Saturday 5 April 2014

မြန်မာ-အိန္ဒိယ နယ်စပ်တွင် ရူပီးဈေးမြင့်

ကသည်းလူမျိုးတို့၏ သင်္ကြန်ပွဲတော်အပြီး မြန်မာ-အိန္ဒိယ နယ်စပ်တွင် ဈေးအရောင်းအဝယ် အေးလာကာ အိန္ဒိယရူပီးဈေး မြင့်တက်လာကြောင်း အဆိုပါဒေသရှိ ဈေးသည်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။
မတ်လ စတုတ္ထပတ်အတွင်း ရူပီး ၁၀၀ လျှင် မြန်မာငွေ ၁၄၈၅ ကျပ်ခန့် ရှိခဲ့ပြီး ဧပြီလအတွင်း တစ်ရက် လျှင် မြန်မာငွေ ၅ ကျပ်နှုန်းခန့်စီ မူလထက် ရူပီးဈေး မြင့်တက်လာခြင်း ဖြစ်ကြောင်း ငွေလဲလုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

“အရောင်းအဝယ်လည်း ပါးတယ်။ အခုလက်ထဲက ကိုင်ထားတဲ့ငွေ (ရူပီး) ပြန်ထုတ်ဖို့တောင် အခက် အခဲ ဖြစ်နေ တယ်” ဟု ၎င်းက ပြောဆိုသည်။

နယ်စပ်ဈေး အရောင်းအဝယ်မှာလည်း ကသည်းသင်္ကြန်ပြီး နောက်ပိုင်း အရောင်းအဝယ် အေး လာပြီး မြန် မာ သင်္ကြန်ကာလ အပြီးခန့်မှ ပြန်လည် မြင့်တက်ဖွယ် ရှိကြောင်း နန်းဖာလုံဈေးရှိ ဈေးသည် များ က ပြော ဆို သည်။

“ရူပီးဈေး မြင့်နေတာကတော့ ဈေးသည်တွေအတွက်က ကောင်းတယ်။ နယ်စပ်မှာ ရူပီးနဲ့ပဲ အရောင်းအဝယ် လုပ်ကြတာလေ” ဟု နန်းဖာလုံဈေးမှ ဈေးရောင်းချသူ ဦးအောင်ဇော်လင်းက ဆိုသည်။

နယ်စပ်တွင် ရူပီးဈေး မြင့်ခြင်းကို ငွေဈေး မြင့်လာသည်ဟုခေါ်ပြီး မြန်မာကျပ်ငွေမှာမူ ဈေးနိမ့်သွားခြင်း ဖြစ်ကြောင်း၊ ဈေးရောင်းချသူ အများစုမှာ အိန္ဒိယရူပီးငွေ ကိုင်ဆောင်ကာ အရောင်းအဝယ် ပြုလုပ်ကြရသဖြင့် ဈေးရောင်းချမှုမှာ ရူပီးဈေး အနိမ့်အမြင့်ပေါ် မူတည်နေကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ရူပီး ဝယ်မည်ဆိုလျှင် ၁၀၀ ရူပီးလျှင် မြန်မာငွေ ၁၅၀၅ ကျပ် ဖြစ်ပြီး ရောင်းမည်ဆိုပါက ၁၅၀၀ ကျပ် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ၁၅၈၀ ကျပ်ခန့်ရှိကြောင်း မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ငွေလဲလုပ်ကိုင်သူ များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment