Monday 7 April 2014

ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောလွှတ်တော်ကိုယ်စားလှယ် သန်းခေါင်စာရင်း အကောက်မခံ

ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူရာလျက်ရှိရာတွင် ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောမဲန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မျိုးမင်း(ခ)ဂျာဟင်ကီးရ်က သန်းခေါင်စာရင်း အကောက်မခံကြောင်း သန်းခေါင်စာရင်း ကောက်ခံ သူ များက ပြောသည်။
အဆိုပါ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မျိုးမင်း(ခ)ဂျာဟင်ကီးရ် သည် မောင်တောမြို့ ရပ်ကွက်(၂) တွင် နေ ထိုင်သူဖြစ်ပြီး သန်းခေါင်စာရင်းသွားကောက် သူများလာသောအခါ အတွေ့မခံ ဘဲရှောင် နေကြောင်း၊ ယင်း၏အမျိုးသမီးက မိမိတို့ သည် ရိုဟင်ဂျာလူမျိုးများဖြစ်သည်ဟုလည်း သန်းခေါင် စာရင်း လာကောက်သူများကို ပြောဆိုကြောင်း၊ ယင်းကြောင့် သန်းခေါင် စာရင်းကောက်ခံသူများ ယင်းတို့ အိမ်မှ ပြန် ထွက်လာကြောင်း ဒေသခံများကပြောသည်။

''ကျွန်တော်က အဲဒီအနီးက ရွာ တွေကိုကောက်ဖို့ တာဝန်ကျတယ်။ အချင်း ချင်းတွေ့လို့ မေးကြည့်တော့ သူကရှောင် နေတဲ့သဘောနဲ့ အိမ်ထဲမှာနေတယ်။ ထွက်မလာဘူး။ အမျိုးသမီးကပဲထွက်ပြီး ရိုဟင်ဂျာ လူမျိုး လို့ပြောလို့ ပြန်ထွက်လာကြတယ် လို့ ပြန်ပြောပြတယ်။ အဲဒီရွာက လူတွေ အားလုံးက မကျေနပ်တဲ့ မျက်လုံးတွေနဲ့ ကြည့် ကြတယ်။ အကောက်မခံဘူး''ဟု သန်းခေါင် စာရင်းကောက်ခံရေးအဖွဲ့တွင် ပါဝင်သူ မောင် တောမြို့ခံ ဦးစိုးဝင်းကပြောသည်။

ယင်းနှင့်ပတ်သက်၍ ဖလားဝါး နယူးစ်ဂျာနယ်မှ ပြည်ခိုင်ဖြိုးပါတီ မောင် တောခရိုင်စည်းရုံးရေးမှူးအား ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းက ''သူ့အနေနဲ့ တစ် ယောက်တည်းမို့လို့ သန်းခေါင်စာရင်း ကောက်ခံ တာကို ရှောင်ခဲ့တာပါ။ သူနေတဲ့ ရွာမှာ အားလုံးက မူဆလင်တွေဆိုတော့ သူ့ အနေနဲ့ ဖောက်ဖျက် သလိုမျိုး ဖြစ် သွားနိုင် တဲ့အတွက် အကောက်မခံလိုက်တဲ့ သဘော မျိုးပါ။ သူ့အတွက် လုံခြုံရေးကို ဘယ်သူပေး မလဲ။ ဒါတွေလည်း ရှိသေးတယ်''ဟု ပြော သည်။

Yangon Media Group

No comments:

Post a Comment