Saturday 5 April 2014

အာဖဂန် သမ္မတရွေးကောက်ပွဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀,၀၀၀ အသုံးပြု

Photo: အာဖဂန် သမ္မတရွေးကောက်ပွဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀,၀၀၀ အသုံးပြု
Saturday, April 5, 2014

အာဖဂန်သမ္မတ ရွေးကောက်ပွဲကို လာမည့် စနေနေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသဖြင့် လုံခြုံရေး တင်းကျပ်ထားပြီး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀,၀၀၀ အသုံးပြု ကာကွယ်ထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲကို ဖျက်ဆီးသွားမည်ဟု တာလီဘန်များက ခြိမ်းခြောက် ထားသဖြင့် အာဖဂန်နိုင်ငံတစ်ဝန်း လုံခြုံရေး တင်းကျပ်ထားပြီး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀,၀၀၀ ခန့်အသုံးပြု လုံခြုံရေး ဆောင်ရွက်လျက် ရှိသည်။

မဲဆန္ဒရုံများ အနီးတွင် လုံခြုံရေး စည်းဝိုင်းများ တည်ဆောက်ထားပြီး ရဲတပ်ဖွဲ့ဝင်များမှာ အလယ်ဗဟိုတွင် နေရာယူထားကာ စစ်သား ရာပေါင်းများစွာက အပြင်မှ ဝန်းရံထားသည်။
ထို့အပြင် သတင်းအချက်အလက်များ ပေးပို့ပိုင်ခွင့်ကိုလည်း ကန့်သတ်ထားပြီး ကိုယ်စားလှယ်များအကြောင်း ထုတ်လွှင့် ရေးသားခွင့်ကိုလည်း အကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မည်သည့် ကိုယ်စားလှယ်လောင်းမှ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော် မရရှိပါက ဒုတိယအကျော့ ရွေးကောက်ပွဲများ ဆက်လက် ကျင်းပရမည် ဖြစ်သည်။

လက်ရှိ ကျင်းပနေသော သမ္မတ ရွေးကောက်ပွဲသည် တာလီဘန်များ ထွတ်ပြေးသွားပြီးနောက် တတိယအကြိမ်မြောက် ကျင်းပသော ရွေးကောက်ပွဲ ဖြစ်ပြီး အကြမ်းဖက်မှုများ၊ မသမာမှုများ၊ အပြန်အလှန် စွပ်စွဲမှုများ ပေါ်ပေါက်လာမည်မှာ သေချာကြောင်း ကဘူးမြို့တော်ရှိ BBC သတင်းထောက်က သုံးသပ်သည်။

ရွေးကောက်ပွဲ မတိုင်ခင် ကာလတွင်ပင် သွေးထွက်သံယိုမှုများ အများအပြား ဖြစ်ပွားနေပြီး ရွေးကောက်ပွဲ မသမာမှုများ ဖြစ်ပေါ်မည်ဟုလည်း အများက စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း နိုင်ငံရေး ယဉ်ကျေးမှုမှာ တဖြည်းဖြည်း စတင်ပုံပေါ်လာပြီ ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်လောင်း ရှစ်ဦးထိ ပါဝင်ယှဉ်ပြိုင်နေပြီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဒူလာအဒူလာ၊ ဇယ်မိုင်ရောဆို၊ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဂါဇီအာမတ်ဇိုင်းတို့ ပါဝင်ကြသည်။

ဆက်ဆံရေး တင်းမာနေသော အမေရိကန်-အာဖဂန် စစ်ဆင်ရေးကို ပြန် လည် ပြင်ဆင်နိုင်ရန် ရွေးကောက်ပွဲက အခွင့်အရေး ပေးနိုင်မည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နိုင်ငံကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ဆက်လက် ထောက်ပံ့ရေးအတွက် တည်ငြိမ်မှုရှိပြီး လက်ခံနိုင်ဖွယ်ရှိသည့် နိုင်ငံရေး ကူးပြောင်းမှုမှာ အရေးပါကြောင်း အိမ်ဖြူတော် သတင်းစာ မီဒီယာဆိုင်ရာ အတွင်းဝန် ဂျေးကယ်ရီက ပြောကြားသည်။

အမေရိကန် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကို အာဖဂန်၌ ဆက်လက်တပ်စွဲရေး ခွင့်ပြုပေးမည့် နှစ်နိုင်ငံလုံခြုံရေး စာချုပ် ချုပ်ဆိုရေးကို အာဖဂန်သမ္မတ ကာဇိုင်းက ပြီးခဲ့သည့် နှစ်အတွင်း ငြင်းဆိုပြီးသည့် နောက်တွင် အမေရိကန်-အာဖဂန် ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။

