Monday 7 April 2014

သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု ယခင်နှစ်ထက် များပြားပြီး အချို့တရားစခန်းများတွင် သတ်မှတ်လူဦးရေထက် ကျော် လွန်လက်ခံနေရ

Photo: သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု ယခင်နှစ်ထက် များပြားပြီး အချို့တရားစခန်းများတွင် သတ်မှတ်လူဦးရေထက် ကျော် လွန်လက်ခံနေရ
Monday, April 7, 2014

ယခုနှစ် သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု များပြားလျက်ရှိနေပြီး စာရင်းပေးသွင်းသူ အများစုမှာ လူငယ်များဖြစ်ကြောင်း အဆိုပါ တရားစခန်းများမှ သိရသည်။

“အစ်မတို့ဆီမှာ သင်္ကြန်တရားစခန်းဝင်ဖို့ စာရင်းပေးသွင်းထားတဲ့သူက အရင်နှစ်ကထက် ပိုများတယ်။ အယောက် ၇၈၀ လောက် ရှိတယ်။ ဒါတောင် နယ်ကလာတဲ့သူတွေ မပါသေးဘူး။ ရန်ကုန်ကလူတွေ များနေလို့ စာရင်းပိတ်လိုက်တာပါ။ တရားစခန်းဝင်တဲ့သူတွေက ၀န်ထမ်းတွေများတယ်။ နောက်ပြီး အသက် ၁၆ နှစ်ကနေ ၅၀ ၀န်းကျင်လောက်အထိ ၀င်ကြတာများတယ်။ လူငယ်တွေက ပိုများပါတယ်” ဟု ပုညာရာမ မိုးကုတ်ဝိပဿနာ ကျောင်းတိုက်မှ သိရသည်။

“ညီမတို့က ဒီနှစ်တော့ သူငယ်ချင်းတွေစုပြီး မိုးကုတ်ဝိပဿနာ ကျောင်းမှာ တရားစခန်းဝင်ဖို့ စာရင်းပေးထားတယ်။ အရင်နှစ်တွေကတော့ သင်္ကြန်ကို မဏ္ဍပ်ထိုင်တယ်။ ဒီနှစ်တော့ နေလဲအရမ်းပြင်းတယ်။ အိမ်ကလည်း အန္တရာယ်ဖြစ်မှာစိုးလို့ သင်္ကြန်ကို မဆော့ခိုင်းဘူး။ အဲဒါကြောင့် တရားစခန်း ၀င်ဖြစ်တာပါ။ တရားစခန်းဝင်တာ ဒီနှစ်နဲ့ဆိုရင် နှစ်ခေါက်ရှိပါပြီ” ဟု တာဝတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူ မမိုးမေသူက ပြောကြားသည်။

သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု များပြားသည့် တရားစခန်းအချို့မှာ ညောင်ကန်အေး သာသနာ့ရိပ်သာ၊ မြိုင်မဟာစည်၊ မေတ္တာအေး မဟာစည် သာသနာ့ရိပ်သာ၊ သဒ္ဓမ္မပါလ ဓနုဖြူတိုက်သစ်၊ မင်းကွန်း ပဋိပတ္တိ သာသနာ့နုဂ္ဂဟအသင်းချုပ်၊ စွန်းလွန်းဂူကျောင်းတိုက်၊ သဲအင်းဂူနှင့် မိုးကုတ်ဝိပဿနာ စသည့်တရားစခန်းတို့ ဖြစ်ကြသည်။

၎င်းအပြင် အဆိုပါ တရားစခန်းများတွင် တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှုများ ပိတ်သိမ်းလိုက်ပြီဖြစ်သော်လည်း လာရောက်စာရင်းပေးသွင်းမှုများ ရှိနေကြောင်း သိရသည်။ အချို့သော ကျောင်းတိုက်များတွင် ဦးရေ ၁၅၀၀ ခန့်သာ လက်ခံသော်လည်း လာရောက်စာရင်းပေးသူ များပြားသောကြောင့် ၁၇၀၀ ခန့်အထိ တိုးမြှင့်လက်ခံခဲ့ရကြောင်း သိရသည်။

“ဒီကျောင်းမှာ တရားစခန်းဝင်တဲ့ သူတွေက နှစ်တိုင်း ၁၅၀၀ လောက်ရှိတယ်။ ဒီနှစ်ဆိုရင် ၁၇၀၀ လောက်အထိ စာရင်းလာပေးသွင်းကြတယ်။ သင်္ကြန်တွင်းဆိုရင် ဓမ္မာရုံထဲမှာတောင် နေရာမဆံ့တော့လို့ တရားစခန်းဝင်တဲ့သူတွေ၊ ယောဂီတွေအပြင် ထွက်ပြီးတော့တောင် တရားအားထုတ်ရတဲ့အထိ များပါတယ်။ တရားစခန်း ၀င်တဲ့သူတွေကတော့ တစ်နှစ်ထက်တစ်နှစ် တိုးနေတာပါပဲ” ဟု စွန်းလွန်းဂူကျောင်းတိုက်မှ သိရသည်။

“အစ်မက ဓမ္မဇောတိ ၀ိပဿနာ ရိပ်သာမှာ တရားစခန်းဝင်ဖို့ စာရင်းပေးတာ။ ပြည့်သွားလို့ မှော်ဘီမှာရှိတဲ့ သူတို့ရိပ်သာခွဲကို လွှဲပေးတယ်။ မှော်ဘီမှာလည်း ပြည့်သွားလို့ မအူပင်မှာရှိတဲ့ ဓမ္မဇောတိရိပ်သာမှာပဲ စာရင်းပေးသွင်းလို့ရတော့ အခု မအူပင်မှာ သွားဝင်မှာပါ” ဟု မသဉ္ဇာဝင်းက ပြောကြားသည်။

“အစ်မတို့ ဓမ္မာဇောတိ ၀ိပဿ နာ သာသနာ့ရိပ်သာက အမျိုးသမီး ၁၅၀ နဲ့ အမျိုးသား ၇၀ ပဲ လက်ခံတယ်။ စာရင်းကတော့ မတ် ၂၆ ရက်ကတည်းက ပိတ်လိုက်တာပါ။ ဒါပေမဲ့ လာလျှောက်တဲ့သူတွေကတော့ အခုထိ ရှိနေတုန်းပါပဲ။ မှော်ဘီမှာရှိတဲ့ အစ်မတို့ ရိပ်သာခွဲကို လွှဲပေးတယ်။ ဒါပေမဲ့ မှော်ဘီက ရိပ်သာကလည်း ပြည့်နေပြီဆိုတော့ မအူပင်က ရိပ်သာခွဲမှာ ၀င်ချင်တဲ့သူတွေကို စာရင်းလက်ခံပေးပါတယ်။ အများဆုံးကတော့ အသက် ၂၀ ၀န်းကျင်ရှိတဲ့ လူငယ်တွေ စာရင်းလာပေးကြတာ များပါတယ်” ဟု ငါးထပ်ကြီးဘုရားလမ်းရှိ ဓမ္မဇောတိ ၀ိပဿနာ သာသနာ့ရိပ်သာကျောင်းမှ မချစ်ချစ်ထွေးက ပြောကြားသည်။

ထို့ပြင် တချို့သော တရားစခန်းများမှာ ယခင်နှစ်များက လက်ခံသော လူဦးရေ အရေအတွက်အတိုင်း လက်ခံခဲ့ပြီး လက်ရှိအချိန်အထိ အမျိုးသမီးဦးရေ များပြားလျက်ရှိနေသည်။

“ကျွန်တော်တို့ဆီမှာကတော့ သင်္ကြန်တရားစခန်းအတွက် လူဦးရေကို မနှစ်ကလောက်ပဲ လက်ခံပါတယ်။ စာရင်းပေးသွင်းတာက အယောက် ၁၀၀ ယောက်ရှိပါပြီ။ လူငယ်လေးတွေ စာရင်းပေးသွင်းတာ များပါတယ်” ဟု သဲအင်းဂူ ခုနစ်ရက် တရားစခန်းမှ ဦးမောင်မောင်လေးက ပြောကြားသည်။

သင်္ကြန်တရားစခန်းများတွင် စာရင်းပေးသွင်းမှုကို မတ်လနောက်ဆုံးပတ်တွင် စတင်လက်ခံခဲ့ပြီး တချို့သော တရားစခန်းများမှာ မတ်လနောက်ဆုံးပတ်၌ပင် လူဦးရေ ပြည့်သွားသောကြောင့် စာရင်းပေးခြင်း လက်မခံတော့ကြောင်းလည်း သိရသည်။

