Wednesday 28 May 2014

၂ဝ၁၅နှင့်လူငယ်များ စည်းရုံးချီတက်ရေး

ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လူငယ် စည်းရုံးရေးလုပ်ငန်းနှင့် ၂ဝ၁၅ ရွေး ကောက်ပွဲ အနိုင်ရရှိရေးလုပ်ငန်းများ ကို အစီအစဉ်ချမှတ်၍ ဆောင်ရွက် လျက်ရှိနေပါသည်။
နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် ခန့်ရှိသော လူငယ်လူရွယ်များသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် ကြီးမားသောစွမ်းအားတစ်ရပ်ဖြစ်သည့် အပြင် ယနေ့လူငယ်များသည် အနာဂတ် ကာလအတွက် နိုင်ငံတော်၏အရေး အရာ တာဝန်အဖြာဖြာကို ဆက်ခံထမ်း ရွက်ကြမည့်သူများဖြစ်ကြပေရာ ပါတီ သည် လူငယ်များအပေါ် မျှော်လင့်အား ထားလျက်ရှိပေသည်။ ပါတီသည် လူငယ်များ၏ တက်ကြွထက်မြက်၍ တီထွင်ဖန်တီးလိုသော စိတ်ဓာတ်၊နုပျို သစ်လွင်၍ ခွန်အားစိုက်ထုတ်နိုင်သော စွမ်းအားများဖြင့် နိုင်ငံတော်တည်ဆောက် ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် လူငယ်များပါဝင် တာဝန်ယူလာကြစေရန် စည်းရုံးဦးဆောင် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ် တစ်လျှောက်တွင် လူငယ်များသည် တစ်နိုင်ငံ၊ တစ်မျိုးသားလုံး နှင့်စပ်ဆိုင် သည့် အရေးကိစ္စဟူသမျှတွင် တက်ြ<ွက ထက်မြက်စွာ ပါဝင်လှုပ်ရှားခဲ့ကြသည့် အစဉ်အလာကောင်းရှိပါသည်။
နယ်ချဲ့လက်အောက်တွင် ရှိစဉ်က လူငယ်များသည် မိမိတို့နိုင်ငံကို ချစ်မြတ် နိုးခြင်းနှင့်အတူ သူတစ်ပါး၏ မတရား ကျွန်ပြုဖိနှိပ်မှုကို စက်ဆုပ်ရွံရှာခဲ့ကြ သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးကို လိုလားတောင့်တသည့် ဆန္ဒပြင်းထန်ခဲ့ သည်။ ထို့ကြောင့်ပင် ကိုလိုနီဆန့်ကျင် ရေးနှင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများတွင် လူငယ်များသည် မိဘ ပြည်သူများနှင့်အတူ ရှေ့တန်းမှပါဝင် တိုက်ပွဲဝင်ခဲ့ကြပေသည်။

ပြည်ခိုင်ဖြိုးပါတီက နိုင်ငံတော်ကို ဒီမိုကရေစီပန်းတိုင်သို့ ပို့ဆောင်သော အခါ လူငယ်များ၏သမိုင်းသည် တစ်ခေတ်ဆန်းသစ်လာခဲ့ပေသည်။ ပြည်သူတို့၏ ရည်မှန်းချက်သည် လူငယ်များ၏ရည်မှန်းချက်နှင့် ထပ်တူ ဖြစ်ခဲ့ပေသည်။ တစ်နိုင်ငံလုံး၊ တစ်မျိုး သားလုံး၏အရေးအရာ တာဝန်အဖြာ ဖြာကို မိဘပြည်သူများနှင့်အတူ ယနေ့ လူငယ်များက တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်မှာ အထင်အရှား ပင်ဖြစ်ပေသည်။
လူငယ်ဟူသည် ပင်ကိုအခြေခံအား ဖြင့် ရိုးသားပွင့်လင်း၍ မိမိတို့၏ဆန္ဒ သဘောထားကို လွတ်လပ်စွာတင်ပြ လိုကြသည်။ မိမိတို့၏ကိုယ်စွမ်းကိုယ်စ နှင့် လုပ်ရည်ကိုင်ရည်ကိုပြလိုခြင်းနှင့် အတူ တီထွင်ဖန်တီးလို၊ စွန့်ခွာလိုကြ သည့် လူငယ်တို့၏သဘောသဘာဝ နှင့်ပင်ကိုစိတ်ဓာတ်များကို နိုင်ငံအကျိုးပြု စိတ်ဓာတ်နှင့် အင်အားများဖြစ်လာစေ ရန် စည်းရုံးသိမ်းသွင်းကာ ပါတီ၏ ရည်မှန်းချက်များ၊ မူဝါဒသဘောတရား များကို လူငယ်များကျေညက်စွာ နားလည်သဘောပေါက်လာစေရန် ပါတီ ဝင်၊ ပါတီကေဒါများကလည်း အစဉ် ထိတွေ့စည်းရုံးနေရမည်ဖြစ်ပေသည်။

