Saturday 5 April 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် သုံးနှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲနှင့် ရန်ပုံငွေဂီတပွဲတွင် ပညာရေးအစီအစဉ်များဖြင့် ကျင်းပပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက် သုံးနှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲနှင့် ရန်ပုံငွေ ဂီတဖျော်ဖြေ ပွဲအား ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ (MCC) ခန်းမတွင် ၂၀၁၄ ခုနှစ် ဧပြီ ၄ ရက်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရေး၊ အခမဲ့ပညာဒါနကျောင်းများ ကူညီထောက်ပံ့ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ပေးခြင်း၊ အသက်မွေး ၀မ်းကျောင်း ပညာသင်ကျောင်းများ တည်ထောင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပညာရေးကွန်ရက် သုံးနှစ်ပြည့်အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ခဲ့ပြီး သမ္မတရုံး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်တကွ အနုပညာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ယင်းအထိမ်းအမှတ်အခမ်းအနား ကျင်းပမည့် ၂၀၁၄ ခုနှစ် ဧပြီ ၅ ရက် ဒုတိယမြောက်နေ့တွင် ပညာရေး ကွန်ရက် အနာဂတ်လုပ်ငန်းများများ တွက်သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စစ်ဆေးခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် စဉ်း စားတွေးခေါ်မှု သင်ခန်းစာများ၊ ကျောင်းသားများစိတ်ပါဝင်စားမှုနှင့် ယုံကြည်ကိုးစားမှု အခြေ အနေ၊ ကျောင်းသားမိဘများနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ပညာဒါနကျောင်းများ စီမံခန့်ခွဲမှုနှင့် အနာဂတ်ဆရာ၊ ဆရာမများ၏ စွမ်းရည်မြှင့်တင်မှု ပညာရေးအစီအစဉ် ခေါင်းစဉ်များဖြင့် ပါဝင်မည်ဖြစ် သည်။       

Eleven Media Group

No comments:

Post a Comment