Saturday 5 April 2014

လွှတ်တော်ကိုယ်စားလှယ်၏ခြံဝင်းအတွင်း တရားမဝင်သစ်များဖမ်းမိဟုဆို

Photo: လွှတ်တော်ကိုယ်စားလှယ်၏ခြံဝင်းအတွင်း တရားမဝင်သစ်များဖမ်းမိဟုဆို
Saturday, April 5, 2014

သီပေါ− သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၏ခြံ ဝင်း အတွင်းတွင် တရားမဝင်သစ်များ ရှိသည်ဆိုသည့် ဒေသခံတစ်ဦး၏ တိုင်ကြားချက်ကြောင့် ဧပြီ ၂ ရက်၌ တာဝန်ရှိသူများက အဆို ပါသစ်များကို သိမ်းဆည်းထားခဲ့ ကြောင်း ကျောက်မဲခရိုင်သစ် တောဦးစီးမှူး ဦးမောင်မောင်က ပြောသည်။

အဆိုပါခြံဝင်းမှာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်လမ်း ကြားတွင်တည်ရှိပြီး ခြံဝင်းအတွင်း၌ ပရိဘောဂနှင့် သစ်ခွဲလုပ်ငန်း များကို လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်း၏ ဇနီးနှင့်သားတို့ က လုပ်ကိုင်ကြခြင်းဖြစ်သည်။

အဆိုပါသစ်များကို သစ် တောဦးစီးဌာနက လာရောက် သိမ်းဆည်းသွားခြင်းဖြစ်ပြီး မည် မျှပမာဏရှိသည်ဆိုသည်ကို စစ် ဆေးဆဲဖြစ်သည်။ သိမ်းဆည်း ထားသောသစ်များကို လာရောက်တိုင်းတာစစ်ဆေးနေသည့် ခရိုင် သစ်တောဦးစီးမှူးက လက်ရှိ အချိန်တွင် သစ်များကို တိုင်း တာနေဆဲဖြစ်ကြောင်း၊ သတင်း အတိအကျထုတ်ပြန်ပေးနိုင်ခြင်း မရှိကြောင်း ဦးမောင်မောင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ သီပေါမြို့ရဲစခန်းသို့ မေးမြန်း ရာ သစ်တောမှတိုက်ရိုက်ဝင် ရောက်စစ်ဆေးခြင်းဖြစ်သဖြင့် စ ခန်းနှင့်မသက်ဆိုင်ကြောင်း သီ ပေါမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သိမ်းဆည်းထားသည့်သစ် အရေအတွက်တန်ပမာဏမှာ ဒေသခံများ၏ခန့်မှန်းချက်အရ ၁၀ တန်ကျော်အထက်ရှိကြောင်း သိရသည်။

အဆိုပါတရားမဝင်ဟုဆို သောသစ်များကိစ္စနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်းက ‘‘ကျွန်တော်တို့ မှာ စာရွက်စာတမ်းတွေရှိတယ်။ အခုဒါကို သစ်တောကစစ်နေ တုန်းပဲရှိသေးတယ်။ သစ်ပမာဏ က ဘယ်လောက်ရှိသလဲဆိုတာ လည်းမသိရသေးဘူး။ သစ်တော က ခုချိန်ထိတရားမဝင်သစ်လို့ လည်းမပြောရသေးဘူး။ စာရွက် တွေလည်းပေးထားပါတယ်’’ဟု ပြောကြားသည်။

ပရိဘောဂလုပ်ငန်းမှာ ၎င်း ၏ဇနီးနှင့်သားတို့လုပ်ကိုင်နေ ခြင်းဖြစ်ပြီး သူ့အနေနှင့်အရောင်း အဝယ်ကိစ္စများကို မမေးမြန်းမိ ကြောင်းဦးရဲထွန်းကပြောသည်။
‘‘ကျွန်တော်ကိုယ်တိုင် သစ် တောကိုသွားတိုင်ပြီးဖမ်းခိုင်းတာ ပါ။ တရားမဝင်သစ်တွေရှိနေ တယ်ဆိုတာ သတင်းရတာကြာ နေပါပြီ။ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်ရဲ့အိမ်ဖြစ်တာ ကြောင့်မို့လို့ ဒီလိုမျိုးအများသိ အောင်တိုင်လိုက်တာပါ’’ဟု အဆိုပါသစ်များကို ဖမ်းဆီးရန် သတင်းပေးတိုင်ကြားသူ သီပေါ မြို့မှဦးဒေါ်လာက ပြောသည်။

