Saturday 5 April 2014

အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်

Photo: အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်
Saturday, April 5, 2014

ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။

ဧပြီ ၄ ရက် ညတွင်  လက်နက်အပြည့်အစုံတပ်ဆင် ထားသော လုံခြုံရေးတပ်ဖွဲ့ဝင် များက လှည့်ကင်းအဖွဲ့များခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေးတိုး မြှင့်ဆောင်ရွက်နေသည်ကို တွေ့ ရသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမှတ် (၄) ရဲတပ်ရင်းများ ကွပ် ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေး မှူး ရဲမှူးကြီး ထွန်းဦးကို ဆက် သွယ်မေးမြန်းရာ ‘‘လှည့်ကင်းတိုး မြှင့်ထားတာပါ။ နောက်ဒီထက် ပို တိုးမြှင့်ဖို့ရှိတယ်။ တခြားနေရာက အဖွဲ့တွေကိုလည်း အင်အားဖြည့် ထားတယ်။ ပြီးတော့ ဒီမှာက ည မထွက်ရ အမိန့်ထုတ်ထားတာ ဆိုတော့ စည်းကမ်းချိုးဖောက်တာ တွေ့ရင် အရေးယူဖို့ အင်အား ထပ်တိုးတာ’’ဟု ပြန်လည်ဖြေ ကြားသည်။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ည ၆ နာရီမှ နံနက် ၆ နာရီထိ ထုတ်ပြန်ထားသော စစ်တွေမြို့ နယ်တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေးထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

‘‘ထွေအုပ်က တစ်ဆင့် ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေကို RSO က အကြမ်းဖက်မှုတွေပြု လုပ်မယ်လို့ သတင်းရလို့ လုံခြုံ ရေးသတိထားဖို့ အကြောင်းကြား ထားတယ်လို့ သိရတယ်’’ဟု စစ် တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင် စာရင်းကာလတွင် စစ်တွေမြို့ အတွင်း တပ်မတော်၊ ရဲတပ်ရင်း နှင့် နယ်မြေခံရဲတပ်ဖွဲ့များ ပူး ပေါင်း၍ လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်နေသည်ကို တွေ့ရ သည်။

‘‘လှည့်ကင်းအဖွဲ့တွေခွဲပြီး လုံခြုံရေး တပ်လှန့်တာပါ’’ ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိ ကပြောသည်။

Author: အောင်ခိုင် / အောင်သစ်လွင်

7Day Daily
ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။
ဧပြီ ၄ ရက် ညတွင်  လက်နက်အပြည့်အစုံတပ်ဆင် ထားသော လုံခြုံရေးတပ်ဖွဲ့ဝင် များက လှည့်ကင်း အဖွဲ့များ ခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေးတိုး မြှင့်ဆောင်ရွက်နေသည်ကို တွေ့ ရသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမှတ် (၄) ရဲတပ်ရင်းများ ကွပ် ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေး မှူး ရဲမှူးကြီး ထွန်းဦးကို ဆက် သွယ်မေးမြန်းရာ ‘‘လှည့်ကင်းတိုး မြှင့်ထားတာပါ။ နောက်ဒီထက် ပို တိုးမြှင့်ဖို့ရှိတယ်။ တခြားနေရာက အဖွဲ့တွေကိုလည်း အင်အားဖြည့် ထားတယ်။ ပြီးတော့ ဒီမှာက ည မထွက်ရ အမိန့်ထုတ် ထား တာ ဆိုတော့ စည်းကမ်းချိုးဖောက်တာ တွေ့ရင် အရေးယူဖို့ အင်အား ထပ်တိုးတာ’’ဟု ပြန်လည်ဖြေ ကြားသည်။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ည ၆ နာရီမှ နံနက် ၆ နာရီထိ ထုတ်ပြန်ထားသော စစ်တွေမြို့ နယ်တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေးထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

‘‘ထွေအုပ်က တစ်ဆင့် ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေကို RSO က အကြမ်းဖက်မှုတွေပြု လုပ်မယ်လို့ သတင်း ရလို့ လုံခြုံ ရေးသတိထားဖို့ အကြောင်းကြား ထားတယ်လို့ သိရတယ်’’ဟု စစ် တွေမြို့မိမြို့ဖ ဦးသန်းထွန်း က ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင် စာရင်းကာလတွင် စစ်တွေမြို့ အတွင်း တပ်မတော်၊ ရဲတပ်ရင်း နှင့် နယ်မြေခံ ရဲတပ်ဖွဲ့များ ပူး ပေါင်း၍ လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်နေသည်ကို တွေ့ရ သည်။

‘‘လှည့်ကင်းအဖွဲ့တွေခွဲပြီး လုံခြုံရေး တပ်လှန့်တာပါ’’ ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိ ကပြောသည်။

Author: အောင်ခိုင် / အောင်သစ်လွင်
7Day Daily

No comments:

Post a Comment