Wednesday 28 May 2014

မုံရွာမြို့ သီဟရာဇာမြတ်စွာဘုရား ရုပ်ပွားတော်မျက် လုံးတော်တစ်ဖက်ပွင့် လာရောက်ဖူးမြော်သူများပြား

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ လယ်တီရပ်ကွက် လယ်တီ စာသင်တိုက်ဝင်းအတွင်းရှိ သီဟရာဇာမြတ်စွာ ဘုရားရုပ်ပွားတော်၏ ယာဘက်မျက်စိတစ်ဖက်ပွင့်သဖြင့် အဆိုပါဘုရားသို့ ပြည်သူများမှ လာရောက်ဖူးမြော် သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

'' ဒီစေတီတော်မြတ်ကြီးကို ရပ်ကွက်နေပြည်သူများ စုပေါင်း အလှူခံပြီးတည်ထားခဲ့တာပါ။ ဒေါ်ပိုင်မိသားစုက သီဟရာဇာ မြတ်စွာဘုရားရုပ်ပွားတော်ကို မန္တလေးမြို့ ကျောက်ဆစ်တန်းကနေ မြန်မာသက္ကရာဇ် ၁၃၁၃ ခုနှစ်မှာ ပင့်ဆောင်ပူဇော်ခဲ့တာပါ။ စေတီရဲ့ အမည်နာမကိုတော့လယ်တီစာသင်တိုက်ဝင်းအတွင်းမှာ ရှိတာ ရယ်၊ လယ်တီဆရာတော်ဘုရားနေ့နံကိုယူပြီး သီဟရာဇာဘုရားလို့ပေးခဲ့ တယ်။ မျက်စိတော် ဖွင့်တာကိုလဲ ယခုလ ၁၇ ရက် (ကဆုန်လပြည့် နေ့)မှာစသိတာ၊ တစ်ယောက်စကား၊ တစ်ယောက်နားနဲ့ အသိများလာပြီး လာကြည့်တဲ့သူတွေများလာတာပါ''ဟု အဆိုပါ ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ရှင်းပြသည်။

အဆိုပါသီဟရာဇာမြတ်စွာဘုရားကိန်းဝပ်သည့်စေတီတော်ကြီးကို ဦးဖိုးတုတ်၊ ဦးတင်၊ ဦးဘမောင်နှင့် ဦးမောင်ခင်တို့ လေးဦးက ကမကထလုပ်ပြီး ၂၃.၅.၁၉၅ဝ ရက်တွင် စတင်တည်ခဲ့ပြီး နောက်ဆုံးပြုပြင်ခြင်းကို ၂၃.၈.၁၉၉၆ ရက်တွင်ပြုလုပ်ခဲ့ကြောင်း၊ ယခုလ ၁၇ ရက် (ကဆုန်လပြည့်နေ့)တွင် သီဟရာဇာဘုရားရုပ်ပွား တော်သို့ဆက်ကပ်ထားသော သင်္ကန်းတော်ပြုတ်ကျရာမှ သတိပြုမိပြီး သိရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မင်းဆက်နိုင်(မုံရွာ)
The Union Daily

No comments:

Post a Comment