Saturday 5 April 2014

ရွှေ့ပြောင်း ခေါ် ဆောင် လာ သော သမီး ကလေး ကျေးရွာမှ မိသားစု များအား ကရင်ပြည်နယ် အစိုးရ အဖွဲ့က နေရပ်သို့ ပြန်လည် ပို့ဆောင်ရန် ညှိနှိုင်းခဲ့

Photo: ရွှေ့ပြောင်း ခေါ် ဆောင် လာ သော သမီး ကလေး ကျေးရွာမှ မိသားစု များ အား ကရင်ပြည်နယ် အစိုးရ အဖွဲ့က နေရပ်သို့ ပြန်လည် ပို့ဆောင်ရန် ညှိနှိုင်းခဲ့
Saturday, April 5, 2014

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA) ကလိုထူးဘော တပ်ဖွဲ့က ရန်ကုန်တိုင်းဒေသကြီး သမီးကလေး ကျေးရွာမှ မိသားစုများအား ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် နေရာချထားပေး ရန် ခေါ်ဆောင်လာခဲ့ကြောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့က အဆိုပါ ရွှေ့ပြောင်း နေရာချထားမည့် နေရာမှာ စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများ ရှိနိုင်သည့်အတွက် ခေါ်ဆောင်လာ သည့် နေရပ်သို့သာ ပြန်လည် ပို့ဆောင်ရန် ဧပြီ ၂ ရက်က သွားရောက် ညှိနှိုင်းခဲ့ကြောင်း၊ ခေါ်ဆောင်လာသော အဖွဲ့များက ၎င်းတို့အား ဘုရားဖူး ပို့ဆောင်ပြီးပါက နေရပ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဟု ပြန်လည် ညှိနှိုင်းခဲ့သဖြင့် ကရင်ပြည်နယ် အစိုးရ အဖွဲ့က ဘုရားဖူး ခရီးစဉ်အတွက် အလှူငွေများနှင့် အအေးဘူးများ၊ စားစရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။ 

ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းတွင် ခိုလှုံလျက် ရှိသော သမီးကလေး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသား ၂၈ဝ ခန့်အား DKBA ကလိုထူးဘောတပ်ဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိ ဦးစောဆန်းအောင် ဦးစီးအဖွဲ့က မြဝတီမြို့နယ် ကျောက်ခေတ်ကျေးရွာ တွင် နေရာ ချထားပေးရန် (၁ဝ)ဘီးယာဉ် (၄)စီး၊ ယာဉ်ငယ်(၄)စီး တို့ဖြင့် ခေါ်ဆောင်လာရာ ဧပြီ(၂)ရက် နံနက်(၁၁)နာရီခန့်တွင် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ် နယ်စပ်ရှိ ဒုံသမိတံတားသို့ ရောက်ရှိ လာခဲ့ကြောင်း။

ကရင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများက ဦးစောဆန်းအောင်နှင့် ရွာသူရွာသားများအား တွေ့ဆုံ၍ ကရင်ပြည်နယ်အတွင်း ယခုအချိန်သည် ငြိမ်းချမ်းရေး တည်ဆောက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် ကာလဖြစ်သည့် အလျောက် တစ်ချိန်က ပြည်တွင်း ပဋိပက္ခကြောင့် ရွှေ့ပြောင်း နေ ထိုင်နေကြရသူ များအား ပြန် လည် နေရာ ချထားရေး၊ တစ်ဖက်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် ရောက် ရှိနေသော မြန်မာနိုင်ငံ သားများအား ပြန်လည် လက်ခံပြီး နေရာချထားပေးရေး၊ ထိုသို့ နေရာချထားရေး ကိစ္စရပ်များအား ငြိမ်းချမ်းရေး အဖွဲ့အစည်း များနှင့် ညှိနှိုင်း ဆွေးနွေးခြင်း၊နေရာများ လျာထား သတ်မှတ်ခြင်း တို့ကို ဆောင်ရွက်နေဆဲ ကာလတွင် ယခုကဲ့သို့ ပြည်တွင်းမှ လူအုပ်စုအလိုက် ရွှေ့ပြောင်း နေရာချထားရေး အစီအစဉ်မှာ အခက်အခဲများ ရှိကြောင်း၊ ယခုကာလမှာ ရာသီဥတု ပူပြင်းသည့် အချိန်ဖြစ်သည့် အလျောက် နေရာသစ်တွင် နေရေး၊ စားရေးမှအစ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အခက်အခဲများ ရှိနိုင်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ခေါ်ဆောင်လာသည့် နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးသင့်သည်ဟု ညှိနှိုင်းခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ညှိနှိုင်းချက်အား ဦးစောဆန်းအောင်က လက်ခံခဲ့ပြီး ၎င်းခေါ်ဆောင်လာသည့် မိသားစုများအား ကျိုက္ခမီ၊ စက်စဲတို့သို့ ပို့ဆောင်ပေးပြီးပါက နေရပ်ပြန်ပို့ရန် စီစဉ်မည်ဟု ပြောကြားခဲ့ ကြောင်း၊ ထို့နောက် အဆိုပါ အဖွဲ့သည် ဧပြီ(၂)ရက် ည(၇)နာရီခန့်တွင် မွန်ပြည်နယ်ဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့က ထိုအဖွဲ့အား လူအင်အား(၃ဝဝ)စာ အအေး၊ စားစရာ များနှင့် ဘုရားဖူး ခရီးစဉ်အတွက် လှူဒါန်းနိုင်ရန် ငွေကျပ်(၅)သိန်း တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်း ရရှိသည်။