Eleven Media Group

ရန်ကုန်မြို့ရှိ တရားစခန်းတစ်ခုတွင် တရားအားထုတ်နေသော ယောဂီ များကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ တရားစခန်းတစ်ခုတွင် တရားအားထုတ်နေသော ယောဂီ များကို တွေ့ရစဉ်

ယခုနှစ် သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု များပြားလျက်ရှိနေပြီး စာရင်းပေးသွင်း သူ အများစုမှာ လူငယ်များဖြစ်ကြောင်း အဆိုပါ တရားစခန်းများမှ သိရသည်။
“အစ်မတို့ဆီမှာ သင်္ကြန်တရားစခန်းဝင်ဖို့ စာရင်းပေးသွင်းထားတဲ့သူက အရင်နှစ်ကထက် ပိုများတယ်။ အယောက် ၇၈၀ လောက် ရှိတယ်။ ဒါတောင် နယ်ကလာတဲ့သူတွေ မပါသေးဘူး။ ရန်ကုန်ကလူတွေ များနေလို့ စာရင်းပိတ်လိုက်တာပါ။ တရားစခန်းဝင်တဲ့သူတွေက ၀န်ထမ်းတွေများတယ်။ နောက်ပြီး အသက် ၁၆ နှစ်ကနေ ၅၀ ၀န်းကျင်လောက်အထိ ၀င်ကြတာများတယ်။ လူငယ်တွေက ပိုများပါတယ်” ဟု ပုညာရာမ မိုးကုတ်ဝိပဿနာ ကျောင်းတိုက်မှ သိရသည်။

“ညီမတို့က ဒီနှစ်တော့ သူငယ်ချင်းတွေစုပြီး မိုးကုတ်ဝိပဿနာ ကျောင်းမှာ တရားစခန်းဝင်ဖို့ စာရင်းပေးထား တယ်။ အရင်နှစ်တွေကတော့ သင်္ကြန်ကို မဏ္ဍပ်ထိုင်တယ်။ ဒီနှစ်တော့ နေလဲအရမ်းပြင်းတယ်။ အိမ်က လည်း အန္တရာယ်ဖြစ်မှာစိုးလို့ သင်္ကြန်ကို မဆော့ခိုင်းဘူး။ အဲဒါကြောင့် တရားစခန်း ၀င်ဖြစ်တာပါ။ တရားစခန်း ၀င်တာ ဒီနှစ်နဲ့ဆိုရင် နှစ်ခေါက်ရှိပါပြီ” ဟု တာဝတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူ မမိုးမေသူ က ပြောကြားသည်။

သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု များပြားသည့် တရားစခန်းအချို့မှာ ညောင် ကန်အေး သာသနာ့ရိပ်သာ၊ မြိုင်မဟာစည်၊ မေတ္တာအေး မဟာစည် သာသနာ့ရိပ်သာ၊ သဒ္ဓမ္မပါလ ဓနုဖြူတိုက်သစ်၊ မင်းကွန်း ပဋိပတ္တိ သာသနာ့နုဂ္ဂဟအသင်းချုပ်၊ စွန်းလွန်းဂူကျောင်းတိုက်၊ သဲအင်းဂူနှင့် မိုးကုတ်ဝိပဿနာ စသည့်တရားစခန်းတို့ ဖြစ်ကြသည်။

၎င်းအပြင် အဆိုပါ တရားစခန်းများတွင် တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှုများ ပိတ်သိမ်းလိုက် ပြီဖြစ်သော် လည်း လာရောက်စာရင်းပေးသွင်းမှုများ ရှိနေကြောင်း သိရသည်။ အချို့သော ကျောင်းတိုက် များတွင် ဦးရေ ၁၅၀၀ ခန့်သာ လက်ခံသော်လည်း လာရောက်စာရင်းပေးသူ များပြားသောကြောင့် ၁၇၀၀ ခန့်အထိ တိုးမြှင့်လက်ခံခဲ့ရကြောင်း သိရသည်။

