Wednesday 28 May 2014

ပဋိပက္ခဖြစ်ပွားရာဒေသများ အပါအ၀င် တိုင်းဒေသကြီးအချို့တွင် အိတ်ခ်ျအိုင်ဗွီတိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်မည်

Photo: ပဋိပက္ခဖြစ်ပွားရာဒေသများ အပါအ၀င် တိုင်းဒေသကြီးအချို့တွင် အိတ်ခ်ျအိုင်ဗွီတိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်မည်
Wednesday, May 28, 2014

ပဋိပက္ခဖြစ်ပွားရာဒေသများ အပါအ၀င် မြို့ကြီးသုံးမြို့ရှိ မြို့နယ်ပေါင်း ၂၄ မြို့တွင် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်နျင့်အတူ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ကချင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်၂၄ မြို့နယ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေမှ ရောဂါကြီးသုံးမျိုး တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၁ သန်းကိုလာမည့် ၂၀၁၆ ခုနှစ်အထိ ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ရောဂါကြီးသုံးမျိုးအနက် အိတ်ခ်ျအိုင်ဗွီတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၇ ဒသမ၄ သန်း၊ တီဘီရောဂါအတွက် အမေရိကန်ဒေါ်လာ ၂၁ သန်းနှင့် ငှက်ဖျားရောဂါအတွက် အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၆ သန်းကို ခွဲဝေချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ (Three Millennium Development Goals Fund) မှာ ရောဂါသုံးမျိုး ရန်ပုံငွေအဖွဲ့ (Three Diseases Fund) မှ အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ရောဂါသုံးမျိုး  ရန်ပုံငွေအဖွဲ့ အနေဖြင့် ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရောဂါသုံးမျိုးစီမံချက် ၆၀ ကျော်အတွက် အမေရိကန်ဒေါ်လာ ၁၁၅ သန်းကို မိတ်ဖက်အဖွဲ့အစည်း ၃၅ ဖွဲ့အား ပံ့ပိုးပေးခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းနှင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားရောဂါများအတွက် အများဆုံး ပါဝင်ပံ့ပိုးပေးခဲ့သည့် ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။  

ထို့ပြင် Three Millennium Development Goals Fund (3MDG Fund) နှင့် Global Alliance for Vaccine and Immunization (GAVI) အဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၄၂ မြို့နယ်တွင် မိခင်မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေးအတွက် စစ်တမ်းပြုလုပ်သွားမည် ဖြစ်သည်။

ထို့ပြင် မြို့နယ် ၁၀၂ မြို့နယ်တွင်လည်း Service Accessibility and Readiness Assessment (SARA WHO-2013) ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

3MDG Fund အနေဖြင့် မြန်မာနိုင်ငံတွင် ပံ့ပိုးကူညီမှုများပေးရန် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ထောက်ပံ့သွားမည်ဖြစ်ပြီး မိခင်၊ မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေးလုပ်ငန်းများအတွက် စုစုပေါင်း ရန်ပုံငွေများအနက်မှ ၇၄ ရာခိုင်နှုန်း၊ အိတ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ၁၅ ရာခိုင်နှုန်း၊ ကျန်းမာရေးစနစ် တိုးတက်စေရေးအတွက် ၁၁ ရာခိုင်နှုန်းကို အသုံးပြုသွားရန် သတ်မှတ်ထားကြောင်း သိရသည်။

Eleven Media Group  

မကွေးတိုင်းဒေသကြီးအတွင်း အိတ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ပေးနေသည့် နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

ပဋိပက္ခဖြစ်ပွားရာဒေသများ အပါအ၀င် မြို့ကြီးသုံးမြို့ရှိ မြို့နယ်ပေါင်း ၂၄ မြို့တွင် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီ အက်စ် တိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်နျင့်အတူ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ကချင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်၂၄ မြို့နယ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေမှ ရောဂါကြီးသုံးမျိုး တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၁ သန်းကိုလာမည့် ၂၀၁၆ ခုနှစ်အထိ ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ရောဂါကြီးသုံးမျိုးအနက် အိတ်ခ်ျအိုင်ဗွီတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၇ ဒသမ၄ သန်း၊ တီဘီရောဂါအတွက် အမေရိကန်ဒေါ်လာ ၂၁ သန်းနှင့် ငှက်ဖျားရောဂါအတွက် အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၆ သန်းကို ခွဲဝေချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ (Three Millennium Development Goals Fund) မှာ ရောဂါသုံးမျိုး ရန်ပုံငွေအဖွဲ့ (Three Diseases Fund) မှ အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ရောဂါသုံးမျိုး  ရန်ပုံငွေအဖွဲ့ အနေဖြင့် ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရောဂါသုံးမျိုးစီမံချက် ၆၀ ကျော်အတွက် အမေရိကန်ဒေါ်လာ ၁၁၅ သန်းကို မိတ်ဖက်အဖွဲ့အစည်း ၃၅ ဖွဲ့အား ပံ့ပိုးပေးခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းနှင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားရောဂါများအတွက် အများဆုံး ပါဝင်ပံ့ပိုးပေးခဲ့သည့် ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။  

ထို့ပြင် Three Millennium Development Goals Fund (3MDG Fund) နှင့် Global Alliance for Vaccine and Immunization (GAVI) အဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၄၂ မြို့နယ်တွင် မိခင်မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေးအတွက် စစ်တမ်းပြုလုပ်သွားမည် ဖြစ်သည်။

ထို့ပြင် မြို့နယ် ၁၀၂ မြို့နယ်တွင်လည်း Service Accessibility and Readiness Assessment (SARA WHO-2013) ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

3MDG Fund အနေဖြင့် မြန်မာနိုင်ငံတွင် ပံ့ပိုးကူညီမှုများပေးရန် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ထောက်ပံ့သွားမည်ဖြစ်ပြီး မိခင်၊ မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေးလုပ်ငန်းများအတွက် စုစုပေါင်း ရန်ပုံငွေများအနက်မှ ၇၄ ရာခိုင်နှုန်း၊ အိတ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ၁၅ ရာခိုင်နှုန်း၊ ကျန်းမာရေးစနစ် တိုးတက်စေရေးအတွက် ၁၁ ရာခိုင်နှုန်းကို အသုံးပြုသွားရန် သတ်မှတ်ထားကြောင်း သိရသည်။

Eleven Media Group  

No comments:

Post a Comment