Friday 30 May 2014

ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး

Photo: ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး
Friday, May 30, 2014

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကာဇက်စတန်မြို့တော် Astana တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါ သဘော တူညီချက်သည် ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ်ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆွဲဆောင်မှုရှိသော ဗဟိုချက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အတွင်းရှိ ၎င်းတို့၏ တည်ရှိမှုကို ပိုမိုခိုင်မာစေပြီး စီးပွားရေး အလားအလာ ကောင်းများအပေါ် အပြည့်အဝ အသုံးချခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှုသည် အကောက်ခွန် သမဂ္ဂ၏ ဖွံ့ဖြိုး တိုးတက်မှု ဖြစ်ကြောင်း၊ ၎င်းတို့၏ အလုပ်သမား ဈေးကွက်နှင့် သယ်ယူ ပို့ဆောင်ရေး စနစ်များနှင့်အညီ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း မူဝါဒများနှင့် အဖွဲ့ဝင် နိုင်ငံများ၏ ဘဏ္ဍာရေး စနစ်များကို ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကာဇက်စတန်မြို့တော် Astana တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါ သဘော တူညီချက်သည် ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ်ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆွဲဆောင်မှုရှိသော ဗဟိုချက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် အတွင်းရှိ ၎င်းတို့၏ တည်ရှိမှုကို ပိုမိုခိုင်မာစေပြီး စီးပွားရေး အလားအလာ ကောင်းများအပေါ် အပြည့်အဝ အသုံးချခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှုသည် အကောက်ခွန် သမဂ္ဂ၏ ဖွံ့ဖြိုး တိုးတက်မှု ဖြစ်ကြောင်း၊ ၎င်းတို့၏ အလုပ်သမား ဈေးကွက်နှင့် သယ်ယူ ပို့ဆောင်ရေး စနစ်များနှင့်အညီ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း မူဝါဒများနှင့် အဖွဲ့ဝင် နိုင်ငံများ၏ ဘဏ္ဍာရေး စနစ်များကို ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိမည်ဖြစ် ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment