Thursday 29 May 2014

အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံး အသင်းများ ယှဉ်ပြိုင်မည်

Photo: အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံး အသင်းများ ယှဉ်ပြိုင်မည်
Thursday, May 29, 2014

တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်း တို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 
 
 မြန်မာဘောလုံးအသင်းများမှာ အာရှအားကစားပြိုင်ပွဲကို နှစ်ကာလကြာမြင့်စွာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ရာမှ ယခုနှစ်တွင် ပြန်လည်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၃ ပြိုင်ပွဲအဖြစ် ကျင်းပလျက်ရှိပြီး မြန်မာအသင်းမှာ အသင်းဖွဲ့စည်း၍မကြာမီ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာအမျိုးသားအသင်းမှာ အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု အစဉ်အလာကြီးမားသည့် အသင်းတစ်သင်းဖြစ်ပြီး ၁၉၆၆ ပြိုင်ပွဲနှင့် ၁၉၇ဝ ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်များ ရယူနိုင်ခဲ့ကြောင်း သိရသည်။ ၁၉၉၄ ခုနှစ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ကျင်းပခဲ့သော အာရှအားကစားပြိုင်ပွဲတွင် နောက်ဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။ အမျိုးသမီးအသင်းမှာမူ အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲနှင့် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လာမည့် ဇွန်လဆန်းပိုင်းတွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ကူမာဒါကပင် ဆက်လက် ကိုင်တွယ်သွားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့မှာ ယခုနှစ်အတွင်း ယှဉ်ပြိုင်ထားသည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group
တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုး သားနှင့် အမျိုးသမီးဘောလုံးအသင်း တို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 မြန်မာဘောလုံးအသင်းများမှာ အာရှအားကစားပြိုင်ပွဲကို နှစ်ကာလကြာမြင့်စွာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ရာမှ ယခုနှစ်တွင် ပြန်လည်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၃ ပြိုင်ပွဲအဖြစ် ကျင်းပလျက်ရှိပြီး မြန်မာအသင်း မှာ အသင်းဖွဲ့စည်း၍မကြာမီ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ အမျိုးသား အသင်းမှာ အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု အစဉ်အလာကြီးမားသည့် အသင်း တစ်သင်းဖြစ်ပြီး ၁၉၆၆ ပြိုင်ပွဲနှင့် ၁၉၇ဝ ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်များ ရယူနိုင်ခဲ့ကြောင်း သိရသည်။ ၁၉၉၄ ခုနှစ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ကျင်းပခဲ့သော အာရှအားကစားပြိုင်ပွဲတွင် နောက်ဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။ အမျိုးသမီးအသင်းမှာမူ အာရှအားကစားပြိုင်ပွဲ ကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး အာဆီယံ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲနှင့် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတို့ကို ဝင်ရောက် ယှဉ်ပြိုင်ရန် လာမည့် ဇွန်လဆန်းပိုင်းတွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည်ဖြစ်ပြီး နည်းပြချုပ် အဖြစ် ကူမာဒါကပင် ဆက်လက် ကိုင်တွယ်သွားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့မှာ ယခုနှစ်အတွင်း ယှဉ်ပြိုင်ထားသည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment