Thursday 29 May 2014

တောင်ကိုရီးယား သက်ကြီးရွယ်အို ဆေးရုံ မီးလောင်၊ ၂၁ ဦး သေဆုံး

Photo: တောင်ကိုရီးယား သက်ကြီးရွယ်အို ဆေးရုံ မီးလောင်၊ ၂၁ ဦး သေဆုံး
Thursday, May 29, 2014

ယခုလပိုင်းအတွင်း မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိသော တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက သက်ကြီးရွယ်အို ဆေးရုံတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ မီးလောင်မှုမှာ တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်မြို့၏ တောင်ဘက် မိုင် ၁၉၀ ခန့် အကွာတွင် တည်ရှိသော ဂျန်ဆောင်းကောင်တီရှိ သက်ကြီးရွယ်အို ဆေးရုံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မီးလောင်မှုကြောင့် ၂၁ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိထားသူတွေထဲက တချို့က အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်” ဟူ ဂျန်ဆောင်းကောင်တီ မီးသတ်ဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

မီးကို မိနစ် ၃၀ အတွင်း ငြှိမ်းသတ်နိုင်ခဲ့သော်လည်း ဒုတိယထပ်ရှိ သက်ကြီးရွယ်အို အများစုမှာ ရောဂါဖြင့် အိပ်ရာထဲ လဲနေသူများ ဖြစ်သဖြင့် အချိန်မီ ထွက်ပြေးနိုင်ခဲ့ခြင်း မရှိဟုလည်း အဆိုပါ အရာရှိက ပြောကြားသည်။

မီးလောင်မှု ဖြစ်ပွားသည့် အချိန်တွင် ဆေးရုံ၌ လေဖြတ်ထားသော ရောဂါသည်များနှင့် အယ်လ်ဇိုင်းမား ရောဂါသည်များ အပါအဝင် သက်ကြီးရွယ်အို ၇၀ ခန့် ရှိနေခဲ့ပြီး ထိုလူနာများကို စောင့်ရှောက်ရန်အတွက် သူနာပြု တစ်ယောက်သာ ရှိနေခဲ့ကာ အဆိုပါ သူနာပြုမှာလည်း မီးလောင်မှု အတွင်းတွင် သေဆုံးသွားခဲ့သည်။

မေလ ၂၆ ရက်နေ့ကလည်း တောင်ကိုရီးယားနိုင်ငံတွင် ဘက်စ်ကားဝင်း တစ်ခု၌ မီးလောင်မှု ဖြစ်ပွားပြီး ခုနစ်ဦး သေဆုံးခဲ့သေးသဖြင့် ယခု မီးလောင်မှုမှာ တောင်ကိုရီးယားနိုင်ငံတွင် အများပြည်သူဆိုင်ရာ နေရာ၌ နှစ်ရက်အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပွားသည့် မီးလောင်မှု ဖြစ်လာခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံတွင် ဧပြီလအတွင်းက ကူးတို့သင်္ဘောတစ်စင်း နစ်မြုပ်ပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့သလို ယခုလ အစောပိုင်းကလည်း မြေအောက် ရထားနှစ်စင်း တိုက်မိကာ လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့သေးသဖြင့် တောင်ကိုရီးယားအစိုးရ၏ အများပြည်သူ ဘေးကင်းလုံခြုံရေး အစီအမံများအပေါ် ဝေဖန်မှုများ ပေါ်ပေါက်လျက် ရှိသည်။

တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးသည် ကူးတို့သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သတ်ပြီး ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက တိုင်းပြည်ကို မိန့်ခွန်း ပြောကြားရာ၌ ကူးတို့သင်္ဘော နစ်မြုပ်မှုအတွက် အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီး အများပြည်သူ လုံးခြုံရေး အစီအမံများကို မြှင့်တင်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။

ထို့ပြင် အများပြည်သူ အသက်ဆုံးရှုံးရသော မတော်တဆမှုများ ဖြစ်ပွားခဲ့ပါက ထိုမတော်တဆမှုအတွက် တာဝန်ရှိသူများကို စုံစမ်းဖော်ထုတ်ပြီး ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်သွားမည်ဟုလည်း သမ္မတပက်ဂွမ်ဟီးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သက်ကြီးရွယ်အို ဆေးရုံ မီးလောင်ရသည့် အကြောင်းအရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်။

