Saturday 5 April 2014

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ခိုအောင်းနေသည့် ခိုး၊ ဆိုး၊ နှိုက်များကို တိုင်းဒေ သကြီးနှစ်ခုမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးမည်


မန္တလေးမြို့တော် အနီးရှိ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ဆိုက်ကပ်သော သင်္ဘောနှင့် စက်လှေ များပေါ်ရှိ ကုန်ပစ္စည်းများကို ခိုးယူခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက် ယူခြင်းများ ဖြစ်ပေါ်နေပြီး ယင်းကျူး လွန်သူ များသည် အဆိုပါ မြစ်ကြောင်း တစ်လျှောက်ရှိ သဲသောင်ပြင်များတွင် ခိုအောင်းနေသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဧပြီလ ၄ ရက်နေ့မှ စတင်ဖမ်းဆီး သွားမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြား သည်။
မန္တလေးမြို့အနီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်းများ ကို အုပ်စုလိုက် ခိုးယူခြင်း၊ လက်နက်များဖြင့်ပါ ခြိမ်းခြောက်ယူခြင်းများ ဖြစ်ပေါ်မှု များပြားလာသည့်အတွက် မန္တလေးမြို့တော်ရှိ နယ်မြေရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျူးလွန်သူများကို ဖမ်းဆီးခဲ့ပြီး ကျူးလွန်သူများ ၏ ခေါင်းဆောင်များသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သဲသောင်၊ ကျွန်းများတွင် ကျန်ရှိနေသည့် အတွက် ယင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြော ကြား သည်။

“ကျူးလွန်တဲ့ သူတွေကို မန္တလေးတိုင်း ရှမ်းကလေးကျွန်း အနီးမှာ ဖမ်းဆီးရမိခဲ့တယ်။ သူတို့ရဲ့ခေါင်းဆော င်တွေ က စစ်ကိုင်းတိုင်းထဲက သဲသောင်တွေ၊ ကျွန်းတွေမှာ ခိုအောင်း နေတဲ့အတွက် နေရာအတိအကျ သိတာနဲ့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဖမ်းဆီးသွားမှာပါ” ဟု ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

ယင်းသို့ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်းများကို အုပ်စုလိုက် ခိုးယူခြင်း၊ လက်နက်ဖြင့်ပါ ခြိမ်းခြောက်ယူခြင်းများ ဖြစ်ပေါ်မှု များပြားလာသည့် အတွ က် ရေကြော င်း လုံခြုံရေးအတွက် အင်အား ၂၀၀ ကျော်ဖြင့် ဖွဲ့စည်းထားကြောင်း ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး က ထပ်မံပြောကြားသည်။

“အခုတော့ ပစ္စည်းယူတာတွေ၊ ခြောက်လှန့်တာတွေ မလုပ်တော့ဘူး၊ မော်တော်တွေပေါ်မှာ တစ်ညကို ငါးယောက်လောက် ရဲတွေ ကင်းစောင့်တယ်။ စက်လှေတွေနဲ့လည်း မြစ်ကြောင်းကို လှည့်ကင်း ပတ်တယ်” ဟု ဧရာဝတီ မြစ်ကြောင်း ဂေါဝိန်ဆိပ်ရှိ စွမ်းကေကေ ရေကြောင်း ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရှမ်းကလေးကျွန်း အနီးရှိ သဲသောင်ပြင်တွင် တံငါသည်၊ တောင်ယာ လုပ်ကိုင်သူများအဖြစ် ဟန်ဆောင် နေထိုင်ပြီး ညပိုင်းအချိန်တွင် ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင် စက်လှေ၊ သင်္ဘောများရှိ ပစ္စည်းများကို လူအုပ်စုတစ်ခုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ပစ္စည်းလုယူမှုများ ပြုလုပ်နေသူ ၁၈ ဦးကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီက ဖမ်းဆီးမိပြီး အခြားအမှုများ ကျူးလွန်ခြင်းရှိ မရှိ စုံစမ်း စစ်ဆေးလျက်ရှိကာ မသင်္ကာမှုဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြာင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ထပ်မံပြောကြားသည်။

The Voice Weekly

No comments:

Post a Comment