Saturday 5 April 2014

ဒီမိုကရေစီစနစ်သာ အကောင်းဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံသားအများစု သဘောထားဟု အမေရိကန် IRI အဖွဲ့၏ စစ်တမ်းတွင်ဖော်ပြ

ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်သည်သာ အကောင်း ဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံသား အများစုက သဘောထားပေးသည်ဟု အမေရိကန် International Republican Institute(IRI) အဖွဲ့၏ ဧပြီ ၃ ရက်က ထုတ်ပြန်သော စစ်တမ်း၌ ဖော်ပြထားသည်။
အဆိုပါစစ်တမ်း၌ လက်ရှိအသွင်ကူးပြောင်းရေးလမ်းကြောင်း အား ထောက်ခံကြောင်းကိုလည်း သဘော ထားပေးခဲ့ကြပြီး ဒီမိုကရေစီစနစ်တွင် အားနည်းချက်ပြဿ     နာများ ရှိနေနိုင်သော်လည်း ဒီမိုကရေစီသည် တခြားသော အုပ်ချုပ်မှုစနစ်များထက် သာလွန်သည်ဟူသောအချက်အား စစ်တမ်းဖြေဆိုသူ ၇၈ ရာခိုင်နှုန်း က သတောတူခဲ့ကြကြောင်း ဖော်ပြထားသည်။
   
ထို့အပြင် စစ်တမ်းဖြေဆိုသူ ၄၉ ရာ ခိုင်နှုန်းက ဒီမိုကရေစီစနစ်သည် ဆုံးဖြတ်ချက်များ ပြတ်သားမှု မရှိဟူသောအချက်အား သဘောမတူကြောင်း၊ ဒီမိုကရေစီသည် စီးပွားရေးအတွက်မကောင်းဟူသော အချက်အား ၆၉ ရာခိုင်နှုန်းက သဘောမတူကြောင်း၊ ဒီမိုကရေစီသည် တရားဥပဒေစိုးမိုးရေးဖော်ဆောင်ရာ တွင် အားနည်းသည်ဟု ဖော်ပြချက်ကိုလည်း ၆၅ ရာခိုင်နှုန်းက သဘောမတူကြောင်းနှင့် သဘောထားပေး သည်ဟု ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
   
အလားတူ ရွေးကောက်ပွဲကျင်းပပါက မဲထည့်မည်လားဟူသော မေးမြန်း ချက်အား စစ်တမ်းဖြေဆိုသူ များထဲမှ ၈၉ ရာခိုင်နှုန်းသည် ပေးဖြစ်အောင်ပေး မည်ဟု ဖြေဆိုခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ၏ ယနေ့ကာလ သည် နိုင်ငံရေး အပြောင်းအလဲများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများက လက်ခံကြသည်မှာ အံသြစရာ မဟုတ်ဘဲ စစ်တမ်းဖြေဆိုသူ ၆၂ ရာခိုင်နှုန်းမှ ယမန်နှစ်အတွင်း ဒီမိုကရေစီကူးပြောင်းမှုများ တိုးတက်နေပြီး အမျိုးသမီးများ၏ အခွင့်အရေးများလည်း တိုးတက်ခဲ့သည် ဟု ဖြေဆိုခဲ့ကြကြောင်း IRI အဖွဲ့၏ စစ်တမ်းတွင် ပါဝင်သည်။

IRI အဖွဲ့၏စစ်တမ်း၌ စီးပွားရေးနှင့်ပတ်သက်၍  စစ်တမ်းဖြေဆိုသူ ၈၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် အလွန်ကောင်းနေကြောင်း၊ ယမန်နှစ်ထက်သူတို့၏ ကိုယ်ပိုင်စီးပွားရေးများ နဂိုတိုင်းရှိခဲ့သည်ဟု ၈၅ ရာခိုင်နှုန်းကဖြေဆိုခဲ့ပြီး ၈၁ ရာခိုင်နှုန်းက လာမည့်နှစ်တွင် သူတို့၏ ကိုယ်ပိုင်စီးပွားရေးမှာ ယခုအတိုင်းဆက်လက်ရှိနေမည် (သို့မဟုတ်) တိုးတက်လာမည်ဟု မျှော် လင့်ကြောင်းဖြေ ဆို ခဲ့သည်ဟု ဖော်ပြထားသည်။
   
ယခုစစ်တမ်းအား USAID က ငွေကြေးပိုင်းဆိုင်ရာကူညီ၍ IRI အဖွဲ့မှကြီးကြပ်ကာ Myanmar Survey Research အဖွဲ့မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် မြို့ပြဒေသ ၉၂ နေရာ၊ ကျေးလက်ဒေသ ၂၀၈ နေရာ၌ အမျိုးသားအမျိုးသမီး ၃၀၀၀ ထံမှ ကောက်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment