Saturday 31 May 2014

နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမိုများပြားလာခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ၏ ပါဝင်ပတ်သက်မှုများကို ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်

နိုင်ငံသားအမည်ခံနိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမျိုားပြားလာခြင်းနှင့် ပတ်သက် ၍ ဌာနဆိုင်ရာပိုင်းမှ ပါဝင်ပတ်သက်မှုများ ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန်က ပြောကြားသည်။
မေ ၃၀ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို မေးမြန်း သည့်မေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သူရဦးအောင်ကိုက နိုင်ငံသားအမည် ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ယခင်အစိုးရ လက်ထက် ကပင်ရှိနေခဲ့ပြီး ယခု အစိုးရလက်ထက်တွင် ပိုမိုများပြားလာကြောင်း၊ ထိုသို့ လုပ်ဆောင်သော နိုင်ငံခြား သား များမှာ အာရှတိုက်မှအများဆုံးဖြစ်ပြီး ဥရောပတိုက် နိုင်ငံအချို့မှလည်း ပါဝင်နေကြောင်း၊ နိုင်ငံ သားအမည်ခံပေးသူအများစုသည် မြန်မာ အမျိုးသမီးများဖြစ်ကြပြီး လက်မထပ်ဘဲ အတူနေခြင်း (Living Together) များဖြစ်ကြကြောင်း၊ ထိုသို့ အမည်ခံစီးပွားရေးလုပ်ငန်း များတိုးပွားလာရခြင်းသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ၀န် ကြီးဌာနတွင် လာဘ်ပေးလာဘ်ယူအကျင့် ပျက်မှုများ ရှိနေသေးခြင်း၊ ဌာနဆိုင်ရာလုပ် ထုံးလုပ်နည်းများ အားနည်းနေခြင်းနှင့် တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ် ကွပ်ကဲမှု အား နည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် လုပ်ဆောင်နေသော မြန်မာနိုင်ငံသားအမည် ခံနိုင်ငံခြားသားများကို ဖော်ထုတ်အရေးယူ ပေးပါရန်၊ ပါဝင်ပတ်သက်နေသော တာဝန်ရှိ သူများကို အရေးယူရန်နှင့်အလားတူကိစ္စများ ထပ်မံမဖြစ်ပွားစေရေး စီမံကြီးကြပ်ပေးရန်ရှိ၊ မရှိသိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့သည်။

၎င်းကိစ္စများနှင့်ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြန် လည်ဖြေကြား ရာတွင် နိုင်ငံသား အမည်ခံနိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများကို တရားဝင်လမ်းကြောင်းပေါ် ရောက် ရှိစေရေးအတွက် ကော်မရှင်က ၂၀၁၂ ခုနှစ် တွင် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ကာ အမည်ခံလုပ်ငန်း များကို တရားဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် ပြောင်းလဲ ခွင့်ပေးခဲ့ရာလုပ်ငန်းပေါင်း ၂၉ ခု ပြောင်းလဲလာကြောင်း၊ သို့သော်အချို့လုပ်ငန်းများသည် နိုင်ငံသားအမည်ခံ၍ ဆက် လက်ဆောင် ရွက် နေဆဲဖြစ်ကြောင်း၊ နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံမှုများသည် အထည်ချုပ်လုပ် ငန်းများတွင်အများ အပြားရှိမည်ဟု သုံးသပ်ရ ကြောင်း၊ ထို့ကြောင့် အထည်ချုပ်လုပ်ငန်း များအား စစ်ဆေးခဲ့ရာ သံသယဖြစ် ဖွယ် ရှိ သည့်လုပ်ငန်း ၁၂ ခုခန့်ကို စိစစ်တွေ့ရှိရ ကြောင်း၊ ၎င်းင်းတို့အား ရင်းနှီးမြှုပ်နှံမှု ကော်မရှင် မှ ခေါ်ယူကာ သတိပေးပြောင်းလဲ စေခဲ့သည့်အတွက် အထည်ချုပ်လုပ်ငန်း ငါး ခုတရားဝင်ပြောင်းလဲ လာကြောင်း ပြော ကြားသည်။

ဆက်လက်၍ ၎င်းက “နိုင်ငံသားအမည် ခံစီးပွားရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာ အပိုင်းမှ တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုများနှင့် ပတ်သက်၍ သတင်းရရှိခြင်း၊ သိရှိရခြင်းရှိပါက ဖော်ထုတ်အကြောင်းကြားပေး ရန်လိုကြောင်း၊ ဖော်ထုတ်နိုင်ပါက ဥပဒေအရေ အရေးယူဆောင်ရွက်သွားမည်”  ဟု ဦးဝင်းရှိန်က ပြော ကြားသည်။

Eleven Media Group

No comments:

Post a Comment