Monday 7 April 2014

အစိုးရမှမလိုက်လျောနိုင်ခြင်းများမရှိသကဲ့သို့တိုင်းရင်းသားများဘက်မှလည်း အဓမ္မတောင်းဆိုမှုများ မရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးသူ များပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသားများ၏ ပြည်လုံး ကျွတ် အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) တို့ အချိန်ယူဆွေးနွေးမှု နောက်ကွယ် တွင် အစိုးရမှမလိုက် လျောနိုင်ခြင်းများမရှိသကဲ့သို့ တိုင်း ရင်းသားများဘက်မှလည်း အဓမ္မ တောင်း ဆိုနေခြင်းများမရှိကြောင်း NCCT ခေါင်းဆောင်များက ရန်ကုန်မြို့၌ပြုလုပ်သော တစ်နိုင် လုံးအပစ်အခတ် ရပ်စဲရေးမူကြမ်း ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲနှစ် ရက်မြောက်နေ့ဖြစ်သော ဧပြီ ၆ ရက်နေ့တွင်ပြော ကြားသည်။
''လျော့ပေးသင့်တာ မလျော့ ပေးတာလဲမဟုတ်ဘူး။ အရမ်း တောင်းဆိုတာလဲမဟုတ်ဘူး။ နှစ် ပေါင်း ၆ဝ ပြဿနာကို ကိုင်တွယ် တာဖြစ်တဲ့အတွက်ကြောင့် အချိန် ယူပြီးတော့ ညှိရတဲ့သဘောပဲ ရှိပါ တယ်။ ကျွန်တော်တို့ ဘက်က အတင်းတောင်းနေတာလဲ မရှိသလို သူတို့ဘက်က မဖြစ်နိုင်ဘူးလို့ ပြောတာလဲ မရှိဘူး။ ဆက်ပြီးတော့ ညှိနှိုင်းဖို့အားလုံးသဘောတူထား ပါတယ်။ အဲ့ဒီအတွက်ကြောင့် အခြေ အနေကောင်း တယ်။ ဆက် လက်ဆွေးနွေးဖို့အတွက်လဲအလား အလာကောင်းတယ်။ ဆက်ပြီး တော့ ဆွေးနွေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု NCCT မှ ဒေါက်တာဆလိုင်း လျန်မှုန်းဆာ ခေါင်းကပြောသည်။

ထို့အတူ NCCT မှ အဖွဲ့ ခေါင်းဆောင် ပဒိုစောကွယ်ထူး ဝင်းကယခုသွားနေသည့် Process သည် သက်တမ်း အားဖြင့် နှစ်နှစ် အပိုင်းအခြားသာ ရှိနေသေးပြီး၊ အာဏာခွဲဝေရေးအပိုင်း၊ သယံဇာ တခွဲဝေရေး အပိုင်းဆွေးနွေးမှုတစ်စုံ တစ်ရာမရှိသေးကြောင်း၊ သဘော မတူသည့်အချက်ဟူ၍ မရှိသေး ကြောင်း၊ ညှိနှိုင်း၍ မပြီးစီးသေး သည့်အချက်များကိုဆက်ညှိနှိုင်း သွားရန်သာရှိကြောင်းပြောသည်။

''အစိုးရနဲ့ ကျွန်တော်တို့တိုင်း ရင်းသား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့က တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်စာသား တွေကို ညှိနှိုင်းတာဖြစ်တယ်။ ဒီည နေမှာကျတော့ ကျွန်တော်တို့ မနက် ကဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်ကွဲတွေ ကို ကျွန်တော်တို့ သုံးသပ်တယ်။ ပြန်ပြီးအတည်ပြုတယ် နောက်ပြီး ဆက်ဆွေးနွေး တယ်။ သတင်းဌာန တွေသိတဲ့အတိုင်းပဲ ဆွေးနွေး ညှိနှိုင်းတဲ့နေရာမှာကျတော့ ကျွန် တော် တို့ အမြင်သဘောထားကို အရင်ဆွေးနွေးပြီးမှစာသားဘယ်လို ရေးမလဲဆိုတာ ကို ဆွေးနွေး တာ ဖြစ် တယ်။ ဒီနေ့မှာကျတော့ အခြေ ခံမူဖြစ်တဲ့အပိုင်းကို ညှိနှိုင်းဆောင် ရွက်တာမပြီးသေးဘူး။ အခြေခံ မူ အပေါ်မူတည်ပြီးတော့ တစ်ပြည် လုံး အပစ်အခတ်ရပ်စဲရေးကိုဘယ် လိုဆောင်ရွက်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ညှိနှိုင်း ရေးအဖွဲ့နှစ်ဖွဲ့ရဲ့အမြင်က အပြီး အစီးတော့ ဆောင်ရွက်လို့မရသေး ဘူး။ ကျွန်တော်တို့ မနက်ဖြန် ဆက်ပြီးတော့ ဆွေးနွေးသွားမယ် လို့ ဆုံးဖြတ်ထားပါတယ်''ဟု ၄င်းကပြောကြားသည်။

အခန်း (၇)ခန်းရှိသည့်မူကြမ်း အတွင်းမှ နိဒါန်းနှင့်အခန်း(၁) အရေးအကြီးဆုံးဖြစ်သော အခြေခံ ရမည့်မူ များကို ဆွေးနွေးခဲ့ကြောင်း၊ သို့သော် အခန်း(၁)ကို စာတစ် ကြောင်း တစ်ကြောင်းချင်း၊ တစ် ပိုဒ်ချင်းဆွေးနွေးနေရသည့်အတွက် ဖြစ်ကြောင်း ၊ ဆွေးနွေးမှုရလဒ် အရ ကောင်းသည်ဟုပြော ရမည် ဖြစ်ကြော င်း မြန်မာငြိမ်းချမ်းရေး စင်တာ(MPC) မှ ဦးလှမောင်ရွှေ က ပြောသည်။

''ပြီးခဲ့တဲ့မတ်လက ကျွန်တော် တို့ Single Text လုပ်ဖို့ သဘော တူတာပေါ့နော်။ အဲ့ဒီ Single Text ထဲမှာ အခန်း(၇)ခန်းပါတယ်ဆို တာ ကျွန်တော်တို့ သဘောတူထား တယ်။ မနေ့က အဲ့ဒီအခန်း(၇) ခန်းမှာရှိတဲ့ အခန်းခေါင်းစဉ်ငယ် လေးတွေကို ကျွန်တော်တို့သဘော တူထားတယ်။ ဒီနေ့ ကျွန်တော်တို့ ထပ် ဆွေးနွေးလိုက်တော့ နိဒါန်းပိုင်းပေါ့။ အင်မတန်မှအရေးကြီးတယ်။ ဒါကို ကျွန်တော်တို့ အားလုံး ဆွေးနွေးလိုက်တယ်။ အခြေခံမူ ဆိုတာက အခက်အခဲဆုံးအပိုင်းပဲ။ အခြေခံမူသာ ကျွန်တော်တို့ သဘော တူနိုင်မယ်ဆိုရင် ကျန်တဲ့အရာက အားလုံးလွယ်ကူသွားမယ်။ အဲ့ဒီ အတွက်ကြောင့် နည်းနည်းအချိန်ယူ ရတာပေါ့။ အခြေခံမူရဲ့အခန်းငယ် လေးတွေ ၁ဝ ခုကျော်မှတော်တော် လေးပြီးသွား တယ်''ဟု ဒေါက် တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

The Union Daily

No comments:

Post a Comment