Saturday, 5 April 2014

ဦးသန့် အမှတ်တရ ငြိမ်းချမ်းရေးကျောက်တိုင် စတင်ဖွင့်လှစ်

Photo: ဦးသန့် အမှတ်တရ ငြိမ်းချမ်းရေးကျောက်တိုင် စတင်ဖွင့်လှစ်
Saturday, April 5, 2014

ငြိမ်းချမ်းရေးဗိသုကာ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် အမှတ်တရအဖြစ် ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူ ဖွင့်လှစ်ခြင်းနှင့်အတူ ဂီတဖျော်ဖြေပွဲကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောကြားသည်။

အမြင့် ၁၀ ပေခွဲရှိပြီး “ကမ္ဘာမြေကြီးပေါ်တွင် ငြိမ်းချမ်းခြင်းတရား လွှမ်းမိုးပါစေ” ဟု မြန်မာဘာသာနှင့် ဥရောပရုံးသုံး ဘာသာ ခြောက်မျိုး အပါအဝင် ဘာသာစကား ရှစ်မျိုး ရေးထိုးထားသည့် အဆိုပါ ကျောက်တိုင်ကို ဦးသန့်ပြတိုက်ရှိ မြေကွက်လပ်တွင် စိုက်ထူထားခြင်း ဖြစ်ပြီး တက်ရောက်လာသူများကို ပြီးခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Theme Song ရွှေတံဆိပ်ဆုရင် တေးသံရှင် လင်းထက်၏ ဂီတအဖွဲ့က ဖျော်ဖြေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီကျောက်တိုင်ကို ကြည့်တဲ့ တဒင်္ဂလေးမှာ ငြိမ်းချမ်းရေးအတွက် ငါ့အနေနဲ့ ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ အသိတစ်ခုပေါ့။ ဘာသာစကား ရှစ်ခုဆိုတော့ ဒီဘာသာတွေက လူဘယ်လောက် ဒါကိုဖတ်ပြီး ငြိမ်းချမ်းရေး အကြောင်းကို ပြောဖြစ်ကြတယ် ဆိုရင်ပဲ တော်တော်လေး ပညာပေးနိုင်သွားပြီလို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ရရှိရန် ဆိုသည်မှာ ကမ္ဘာကြီးတစ်ခုလုံး သူ၊ ငါ မကွဲပြားဘဲ ငါတို့ဟူသော ညီအစ်ကို သဘောထားမျိုး ထားရှိနိုင်ရန် လိုအပ်မည် ဖြစ်ပြီး ယင်းကဲ့သို့ အသိကို ရရှိရန်မှာ ပညာရေးကဏ္ဍသည် အရေးကြီးသည်ဟု ဖခင်က မကြာခဏ ပြောဆိုခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောဆိုသည်။

ယင်းအပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား သို့မဟုတ် နိုင်ငံအတွင်းရှိ ပြည်သူလူထုအကြား ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားခြင်းက ငြိမ်းချမ်းရေးကို ပျက်စီးစေနိုင်သည်ဟု ဖခင်က ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေးကျောက်တိုင် ဖွင့်ပွဲနှင့် ဂီတဖျော်ဖြေပွဲကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား၊ ဂျပန်သံအမတ်၊ ပြည်တွင်းနိုင်ငံရေးသမားများနှင့် အခြား နိုင်ငံတကာမှ စိတ်ပါဝင်စားသူများလည်း တက်ရောက်ခဲ့သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပြီး ကျူးဘားဒုံပျံ အရေးအခင်း အပါအဝင် ပြဿနာများကို ငြိမ်းချမ်းရေး ရရှိအောင် ဖြေရှင်းဆောင်ရွက်မှုများကြောင့် ကျော်ကြားခဲ့သည်။

The Voice Weekly
ငြိမ်းချမ်းရေးဗိသုကာ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် အမှတ်တရအဖြစ် ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူ ဖွင့်လှစ်ခြင်းနှင့်အတူ ဂီတဖျော်ဖြေပွဲကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောကြားသည်။
အမြင့် ၁၀ ပေခွဲရှိပြီး “ကမ္ဘာမြေကြီးပေါ်တွင် ငြိမ်းချမ်းခြင်းတရား လွှမ်းမိုးပါစေ” ဟု မြန်မာဘာသာနှင့် ဥရောပရုံးသုံး ဘာသာ ခြောက်မျိုး အပါအဝင် ဘာသာစကား ရှစ်မျိုး ရေးထိုးထားသည့် အဆိုပါ ကျောက် တိုင် ကို ဦးသန့်ပြတိုက်ရှိ မြေကွက်လပ်တွင် စိုက်ထူထားခြင်း ဖြစ်ပြီး တက်ရောက်လာသူ များကို ပြီးခဲ့ သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Theme Song ရွှေတံဆိပ်ဆုရင် တေးသံရှင် လင်းထက်၏ ဂီတအဖွဲ့က ဖျော်ဖြေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီကျောက်တိုင်ကို ကြည့်တဲ့ တဒင်္ဂလေးမှာ ငြိမ်းချမ်းရေးအတွက် ငါ့အနေနဲ့ ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ အသိတစ်ခုပေါ့။ ဘာသာစကား ရှစ်ခုဆိုတော့ ဒီဘာသာတွေက လူဘယ်လောက် ဒါကိုဖတ်ပြီး ငြိမ်းချမ်းရေး အကြောင်းကို ပြောဖြစ်ကြတယ် ဆိုရင်ပဲ တော်တော်လေး ပညာပေးနိုင်သွားပြီလို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ရရှိရန် ဆိုသည်မှာ ကမ္ဘာကြီးတစ်ခုလုံး သူ၊ ငါ မကွဲပြားဘဲ ငါတို့ဟူသော ညီအစ်ကို သဘောထားမျိုး ထားရှိနိုင်ရန် လိုအပ်မည် ဖြစ်ပြီး ယင်းကဲ့သို့ အသိကို ရရှိရန်မှာ ပညာရေးကဏ္ဍသည် အရေးကြီးသည်ဟု ဖခင်က မကြာခဏ ပြောဆိုခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့် က ပြောဆိုသည်။

ယင်းအပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား သို့မဟုတ် နိုင်ငံအတွင်းရှိ ပြည်သူလူထုအကြား ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားခြင်းက ငြိမ်းချမ်းရေးကို ပျက်စီးစေနိုင်သည်ဟု ဖခင်က ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေးကျောက်တိုင် ဖွင့်ပွဲနှင့် ဂီတဖျော်ဖြေပွဲကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါ အဝင် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား၊ ဂျပန်သံအမတ်၊ ပြည် တွင်းနိုင် ငံရေး သမားများနှင့် အခြား နိုင်ငံတကာမှ စိတ်ပါဝင်စားသူများလည်း တက်ရောက်ခဲ့သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပြီး ကျူးဘားဒုံပျံ အရေးအခင်း အပါအဝင် ပြဿနာများကို ငြိမ်းချမ်းရေး ရရှိအောင် ဖြေရှင်းဆောင်ရွက် မှုများေ ကြာင့် ကျော်ကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment