Saturday 5 April 2014

ကျောင်းသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၁၀၀၀ ခန့် ပေးအပ်မည့် IELTS ပညာသင်ဆု ဗြိတိသျှကောင်စီမှ ပေးအပ်သွားမည်

ကျောင်းသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၁၀၀၀ ခန့် ပေးအပ်မည့် IELTS ပညာသင်ဆုများကို ယခုနှစ်မစတင်၌ ဗြိတိသျှကောင် စီမှ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ပညာသင်ဆုပေးအပ်ရာတွင် အမျိုးအစားပုံစံနှစ်မျိုးဖြင့် ပေးအပ်သွားမည်ဟုသိရသည်။
ပထမတစ်မျိုးမှာ မြန်မာနိုင်ငံတွင်နေထိုင်သည့် ကျောင်းသားနှစ်ဦးအား နှင့် ဒုတိယတစ်မျိုးမှာ အရှေ့ အာရှ ကျောင်းသားသုံးဦးအား စတာလင်ပေါင် ၂၅၀၀ခန့် (ကန်ဒေါ်လာ ၄,၁၀၀၀)ခန့် ပညာသင် ဆုပေး အပ် မည်ဖြစ်သည်။

အရှေ့အာရှ အစီအစဉ်အတွက်မူ မြန်မာ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေး ရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း နှင့် ဗီယက်နမ် တို့ ပါရှိမည်ဖြစ်ပြီး တက်ရောက် ရမည့်ကျောင်း သို့ တိုက်ရိုက်ငွေသွင်းစနစ် ပြုလုပ်မည်ဖြစ်သည်ဟု ဗြိတိသျှကောင်စီမှ သိရသည်။ ပြည်တွင်းမှ လျှောက် ထားသူများ အနေဖြင့် • မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်သူ • မြန်မာနိုင်ငံပြင်ပတွင် ၂၀၁၄ ပညာသင်နှစ်မှ စ၍ ဘွဲ့ကြို (undergraduate)နှင့် ဘွဲ့လွန် (postgraduate) ပညာသင်ကြားမည့်သူ • IELTS လက်မှတ် အား ဝင်ခွင့်လိုအပ်ချက် တစ်ခုအနေဖြင့် လက်ခံသောတက္ကသိုလ်တွင် တက်မည့်သူ • အနည်းဆုံး IELTS overall band score 6 ရရှိသူ • IELTS စာမေးပွဲအား ဗြိတိသျှကောင်စီ တွင် ဖြေဆိုထားသူ • ၂၀၁၄ ဇွန်လ ၂၇ မတိုင်မီ မိမိလျှောက်ထားသော တက္ကသိုလ်မှဝင်ခွင့်အထောက်အထား (acceptance letter) ကို ပြနိုင်သူ ဖြစ်ရမည်ဟုလည်းဆိုသည်။

လျှောက်လွှာကို http://www.britishcouncil.org.mm/ielts-scholarship တွင်ရယူနိုင်ဖြစ်ပြီး ၂၀၁၄ဇွန်လမတိုင်မီ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

သုတလင်း
Popular Myanmar News Journal

No comments:

Post a Comment