မြ၀တီ
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA) ကလိုထူးဘော တပ်ဖွဲ့က ရန်ကုန် တိုင်းဒေသကြီး သမီးကလေး ကျေးရွာမှ မိသားစုများအား ကရင်ပြည်နယ် မြဝတီမြို့နယ် တွင် နေရာ ချ ထားပေး ရန် ခေါ်ဆောင်လာခဲ့ကြောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့က အဆိုပါ ရွှေ့ပြောင်း နေရာချထား မည့် နေရာမှာ စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများ ရှိနိုင်သည့် အတွက် ခေါ်ဆောင်လာ သည့် နေရပ်သို့သာ ပြန်လည် ပို့ဆောင်ရန် ဧပြီ ၂ ရက်က သွားရောက် ညှိနှိုင်း ခဲ့ကြောင်း၊ ခေါ်ဆောင်လာသော အဖွဲ့များက ၎င်းတို့အား ဘုရားဖူး ပို့ဆောင်ပြီးပါက နေရပ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဟု ပြန်လည် ညှိနှိုင်းခဲ့သဖြင့် ကရင်ပြည်နယ် အစိုးရ အဖွဲ့က ဘုရားဖူး ခရီးစဉ်အတွက် အလှူငွေများနှင့် အအေးဘူးများ၊ စားစရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းတွင် ခိုလှုံလျက် ရှိသော သမီးကလေး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသား ၂၈ဝ ခန့်အား DKBA ကလိုထူးဘောတပ်ဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိ ဦးစောဆန်းအောင် ဦးစီးအဖွဲ့က မြဝတီမြို့နယ် ကျောက်ခေတ်ကျေးရွာ တွင် နေရာ ချထားပေးရန် (၁ဝ)ဘီးယာဉ် (၄)စီး၊ ယာဉ်ငယ်(၄)စီး တို့ဖြင့် ခေါ်ဆောင်လာရာ ဧပြီ(၂)ရက် နံနက်(၁၁)နာရီခန့်တွင် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ် နယ်စပ်ရှိ ဒုံသမိတံတားသို့ ရောက်ရှိ လာခဲ့ကြောင်း။

ကရင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများက ဦးစောဆန်းအောင်နှင့် ရွာသူရွာသားများအား တွေ့ဆုံ၍ ကရင်ပြည်နယ်အတွင်း ယခုအချိန်သည် ငြိမ်းချမ်းရေး တည်ဆောက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ သည့် ကာလဖြစ်သည့် အလျောက် တစ်ချိန်က ပြည်တွင်း ပဋိပက္ခကြောင့် ရွှေ့ပြောင်း နေ ထိုင်နေကြရသူ များအား ပြန် လည် နေရာ ချထားရေး၊ တစ်ဖက်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် ရောက် ရှိနေသော မြန် မာနိုင်ငံ သားများအား ပြန်လည် လက်ခံပြီး နေရာချထားပေးရေး၊ ထိုသို့ နေရာချထားရေး ကိစ္စရပ်များအား ငြိမ်းချမ်းရေး အဖွဲ့အစည်း များနှင့် ညှိနှိုင်း ဆွေးနွေးခြင်း၊နေရာများ လျာထား သတ်မှတ်ခြင်း တို့ကို ဆောင်ရွက်နေ ဆဲ ကာလတွင် ယခုကဲ့သို့ ပြည်တွင်းမှ လူအုပ်စုအလိုက် ရွှေ့ပြောင်း နေရာ ချထားရေး အစီအစဉ်မှာ အခက်အခဲများ ရှိကြောင်း၊ ယခုကာလမှာ ရာသီဥတု ပူပြင်းသည့် အချိန်ဖြစ်သည့် အလျောက် နေရာသစ်တွင် နေရေး၊ စားရေးမှအစ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အခက်အခဲများ ရှိနိုင်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ခေါ်ဆောင်လာသည့် နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးသင့်သည်ဟု ညှိနှိုင်းခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ညှိနှိုင်းချက်အား ဦးစောဆန်းအောင်က လက်ခံခဲ့ပြီး ၎င်းခေါ်ဆောင်လာသည့် မိသားစုများအား ကျိုက္ခမီ၊ စက်စဲတို့သို့ ပို့ဆောင်ပေးပြီးပါက နေရပ်ပြန်ပို့ရန် စီစဉ်မည်ဟု ပြော ကြား ခဲ့ ကြောင်း၊ ထို့နောက် အဆိုပါ အဖွဲ့သည် ဧပြီ(၂)ရက် ည(၇)နာရီခန့်တွင် မွန်ပြည်နယ်ဘက်သို့ ဆက် လက် ထွက်ခွာသွားကြောင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့က ထိုအဖွဲ့အား လူအင်အား(၃ဝဝ)စာ အအေး၊ စားစရာ များနှင့် ဘုရားဖူး ခရီးစဉ်အတွက် လှူဒါန်းနိုင်ရန် ငွေကျပ်(၅)သိန်း တို့ကို ထောက် ပံ့ပေးခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment