Friday 30 May 2014

တရားရုံးရှေ့ ခဲနဲ့ပေါက်သတ်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

အခုရက်ပိုင်း ကမ္ဘာ့မီဒီယာပေါ် ဟိုးလေးတကြော်ဖြစ်နေတာကတော့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ အသက် ၂၅ နှစ် အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးကို သူ့မိသားစုဆွေမျိုးတွေက သူတို့ သဘောမကျတဲ့ အမျိုးသားနဲ့ အိမ်ထောင်ပြုလို့ဆိုပြီး လာဟိုးမြို့ တရားရုံးရဲ့ ရှေ့မှာ ခဲနဲ့ ပစ်ပေါက်သတ်ခဲ့တဲ့သတင်းပါဘဲ
အင်္ဂါနေ့ နေ့လယ်ပိုင်းက လာဟိုးဗဟို တရားရုံးရှေ့မှာ သေဆုံးသွားသူနဲ့ သူ့ ခင်ပွန်းတို့က စောင့်ဆိုင်းနေ စဉ် သေဆုံးသူရဲ့ မိဘ၊ ညီအကို ဆွေမျိုး စုစုပေါင်း ၂ဝ လောက်က တုတ်တွေ၊ အုပ်ခဲတွေနဲ့ စတင်တိုက် ခိုက်ခဲ့ကြတာပါ။ 
ခဲနဲ့ ပေါက်သတ်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးရဲ့ ရုပ်အလောင်းနဲ့ မြင်ကွင်း၊ ဓာတ်ပုံ- ရိုက်တာ
သမီးဖြစ်သူ သေသွားပြီးနောက် ခဲနဲ့ ပစ်ပေါက် သတ်ခဲ့တဲ့ သူ့ဖခင်က လွဲလို့ ကျန်တဲ့ ဆွေမျိုး ညီအကို
မောင်နှမတွေက ထွက်ပြေးသွားကြတယ်လို့ ရဲက ပြောပါတယ်။
သေဆုံးသွားရတဲ့ ၃ လ ကိုယ်ဝန်ဆောင်ထားရသူ အမျိုးသမီးရဲ့ ခင်ပွန်းက ရဲဝန်ထမ်းတွေရက် မျက်စေ့
အောက် မှာပဲ ခဲနဲ့ ၀ိုင်းပြီး ပစ်ပေါက်ကာ အသေ သတ်ခဲ့တာလို့ ပြောဆိုထားပါတယ်။ ဒါဆို တရားဥပဒေ စိုးမိုးမှုက ဘာလဲ လို့ မေးခွန်းထုတ်ရမယ့် ကိစ္စ တခုလည်းဖြစ်ပါတယ်။
အမျိုးသမီးကို လူပုံအလယ် ခဲနဲ့ ပစ်ပေါက်သတ်ဖြတ်လို့ သေဆုံးသူ အမျိုးသမီး ရဲ့ ဖခင်နဲ့ ဆွေမျိုးတချို့ကို လည်း ဖမ်းဆီးလိုက်တယ်လို့ အယ်လ်ဂျာဇီးရား သတင်းတပုဒ်မှာ ဖော်ပြထားပါ တယ်။
ဖခင်ဖြစ်သူကတော့ သူ့သမီးဟာ သူတို့ မိသားစုဆွေမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ငြိုးနွမ်းအောင်လုပ်ခဲ့လို့ အခုလို ခဲနဲ့ ပစ် ပေါက်သတ်ခဲ့တာဖြစ်ပြီး ၀မ်းနည်းမှာ မဟုတ်ဘူးလို့ ပြောထားတာကို အယ်လ်ဂျာဇီးရားမှာ ဖတ်ရပါတယ်။ ကိုယ့်သမီးကိုယ် ခဲနဲ့ ပစ်ပေါက်သတ်တာတောင် သူတို့ အဆို Honor Killing လို့ ဆိုထား ပါသေးတယ်။
ပါကစ္စတန်နိုင်ငံက အမျိုးသမီးအများစုဟာ မိဘ၊ ဆွေမျိုးတွေ စီစဉ်တဲ့ အတိုင်း အိမ်ထောင်ပြုကြရပါတယ်။ ဒါပေမယ့် ကိုယ့်နှလုံးသားနဲ့ ကိုယ် ဆုံးဖြတ်ပြီး လက်ထပ်ခဲ့ကြလို့ အလားတူ သတ်ဖြတ်ခံရတဲ့ မိန်းကလေး
တွေလည်း မနည်းလှပါဘူး။
ယဉ်ကျေးပါတယ်ဆိုတဲ့ လူကမ္ဘာကြီးမှာ အခုလိုအမျိုးသမီးတယောက်ရဲ့ မိမိကြိုက်နှစ်သက်သူနဲ့ လက်ထပ် ထိမ်းမြား ပေါင်းသင်းတာကို အပြစ်တခုလို မြင်နေတဲ့ အစွန်းရောက် အယူသီးတဲ့ လုပ်ရပ်ဟာ မရှိသင့်ပါဘူး။
ဒါဟာ အတော်အကျည်းတန် အရုပ်ဆိုးတဲ့ ခေတ်သစ် ယဉ်ကျေးမှုထဲက မယဉ်ကျေးမှုတခုဖြစ်နေ တာ
ကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီး အခွင့်အရေး အဖွဲ့တွေ အနေနဲ့အလားတူ ဖြစ်ရပ် မျိုးတွေ နောက်ထပ်မဖြစ်ပေါ်စေရေး ကမ္ဘာတ၀န်း ဝိုင်းဝန်း ကြိုးစားသင့်ပါတယ်။
အိမ့်သံစဉ်
ဧရာဝတီ

No comments:

Post a Comment