လူငယ်များကို လေ့လာကြည့်မည် ဆိုလျင် ၄င်းတို့သည် ယေဘုယျအားဖြင့် စိတ်ထားဖြူစင်၍ စိတ်ရင်းစေတနာ ကောင်းမွန်ပြီး အများအကျိုးပြုလုပ်ငန်း များနှင့် အပြုသဘောလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပူးပေါင်းဆောင် ရွက်လေ့ရှိကြောင်း တွေ့ရပေသည်။ လူငယ်များသည် အသက်အရွယ် နုနယ် သေးသည်နှင့်အမျှ ဘဝအတွေ့အကြုံ နည်းပါးနုနယ်ကြသူများဖြစ်ကြသည်။ ထို့ကြောင့် ပတ်ဝန်းကျင် အခြေအနေ ကောင်းလျှင်ကောင်းသလို ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်တို့တွင် ဖွံ့ဖြိုးတိုးတက်ကြသလို မကောင်းသော ပတ်ဝန်းကျင်ကြောင့်လည်း အားနည်းမှု နှင့် ကြုံတွေ့တတ်ကြရသည်။

ထို့ကြောင့်လူငယ်များအား မကောင်း သောပတ်ဝန်းကျင်၏ ထိပါးပျက်စီးမှု များကို ကြံ့ကြံ့ခံရင်ဆိုင်ဆန့်ကျင်နိုင် အောင် လူငယ်များ၏ဘဝ ဖွံ့ဖြိုးတိုး တက်ရေးနှင့် စာရိတ္တဖြောင့်မတ်ကြံ့ခိုင် ရေးတို့အတွက် အခြေအနေကောင်းများ ဖန်တီးပေးကြရမည် ဖြစ်ပေသည်။
ပါတီတွင် နိုင်ငံသားလူငယ်အပေါင်း အား ပါတီ၏အမာခံအင်အားဖြစ်လာ စေရန်၊ ပါတီ၏စည်းရုံးလှုပ်ရှားမှု ထိရောက်ထက်မြက်လာစေရေးအတွက် အထောက်အကူဖြစ်လာစေရန်၊ လူငယ် လူရွယ်များအတွင်း ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်အသိအမြင်များ ပြန့်ပွား လာစေရန်၊ ဒီမိုကရေစီတည်ဆောက် သူများ၊ ကာကွယ်စောင့်ရှောက်သူများ ဖြစ်လာစေရန်၊ ၂ဝ၁၅ ရွေးကောက်ပွဲ ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ်အနိုင် ရစေရန်ဟူသော ရည်ရွယ်ချက်(၅)ရပ် ဖြင့် လူငယ်အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် နေပါသည်။

လူငယ်ရေးရာအဖွဲ့သည် ပါတီ၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူကာ လူငယ် များအတွင်း ရည်ရွယ်ချက်နှင့်လုပ်ငန်း စဉ်များကို သိရှိနားလည်စေရေး၊ ပါတီ ၏ အတွေးအခေါ်အသိအမြင်များကို သဘောပေါက်ယုံကြည်၍ ခံယူလာစေ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လူငယ်များပါဝင် လှုပ်ရှားမှုများကို သဘောပေါက်ခံယူ စေရေးအတွက် လူငယ်လေ့ကျင့်ရေး လုပ်ငန်းများကို စီမံချက်များချ၍ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ပြည်ခိုင်ဖြိုးပါတီနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စည်းရုံးလှုပ်ရှားမှု လုပ်ငန်းများတွင် လူငယ်များ ပါဝင်လှုပ်ရှားဆောင်ရွက် စေရာ လူငယ်များသည်လုပ်ငန်း အသီးသီး၌ နိုးကြားတက်ြ<ွကစွာပါဝင် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။