The Voice Weekly
အာဖဂန်သမ္မတ ရွေးကောက်ပွဲကို လာမည့် စနေနေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသဖြင့် လုံခြုံရေး တင်းကျပ်ထားပြီး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀,၀၀၀ အသုံးပြု ကာကွယ်ထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲကို ဖျက်ဆီးသွားမည်ဟု တာလီဘန်များက ခြိမ်းခြောက် ထားသဖြင့် အာဖဂန်နိုင်ငံတစ်ဝန်း လုံခြုံရေး တင်းကျပ်ထားပြီး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀,၀၀၀ ခန့်အသုံးပြု လုံခြုံရေး ဆောင်ရွက်လျက် ရှိသည်။

မဲဆန္ဒရုံများ အနီးတွင် လုံခြုံရေး စည်းဝိုင်းများ တည်ဆောက်ထားပြီး ရဲတပ်ဖွဲ့ဝင်များမှာ အလယ်ဗဟို တွင် နေ ရာ ယူ ထားကာ စစ်သား ရာပေါင်းများစွာက အပြင်မှ ဝန်းရံထားသည်။ ထို့အပြင် သတင်းအချက် အလက်များ ပေးပို့ပိုင်ခွင့်ကိုလည်း ကန့်သတ်ထားပြီး ကိုယ်စားလှယ်များအကြောင်း ထုတ်လွှင့် ရေးသားခွင့် ကိုလည်း အကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မည်သည့် ကိုယ်စားလှယ်လောင်းမှ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော် မရရှိပါက ဒုတိယအကျော့ ရွေးကောက်ပွဲများ ဆက်လက် ကျင်းပရမည် ဖြစ်သည်။

လက်ရှိ ကျင်းပနေသော သမ္မတ ရွေးကောက်ပွဲသည် တာလီဘန်များ ထွတ်ပြေးသွားပြီးနောက် တတိယ အကြိမ်မြောက် ကျင်းပသော ရွေးကောက်ပွဲ ဖြစ်ပြီး အကြမ်းဖက်မှုများ၊ မသမာမှုများ၊ အပြန်အလှန် စွပ်စွဲမှု များ ပေါ်ပေါက်လာမည်မှာ သေချာကြောင်း ကဘူးမြို့တော်ရှိ BBC သတင်းထောက်က သုံးသပ်သည်။

ရွေးကောက်ပွဲ မတိုင်ခင် ကာလတွင်ပင် သွေးထွက်သံယိုမှုများ အများအပြား ဖြစ်ပွားနေပြီး ရွေးကောက်ပွဲ မသမာမှုများ ဖြစ်ပေါ်မည်ဟုလည်း အများက စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း နိုင်ငံရေး ယဉ်ကျေးမှုမှာ တဖြည်းဖြည်း စတင်ပုံပေါ်လာပြီ ဖြစ်ကြောင်း BBC သတင်း တွင် ဖော်ပြ ထားသည်။

ကိုယ်စား လှယ်လောင်း ရှစ်ဦးထိ ပါဝင်ယှဉ်ပြိုင်နေပြီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဒူလာအဒူလာ၊ ဇယ်မိုင်ရောဆို၊ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဂါဇီအာမတ်ဇိုင်းတို့ ပါဝင်ကြသည်။

ဆက်ဆံရေး တင်းမာနေသော အမေရိကန်-အာဖဂန် စစ်ဆင်ရေးကို ပြန် လည် ပြင်ဆင်နိုင်ရန် ရွေးကောက် ပွဲက အခွင့်အရေး ပေးနိုင်မည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နိုင်ငံကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ဆက်လက် ထောက်ပံ့ရေးအတွက် တည်ငြိမ်မှုရှိပြီး လက်ခံနိုင်ဖွယ်ရှိသည့် နိုင်ငံရေး ကူးပြောင်းမှုမှာ အရေးပါကြောင်း အိမ်ဖြူတော် သတင်းစာ မီဒီယာဆိုင်ရာ အတွင်းဝန် ဂျေးကယ်ရီက ပြောကြားသည်။

အမေရိကန် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကို အာဖဂန်၌ ဆက်လက်တပ်စွဲရေး ခွင့်ပြုပေးမည့် နှစ်နိုင်ငံလုံခြုံရေး စာချုပ် ချုပ်ဆိုရေးကို အာဖဂန်သမ္မတ ကာဇိုင်းက ပြီးခဲ့သည့် နှစ်အတွင်း ငြင်းဆိုပြီးသည့် နောက်တွင် အမေရိကန်-အာဖဂန် ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။

The Voice Weekly

No comments:

Post a Comment