာဝန်ခံကို လှိုင်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၈၆/၃၃ ဖြင့် အမှုဖွင့်အ ရေးယူဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

အလားတူဖြစ်ရပ်မျိုး ၂၀၁၁ ခုနှစ်က လှိုင်မြို့နယ်၊ အင်းစိန်- လှည်းတန်း လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ပြီး အသက်ရှူကျပ်ခဲ့သည့် အအေးခန်းစက်ရုံမှ ၀န်ထမ်းများ ဆေးဝါး ကုသမှု ခံယူခဲ့ရသည်။

http://www.7daydaily.com/
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ရေခဲစက်တစ်ခုတွင် အမိုးနီးယားဓာတ်ငွေ့အိုးယိုစိမ့်ကာ ပေါက်ကွဲမှုဖြစ် ပွားသော ကြောင့် ကလေးငယ်နှစ်ဦး အပါအ၀င် လူငါးဦး အသက်ရှူကျပ်၍ ဆေးရုံ သို့တင်ထားရကြောင်း သတင်း ရရှိသည်။

မေလ ၂၇ ရက် နံနက် အ စောပိုင်း (မေလ ၂၆ ရက် သန်း ခေါင်ယံအကျော်) အချိန်က လှိုင် မြို့နယ်၊ အမှတ် ၇ ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် ရေခဲစက်တွင် အပို ထားသော အမိုးနီးယားဓာတ်ငွေ့ အိုးမှ ဓာတ်ငွေ့များယိုစိမ့်ကာ ပေါက်ကွဲမှု ဖြစ်ခဲ့သောကြောင့် စက်ရုံခေါင်မိုးသွပ်ပွင့်ထွက်သွား ကြောင်း သတင်းရရှိသည်။

အဆိုပါ ဓာတ်ငွေ့အိုးပေါက် ကွဲမှုကြောင့် အသက် ခြောက်နှစ် နှင့် လေးနှစ်အရွယ် ယောက်ျားလေးနှစ်ဦး အပါအ၀င် ရေခဲစက်အလုပ်သမား မိသားစု တစ်စုနှင့် ရေခဲစက်အလုပ်သမား အမျိုးသားတစ်ဦး စုစုပေါင်းငါးဦးသည် ဓာတ်ငွေ့များ ရှူရှိုက်မိကာ အသက်ရှူမွန်းကျပ်၍ မူးမေ့သွား ခဲ့ကြသည်။

‘‘ကလေးနှစ်ယောက်ကအလုပ်သမားတွေရဲ့သားတွေပါ။ သူတို့မိသားစုတစ်စုလုံး ဆေးရုံတင်ခဲ့ရပြီး ဖခင်ကတော့ စိုးရိမ်ရတယ်လို့ သိရတယ်’’ ဟု လှိုင်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက မေလ ၂၇ ရက်တွင် ပြောသည်။

အလုပ်သမားတစ်ဦးသည် ပေါက်ကွဲသည့်အရှိန်ကြောင့် မျက်နှာနှင့် ခါးတို့၌ ဒဏ်ရာရရှိခဲ့ သည်။ ဒဏ်ရာရသူ အားလုံးကို ရန်ကုန်ဆေးရုံကြီးတွင် ဆေးကု သပေးနေပြီး အမျိုးသားကြီးတစ် ဦးမှာ စိုးရိမ်ရသည့်အခြေ အနေရှိ ကာ ကျန်လေးဦးမှာ စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်း သတင်းရရှိ သည်။

ယင်းသို့ ဖြစ်ပွားခဲ့သည့်အ တွက် ရေခဲစက်တာဝန်ခံကို လှိုင်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၈၆/၃၃ ဖြင့် အမှုဖွင့်အ ရေးယူဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

အလားတူဖြစ်ရပ်မျိုး ၂၀၁၁ ခုနှစ်က လှိုင်မြို့နယ်၊ အင်းစိန်- လှည်းတန်းလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ပြီး အသက်ရှူ ကျပ်ခဲ့သည့် အအေးခန်းစက်ရုံမှ ၀န်ထမ်းများ ဆေးဝါး ကုသမှု ခံယူခဲ့ရသည်။

http://www.7daydaily.com/

No comments:

Post a Comment