Author: ကံသာ(လားရှိုး)
7Day Daily
သီပေါ− သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၏ခြံ ဝင်း အတွင်းတွင် တရားမဝင်သစ်များ ရှိ သည် ဆိုသည့် ဒေသခံတစ်ဦး၏ တိုင်ကြားချက်ကြောင့် ဧပြီ ၂ ရက်၌ တာဝန်ရှိသူများက အဆိုပါ သစ် များ ကို သိမ်းဆည်းထားခဲ့ ကြောင်း ကျောက်မဲခရိုင်သစ် တောဦးစီးမှူး ဦးမောင်မောင်က ပြောသည်။
အဆိုပါခြံဝင်းမှာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်လမ်း ကြားတွင်တည်ရှိပြီး ခြံဝင်းအတွင်း၌ ပရိဘော ဂနှင့် သစ်ခွဲလုပ်ငန်း များကို လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်း၏ ဇနီးနှင့်သားတို့ က လုပ်ကိုင်ကြခြင်းဖြစ် သည်။

အဆိုပါသစ်များကို သစ် တောဦးစီးဌာနက လာရောက် သိမ်းဆည်းသွားခြင်းဖြစ်ပြီး မည် မျှပမာဏရှိ သည်ဆိုသည်ကို စစ် ဆေးဆဲဖြစ်သည်။ သိမ်းဆည်း ထားသောသစ်များကို လာရောက်တိုင်းတာ စစ်ဆေးနေ သည့် ခရိုင် သစ်တောဦးစီးမှူးက လက်ရှိ အချိန်တွင် သစ်များကို တိုင်းတာနေ ဆဲဖြစ်ကြောင်း၊ သတင်း အတိအကျထုတ်ပြန်ပေးနိုင်ခြင်း မရှိကြောင်း ဦးမောင်မောင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ သီပေါမြို့ရဲစခန်းသို့ မေးမြန်း ရာ သစ်တောမှတိုက်ရိုက် ၀င် ရောက် စစ်ဆေးခြင်းဖြစ်သဖြင့် စ ခန်းနှင့်မသက်ဆိုင်ကြောင်း သီ ပေါမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။ သိမ်းဆည်းထားသည့်သစ် အရေအတွက်တန်ပမာဏမှာ ဒေသခံများ၏ခန့်မှန်းချက်အရ ၁၀ တန်ကျော် အထက်ရှိကြောင်း သိရသည်။

အဆိုပါတရားမဝင်ဟုဆို သောသစ်များကိစ္စနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်းက ‘‘ကျွန်တော်တို့ မှာ စာရွက်စာတမ်းတွေရှိတယ်။ အခုဒါကို သစ်တောကစစ်နေ တုန်းပဲရှိသေးတယ်။ သစ်ပမာဏ က ဘယ်လောက်ရှိသလဲဆိုတာ လည်းမသိရသေးဘူး။ သစ်တော က ခုချိန်ထိတရားမဝင် သစ်လို့ လည်းမပြောရသေးဘူး။ စာရွက် တွေလည်းပေးထားပါတယ်’’ဟု ပြောကြားသည်။

ပရိဘောဂလုပ်ငန်းမှာ ၎င်း ၏ဇနီးနှင့်သားတို့လုပ်ကိုင်နေ ခြင်းဖြစ်ပြီး သူ့အနေနှင့်အရောင်း အဝယ်ကိစ္စများ ကို မမေးမြန်းမိ ကြောင်းဦးရဲထွန်းကပြောသည်။
‘‘ကျွန်တော်ကိုယ်တိုင် သစ် တောကိုသွားတိုင်ပြီးဖမ်းခိုင်းတာ ပါ။ တရားမဝင်သစ်တွေရှိနေ တယ်ဆိုတာ သတင်းရတာကြာ နေပါပြီ။ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်ရဲ့အိမ်ဖြစ်တာ ကြောင့်မို့လို့ ဒီလိုမျိုးအများသိ အောင်တိုင်လိုက်တာပါ’’ဟု အဆိုပါသစ်များကို ဖမ်းဆီးရန် သတင်းပေးတိုင်ကြားသူ သီပေါ မြို့မှဦးဒေါ်လာက ပြောသည်။

Author: ကံသာ(လားရှိုး)
7Day Daily

No comments:

Post a Comment