Wednesday 28 May 2014

စည်ပင်အမှိုက်ကား ထော်လာဂျီကို ၀င်တိုက်၊ လူနှစ်ဦးသေဆုံး

ယာဉ်မောင်းလိုင်စင်မရှိသည့် စည်ပင်ဝန်ထမ်းတစ်ဦး မောင်းနှင်လာသည့် အမှိုက်ကားတစ်စီးသည် ရပ်ထား သောထော်လာဂျီကို ၀င်တိုက်မိပြီး လူနှစ်ဦး သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု မေလ ၂၆ ရက်၊ ညနေ ၄ နာရီ ၀န်းကျင်ခန့်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် သည်။


သင်္ဃန်းကျွန်းမြို့နယ် စည်ပင်ရုံးမှ သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ အသက် ၂၁ နှစ် အရွယ်ရှိ ကိုရဲအောင်(ယာဉ် မောင်း လိုင်စင် မရှိ) မောင်းနှင်လာသည့် အပြာရောင် အမှိုက်သိမ်းယာဉ်သည် သံသုမာလမ်းပေါ်ရှိ ဆင်မင်း သင်္ကန်းတိုက်ရှေ့အရောက်တွင် ရပ်ထားသည့် အမှိုက်သိမ်း ထော်လာဂျီကို အနောက်မှ ၀င်ရောက်တိုက်မိ ခဲ့ခြင်း ဖြစ်သည်။ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် ထော်လာဂျီနောက်တွင် ရပ်နေသည့် စည်ပင်သန့်ရှင်းရေးဝန်ထမ်း ဦးကျော် သန်း(၃၆) နှစ်နှင့် စည်ပင်သန့်ရှင်းရေးကြီးကြပ်မှူး ဦးတင်ထွန်းအောင်(၄၅)နှစ်တို့နှစ်ဦး ဒဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ကိုရဲအောင်ကို အရေးယူပေးပါရန် ဒု-ရဲအုပ် ကျော်မင်းလွင်၏ တရားလိုပြုလုပ် တိုင်တန်းမှုအား သုဝဏ္ဏနယ်မြေရဲစခန်းမှယာဉ် (ပ) ၂၁/၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်။
Mizzima - News in Burmese

No comments:

Post a Comment