ပြည်ခိုင်ဖြိုးပါတီက ချမှတ်ထား သော လူငယ်ဆိုင်ရာရှေ့လုပ်ငန်းစဉ် များကို လူငယ်များတက်ြ<ွကစွာပါဝင် လာစေရေးအတွက် တိုက်တွန်းနှိုးဆော် သွားရန်၊ စီမံကိန်းဝင်လူငယ်များအပေါ် နိုင်ငံတော်ကထားရှိသော သဘောထား များ၊ သြဝါဒများ၊ လမ်းညွှန်မှုများ ပေးနိုင်ရန်၊ လူငယ်တွေ့ဆုံပွဲများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ လူငယ် များ၏ ပညာသင်ကြားမှုနှင့် လူငယ် လေ့လာမှုအစီအစဉ်ကြောင့် ရရှိသော ဗဟုသုတဖြင့် တီထွင်ကြံဆသူများ၊ ပေါင်းစပ်အသုံးပြုသူများ ပေါ်ထွန်း လာစေရန်ရည်ရွယ်၍ လူငယ်လေ့လာ ရေးအစီအစဉ်များဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။
လူငယ်များသည် စီးပွားရေးလုပ် ငန်းနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ မူးယစ်ထုံထိုင်းဘေးဖြစ် စေတတ်သော ဆေးဝါးများ အန္တရာယ် ကာကွယ်ရေးနှင့်တိုက်ဖျက်ရေးလုပ်ငန်း များတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါ သည်။ စည်းရုံးရရှိပြီးသော လူငယ် များအား ကျန်းမာသန်စွမ်းပြီး Óဏ် ပညာထက်မြက်ကာ အကျင့်စာရိတ္တ ကောင်းမွန်သော လူငယ်များဖြစ်လာစေ ရန် ကျန်းမာရေးနှင့်ပညာရေးလုပ်ငန်း များကို ပို၍ထိရောက်အောင်မြင်မှု ရရှိ အောင် ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ သို့မှသာ လူငယ်များ သည် နောင်အခါတွင် လူကောင်း လူတော် နိုင်ငံသားကောင်းများအဖြစ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတာဝန်များ ကို ဆက်လက်ထမ်းဆောင်နိုင်ကြမည် ဖြစ်ပေသည်။

သို့ဖြစ်၍ လူငယ်ထုအတွင်း ဒီမို ကရေစီဆိုင်ရာ အတွေးအခေါ်အသိ အမြင်များ ခိုင်မာကျယ်ပြန့်စေရေး အတွက်ဆောင်ရွက်ရန် ဘက်စုံဖွံ့ဖြိုးပြီး အရည်အချင်းပြည့်ဝသည့် နိုင်ငံသား ကောင်းများ ဖြစ်လာစေရေးအတွက် ဆောင်ရွက်ရန်၊ လူငယ်ထုအတွင်း စည်းရုံးရေးလုပ်ငန်းများကို တိုးချဲ့ဆောင် ရွက်သွားရန်ဟူသော လုပ်ငန်းစဉ်ကို ပါတီဝင်၊ ပါတီကေဒါများက လူငယ် များအား ပို၍သွက်လက်ထက်မြက်စွာ စည်းရုံးလှုပ်ရှားရင်း စစ်မှန်သော ဒီမို ကရေစီပန်းတိုင် အဓွန့်ရှည်ရေးနှင့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင် ဖြိုးပါတီအနိုင်ရရှိပြီး အဓွန့်ရှည်တည်တံ့ အောင် ကြိုးစားကြပါရန် တိုက်တွန်း ရင်း တင်ပြလိုက်ပါသည်။
Photo: ၂ဝ၁၅နှင့်လူငယ်များ စည်းရုံးချီတက်ရေး
Wednesday, May 28, 2014

မင်းဆက်နိုင်(မုံရွာ)
The Union Daily
မင်းဆက်နိုင်(မုံရွာ)
The Union Daily

No comments:

Post a Comment