“ဒီကျောင်းမှာ တရားစခန်းဝင်တဲ့ သူတွေက နှစ်တိုင်း ၁၅၀၀ လောက်ရှိတယ်။ ဒီနှစ်ဆိုရင် ၁၇၀၀ လောက် အထိ စာရင်းလာပေးသွင်းကြတယ်။ သင်္ကြန်တွင်းဆိုရင် ဓမ္မာရုံထဲမှာတောင် နေရာမဆံ့တော့လို့ တရားစခန်းဝင်တဲ့သူတွေ၊ ယောဂီတွေအပြင် ထွက်ပြီးတော့တောင် တရားအားထုတ်ရတဲ့အထိ များပါ တယ်။ တရားစခန်း ၀င်တဲ့သူတွေကတော့ တစ်နှစ်ထက်တစ်နှစ် တိုးနေတာပါပဲ” ဟု စွန်းလွန်းဂူကျောင်း တိုက် မှ သိရသည်။

“အစ်မက ဓမ္မဇောတိ ၀ိပဿနာ ရိပ်သာမှာ တရားစခန်းဝင်ဖို့ စာရင်းပေးတာ။ ပြည့်သွားလို့ မှော်ဘီမှာရှိတဲ့ သူတို့ရိပ်သာခွဲကို လွှဲပေးတယ်။ မှော်ဘီမှာလည်း ပြည့်သွားလို့ မအူပင်မှာရှိတဲ့ ဓမ္မဇောတိရိပ်သာမှာပဲ စာရင်းပေးသွင်းလို့ရတော့ အခု မအူပင်မှာ သွားဝင်မှာပါ” ဟု မသဉ္ဇာဝင်းက ပြောကြားသည်။

“အစ်မတို့ ဓမ္မာဇောတိ ၀ိပဿ နာ သာသနာ့ရိပ်သာက အမျိုးသမီး ၁၅၀ နဲ့ အမျိုးသား ၇၀ ပဲ လက်ခံတယ်။ စာရင်းကတော့ မတ် ၂၆ ရက်ကတည်းက ပိတ်လိုက်တာပါ။ ဒါပေမဲ့ လာလျှောက်တဲ့သူတွေကတော့ အခုထိ ရှိနေတုန်းပါပဲ။ မှော်ဘီမှာရှိတဲ့ အစ်မတို့ ရိပ်သာခွဲကို လွှဲပေးတယ်။ ဒါပေမဲ့ မှော်ဘီက ရိပ်သာကလည်း ပြည့်နေပြီဆိုတော့ မအူပင်က ရိပ်သာခွဲမှာ ၀င်ချင်တဲ့သူတွေကို စာရင်းလက်ခံပေးပါတယ်။ အများဆုံးကတော့ အသက် ၂၀ ၀န်းကျင်ရှိတဲ့ လူငယ်တွေ စာရင်းလာပေးကြတာ များပါတယ်” ဟု ငါးထပ်ကြီးဘုရားလမ်းရှိ ဓမ္မဇောတိ ၀ိပဿနာ သာသနာ့ရိပ်သာကျောင်းမှ မချစ်ချစ်ထွေးက ပြောကြားသည်။

ထို့ပြင် တချို့သော တရားစခန်းများမှာ ယခင်နှစ်များက လက်ခံသော လူဦးရေ အရေအတွက်အတိုင်း လက်ခံခဲ့ပြီး လက်ရှိအချိန်အထိ အမျိုးသမီးဦးရေ များပြားလျက်ရှိနေသည်။

“ကျွန်တော်တို့ဆီမှာကတော့ သင်္ကြန်တရားစခန်းအတွက် လူဦးရေကို မနှစ်ကလောက်ပဲ လက်ခံပါတယ်။ စာရင်းပေးသွင်းတာက အယောက် ၁၀၀ ယောက်ရှိပါပြီ။ လူငယ်လေးတွေ စာရင်းပေးသွင်းတာ များပါတယ်” ဟု သဲအင်းဂူ ခုနစ်ရက် တရားစခန်းမှ ဦးမောင်မောင်လေးက ပြောကြားသည်။

သင်္ကြန်တရားစခန်းများတွင် စာရင်းပေးသွင်းမှုကို မတ်လနောက်ဆုံးပတ်တွင် စတင်လက်ခံခဲ့ပြီး တချို့သော တရားစခန်းများမှာ မတ်လနောက်ဆုံးပတ်၌ပင် လူဦးရေ ပြည့်သွားသောကြောင့် စာရင်းပေးခြင်း လက်မ ခံတော့ကြောင်း လည်း သိရသည်။

Eleven Media Group

No comments:

Post a Comment