Saturday 5 April 2014

လှည်းကူး ရန်ပွဲ ၉ ဦးဒဏ်ရာရ

Photo: လှည်းကူး ရန်ပွဲ ၉ ဦးဒဏ်ရာရ
Saturday, April 5, 2014

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်းတဲ့ ဗမာနဲ့မွတ်စလင်ဈေးဆိုင်နှစ်ဆိုင်က လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာကနေအစပြုပြီး၊ ဆူပူမှုတွေဖြစ်ပွါးခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ခိုက်ရန်ဖြစ်တဲ့ ဆိုင်နှစ်ဆိုင်မှာ ဆိုင်တဆိုင်က မွတ်စလင်လူငယ်က ကတ်ကြေးနဲ့ ထိုးလိုက်တဲ့အတွက် အထိုးခံရတဲ့တဘက်ဆိုင်က ဗမာလူငယ် မျက်လုံးအောက်နား ထိခိုက်သွားပြီး ဆေးရုံတင်လိုက်ရ ပါတယ်။

အဲဒီလိုဖြစ်ပြီးတဲ့နောက် လူတချို့က ပြစ်မှုကျူးလွန် သူလူငယ်သွားရောက် ပုန်းအောင်းခဲ့တဲ့ အိမ်ကို ဝိုင်းပြီး ဖျက်ဆီးကြသလို၊ မြို့ထဲကနေအိမ်တွေ နဲ့ဈေးဆိုင်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေထဲက အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂ ယောက် ရန်ကုန်မြို့ပေါ်ကိုဆေးကု ဖို့ ရောက်လာတဲ့အကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်း ကိုထွန်းကြည် က RFA ကိုပြောပါတယ်။

"လှည်းကူးကနေပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ၈ ယောက်သယ်လာ တယ်လေ၊ မ က ၆ ယောက်၊ကျား က ၂ ယောက် မင်္ဂလာတောင်ညွန့်မှာ ၉၂ လမ်းနဲ့ ဒေါ်သိန်းတင်လမ်းမှာ ၄ ယောက်၊၁၁၈ လမ်းမှာ ၄ ယောက် သူတို့ကဒဏ်ရာတွေနဲ့ဗျ၊ဒါပေမဲ့ စိတ်မကောင်းစရာက ဒဏ်ရာရနေတဲ့ လူနာတွေကို ရန်ကုန်တိုင်းရဲက အထကက် ပရက်ရှာ နဲ့ဆေးရုံ ကနေပြီးတော့ ဆေးလေးထည့်ပေးတယ်၊ပတ်တီးလေးစည်းပေးပြီး ချက်ချင်းဆင်းခိုင်းတယ် "

ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့လူငယ်ကို ရဲကအခုဖမ်းဆီးထိမ်းသိမ်း ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြေအနေတွေထိမ်းသိမ်းနိုင်ဖို့ ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီချထားလိုက် သလို ပုဒ်မ ၁၈၈ ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့လည်း လှည်းကူးမြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ကျအရာရှိရော၊ လှည်းကူးရဲစခန်းကပါ တာဝန်ကျဝန်ထမ်းတဦးကပါ အတည်ပြု ပြောဆို ပါတယ်။

RFA Burmese
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်းတဲ့ ဗမာနဲ့မွတ်စလင်ဈေးဆိုင်နှစ်ဆိုင်က လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာကနေအစပြုပြီး၊ ဆူပူမှုတွေဖြစ်ပွါးခဲ့တဲ့ အတွက် အနည်းဆုံး လူ ၉ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ခိုက်ရန်ဖြစ်တဲ့ ဆိုင်နှစ်ဆိုင်မှာ ဆိုင်တဆိုင်က မွတ်စလင်လူငယ်က ကတ်ကြေးနဲ့ ထိုးလိုက်တဲ့အတွက် အထိုးခံရတဲ့တဘက်ဆိုင်က ဗမာလူငယ် မျက်လုံးအောက်နား ထိခိုက်သွားပြီး ဆေးရုံတင်လိုက်ရ ပါတယ်။

အဲဒီလိုဖြစ်ပြီးတဲ့နောက် လူတချို့က ပြစ်မှုကျူးလွန် သူလူငယ်သွားရောက် ပုန်းအောင်းခဲ့တဲ့ အိမ်ကို ဝိုင်းပြီး ဖျက်ဆီးကြသလို၊ မြို့ထဲကနေအိမ်တွေ နဲ့ဈေးဆိုင်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေထဲက အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂ ယောက် ရန်ကုန်မြို့ပေါ်ကိုဆေးကု ဖို့ ရောက်လာတဲ့အကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်း ကိုထွန်းကြည် က RFA ကိုပြောပါတယ်။

"လှည်းကူးကနေပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ၈ ယောက်သယ်လာ တယ်လေ၊ မ က ၆ ယောက်၊ကျား က ၂ ယောက် မင်္ဂလာတောင်ညွန့်မှာ ၉၂ လမ်းနဲ့ ဒေါ်သိန်းတင်လမ်းမှာ ၄ ယောက်၊ ၁၁၈ လမ်းမှာ ၄ ယောက် သူတို့ကဒဏ်ရာတွေနဲ့ဗျ၊ဒါပေမဲ့ စိတ်မကောင်းစရာက ဒဏ်ရာရနေတဲ့ လူနာတွေကို ရန်ကုန် တိုင်းရဲက အထကက် ပရက်ရှာ နဲ့ဆေးရုံ ကနေပြီးတော့ ဆေးလေးထည့်ပေးတယ်၊ ပတ်တီးလေး စည်းပေးပြီး ချက်ချင်းဆင်းခိုင်းတယ် "

ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့လူငယ်ကို ရဲကအခုဖမ်းဆီးထိမ်းသိမ်း ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြေအနေတွေထိမ်းသိမ်းနိုင်ဖို့ ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီချထားလိုက် သလို ပုဒ်မ ၁၈၈ ညနေ ၆ နာရီ ကနေ မနက် ၆ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့လည်း လှည်းကူးမြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ကျအရာရှိရော၊ လှည်းကူးရဲစခန်းကပါ တာဝန်ကျဝန်ထမ်းတဦးကပါ အတည်ပြု ပြောဆို ပါတယ်။

RFA Burmese

No comments:

Post a Comment