Wednesday 28 May 2014

ဘော်ဆိုင်းသတ္တုတွင်းရှိ တရုတ်နိုင်ငံသား၁၃ ဦးကို ဗီဇာစည်းကမ်းဖောက် ဖျက်မှုဖြင့် ဖမ်းဆီးအမှုဖွင့်

ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ ဘော်ဆိုင်းသတ္တု တူးဖော်ရေးလုပ်ငန်းခွင်ရှိ တရုတ်နိုင်ငံသား ၁၃ ဦးကို ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း တောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်မှူး ဦးရဲနောင်က မေလ၂၇ ရက်တွက် မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
ဘော်ဆိုင်းကျေးရွာအုပ်စုတွင်းရှိ GPS Joint Venture Co.ltd အား ရှမ်းပြည်နယ် လ၀ကနှင့် ခရိုင် လ၀က ဦးစီးအဖွဲ့တို့မှ မေလ၂၅ ရက်တွင် သွားရောက် စစ်ဆေးရာမှ ဗီဇာများ ကိုင်ဆောင်ထားသော်လည်း သတ္တု တွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ နေထိုင်နေသူ တရုတ်နိုင်ငံသားများအား ဗီဇာစည်းကမ်းဖောက် ဖျက် မှုဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်သည်။“တရားမ၀င်နိုင်ငံခြားသားတွေ ရောက်နေတယ်ဆို တဲ့အတွက် ကျွန်တော်တို့ သွားစစ်ခဲ့တာပါ။ ဒီကုမ္ပဏီ မှာရှိတဲ့ တရုတ်နိုင်ငံသား ၈၈ ယောက်မှာ ၁၃ ယောက် က ပတ်စပိုစ့်၊ ဗီဇာရှိတာတော့ မှန်ပါတယ်။ သတ္တု တွင်းဝန်ကြီး ဌာနရဲ့ ခွင့်ပြုချက်မရဘဲ လာရောက်လုပ် ကိုင်နေသူတွေ ဖြစ်တဲ့အတွက် ဗီဇာစည်းကမ်း ဖောက် ဖျက်မှုနဲ့ ဖမ်းဆီးရခြင်းဖြစ်ပါတယ်” ဟု ဦးရဲနောင်က ပြောသည်။

ယင်းအပြင် သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ လာရောက်လုပ် ကိုင်နေသည့် တရုတ်နိုင်ငံသား ကျား ၁၂ ဦးနှင့် မတစ်ဦးကို လက်ခံထားသည့် ကုမ္ပဏီ တာဝန်ခံဦးစိုင်းကျော်မြင့်အား သတင်းပို့ရန် ပျက် ကွက် သည့်အတွက် ဖမ်းဆီးထားသည်။ 

“နိုင်ငံခြားသားတစ်ယောက်ယောက်ရှိနေလည်း ဥပဒေအရ ၂၄ နာရီအတွင်း မိမိတို့ထံ အကြောင်းကြား ရန် လိုအပ်ပြီး ကျေးရွာသူ၊ သားများအနေနဲ့လည်း တရားမ၀င်နိုင်ငံခြားသားနဲ့ ပတ်သက်ပြီး မိမိတို့ထံ တိုက်ရိုက်သတင်းပေး ပို့နိုင်တယ်” ဟု ဦးရဲနောင်က ပြောသည်။ 

ဘော်ဆိုင်းကျေးရွာတွင် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသားပိုင် အခြားကုမ္ပဏီများကိုလည်း ထပ်မံ စစ် ဆေးသွားမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကျေးရုံးများကိုလည်း ဆွေးနွေးတိုင်ပင်ပေးသွားမည် ဟု ၎င်းက ပြောသည်။ 

တရုတ်နိုင်ငံသား ၁၃ ဦးအား ဟဲဟိုးနယ်မြေရဲ စခန်းမှ (ပ)၂၁/၂၀၁၄ လူဝင်မှုကြီး ကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားပြီး၊ သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်သူ ဦးစိုင်းကျော်မြင့်အား (ပ) ၂၂ /၂၀၁၄ နိုင်ငံခြားသား များအက်ဥပဒေပုဒ်မ ၅(၁) ဖြင့် အမှုဖွင့်အရေးယူထားပြီး မေလ၂၈ရက်တွင် ကလောမြို့နယ်၊ တရားရုံးတွင် တရားစွဲဆို စစ်ဆေးသွားမည်ဖြစ်သည်။ 

ဘော်ဆိုင်း သတ္တုတူးဖော်ခြင်း လုပ်ငန်းခွင်တွင် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၆ ခုရှိသည်။ 
Mizzima - News in Burmese

No comments:

Post a Comment