Monday 7 April 2014

သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ အစိုးရကို ရှုံ့ချ

Photo: သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ အစိုးရကို ရှုံ့ချ
Monday, April 7, 2014

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သာသနာရေးဆိုင်ရာ သာသနိကအဆောက်အအုံများနှင့် ပတ်သက်၍ လက်ရှိအစိုးရ၏ လုပ်ရပ်များကို ကန့်ကွက်ကြောင်း ၈၈မျိုးဆက်နှင့် မျိုးဆက်သစ်အဖွဲ့အစည်း(မလေးရှား)က သဘောထားကြေငြာချက် တစ်စောင် ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းကြေညာချက်တွင် မဟာသန္တိသုခ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျောင်းတော် ကြီး စတင်တည်ထောင်သူ ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသ အား ကျောင်းတော် ကြီး မှ ထွက်ခွာရန် အမိန့်ပေး ညွှန်ကြားမှုသည်သာသနာတော် ဆိုင်ရာ ဝိနည်းကျင့်ဝတ်အရ လည်းကောင်း၊ ဥပဒေကြောင်းဆိုင်ရာ ပိုင်ဆိုင်မှု အထောက်အထားများအရ လည်းကောင်း ဆန့်ကျင်နေသည် ဟု ယူဆကြောင်းသဖြင့်
ယင်းကိစ္စ၌ ပီနန်ဆရာတော်နှင့် အတူ တသားတည်း ရပ်တည်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် လက်ပံတောင်းတောင် ဒေသရှိ လယ်တီသိမ်နှင့် စေတီတော် အား မြေလှန်ဖြိုခွဲဖျက်ဆီး၍ နေရာသစ်သို့ ပြောင်းရွေ့ခြင်းသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် အပြင်းအထန် ကန့်ကွက်ကြောင်း ကိုလည်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ သဘောဆန္ဒနှင့်အညီ အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းကိုလည်း အဆိုပါကြေငြာချက်တွင် ဖော်ပြထားသည်။

ဝေလင်း
မြန်မာ့ခေတ်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သာသနာရေးဆိုင်ရာ သာသနိကအဆောက်အအုံများနှင့် ပတ်သက်၍ လက်ရှိအစိုးရ၏ လုပ်ရပ်များကို ကန့်ကွက်ကြောင်း ၈၈မျိုးဆက်နှင့် မျိုးဆက်သစ်အဖွဲ့အစည်း(မလေးရှား)က သဘောထားကြေငြာချက် တစ်စောင် ထုတ်ပြန်ထားကြောင်း သိရသည်။
ယင်းကြေညာချက်တွင် မဟာသန္တိသုခ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျောင်းတော် ကြီး စတင်တည်ထောင်သူ ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသ အား ကျောင်းတော် ကြီး မှ ထွက်ခွာရန် အမိန့်ပေး ညွှန်ကြားမှုသည် သာသနာတော် ဆိုင်ရာ ဝိနည်းကျင့်ဝတ်အရ လည်းကောင်း၊ ဥပဒေကြောင်းဆိုင်ရာ ပိုင်ဆိုင်မှု အထောက် အထားများအရ လည်းကောင်း ဆန့်ကျင်နေသည် ဟု ယူဆကြောင်းသဖြင့် ယင်းကိစ္စ၌ ပီနန်ဆရာတော်နှင့် အတူ တသားတည်း ရပ်တည်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် လက်ပံတောင်းတောင် ဒေသရှိ လယ်တီသိမ်နှင့် စေတီတော် အား မြေလှန်ဖြိုခွဲဖျက်ဆီး ၍ နေရာ သစ်သို့ ပြောင်းရွေ့ခြင်းသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် အပြင်းအထန် ကန့် ကွက်ကြောင်း ကိုလည်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ သဘောဆန္ဒနှင့်အညီ အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းကိုလည်း အဆိုပါကြေငြာချက်တွင် ဖော်ပြထားသည်။

ဝေလင်း
မြန်မာ့ခေတ်

No comments:

Post a Comment