The Voice Weekly
ယခုလပိုင်းအတွင်း မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိသော တောင်ကိုရီးယားနိုင်ငံ တွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက သက်ကြီးရွယ်အို ဆေးရုံတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ မီးလောင်မှုမှာ တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်မြို့၏ တောင်ဘက် မိုင် ၁၉၀ ခန့် အကွာတွင် တည်ရှိသော ဂျန်ဆောင်းကောင်တီရှိ သက်ကြီးရွယ်အို ဆေးရုံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မီးလောင်မှုကြောင့် ၂၁ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိထားသူတွေထဲက တချို့က အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်” ဟူ ဂျန်ဆောင်းကောင်တီ မီးသတ်ဌာနမှ အရာရှိ တစ်ဦး က ပြောကြားသည်။

မီးကို မိနစ် ၃၀ အတွင်း ငြှိမ်းသတ်နိုင်ခဲ့သော်လည်း ဒုတိယထပ်ရှိ သက်ကြီးရွယ်အို အများစုမှာ ရောဂါဖြင့် အိပ်ရာထဲ လဲနေသူများ ဖြစ်သဖြင့် အချိန်မီ ထွက်ပြေးနိုင်ခဲ့ခြင်း မရှိဟုလည်း အဆိုပါ အရာရှိက ပြောကြား သည်။

မီးလောင်မှု ဖြစ်ပွားသည့် အချိန်တွင် ဆေးရုံ၌ လေဖြတ်ထားသော ရောဂါသည်များနှင့် အယ်လ်ဇိုင်းမား ရောဂါသည်များ အပါအဝင် သက်ကြီးရွယ်အို ၇၀ ခန့် ရှိနေခဲ့ပြီး ထိုလူနာများကို စောင့်ရှောက်ရန်အတွက် သူနာပြု တစ်ယောက်သာ ရှိနေခဲ့ကာ အဆိုပါ သူနာပြုမှာလည်း မီးလောင်မှု အတွင်းတွင် သေဆုံးသွားခဲ့ သည်။

မေလ ၂၆ ရက်နေ့ကလည်း တောင်ကိုရီးယားနိုင်ငံတွင် ဘက်စ်ကားဝင်း တစ်ခု၌ မီးလောင်မှု ဖြစ်ပွားပြီး ခုနစ်ဦး သေဆုံးခဲ့သေးသဖြင့် ယခု မီးလောင်မှုမှာ တောင်ကိုရီးယားနိုင်ငံတွင် အများပြည်သူဆိုင်ရာ နေရာ၌ နှစ်ရက်အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပွားသည့် မီးလောင်မှု ဖြစ်လာခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံတွင် ဧပြီလအတွင်းက ကူးတို့သင်္ဘောတစ်စင်း နစ်မြုပ်ပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့ သလို ယခုလ အစောပိုင်းကလည်း မြေအောက် ရထားနှစ်စင်း တိုက်မိကာ လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့သေးသဖြင့် တောင်ကိုရီးယားအစိုးရ၏ အများပြည်သူ ဘေးကင်းလုံခြုံရေး အစီအမံများအပေါ် ဝေဖန်မှုများ ပေါ်ပေါက်လျက် ရှိသည်။

တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးသည် ကူးတို့သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သတ်ပြီး ပြီးခဲ့သော ရက် သတ္တတစ်ပတ် အတွင်းက တိုင်းပြည်ကို မိန့်ခွန်း ပြောကြားရာ၌ ကူးတို့သင်္ဘော နစ်မြုပ်မှုအတွက် အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီး အများပြည်သူ လုံးခြုံရေး အစီအမံများကို မြှင့်တင်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။

ထို့ပြင် အများပြည်သူ အသက်ဆုံးရှုံးရသော မတော်တဆမှုများ ဖြစ်ပွားခဲ့ပါက ထိုမတော်တဆမှုအတွက် တာဝန်ရှိသူများကို စုံစမ်းဖော်ထုတ်ပြီး ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်သွားမည်ဟုလည်း သမ္မတပက်ဂွမ်ဟီး က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သက်ကြီးရွယ်အို ဆေးရုံ မီးလောင်ရသည့် အကြောင်းအရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment