Monday 7 April 2014

တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုအား လက်မခံနိုင်ကြောင်း တရုတ်ဝမ်ပေါင်မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi ပြောကြား

Photo: တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုအား လက်မခံနိုင်ကြောင်း တရုတ်ဝမ်ပေါင်မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi ပြောကြား
Monday, April 7, 2014

လက်ပံတောင်းတောင် စီမံကိန်းအား လုပ်ဆောင်နေသော တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုလာမှုအား လက်မခံနိုင်ကြောင်း မြန်မာ ၀မ်ပေါင်ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi က ပြောကြားသည်။

ဒေသခံများ၏ လယ်ယာမြေဧက ၆၄၉၀ ကျော်အား လက်ပံတောင်းတောင် စီမံကိန်း လုပ်ဆောင်ရန် သိမ်းယူခဲ့ပြီးနောက် အလုပ်လက်မဲ့ဖြစ်လာသည့် ဒေသခံ မိရိုးဖလာ လယ်ယာလုပ်ကိုင်သူများ အနေဖြင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတွင် လစာငွေ အလွန်နည်းပါးစွာဖြင့် အလုပ်လုပ်ကိုင်နေရသဖြင့် မတ်လ ၂၂ ရက်က အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဆန္ဒပြတယ်လို့ သုံးလို့မရပါဘူး။ သူတို့က ကျွန်တော်တို့ဝန်ထမ်း မဟုတ်သေးပါဘူး။ အလုပ်သင် သင်တန်းသားအဆင့်ပဲ ရှိပါသေးတယ်။ သူတို့က ကျွန်တော်တို့ တရားဝင်ဝန်ထမ်း မဟုတ်သေးပါဘူး။ သူတို့ သင်တန်းတက်နေတာ ငါးလရှိပါပြီ။ သင်တန်းပြီးသွားမှ အလုပ်ခန့်ရမှာပါ။ ဒီလို မခန့်ခင်မှာ သူတို့ရဲ့ဆန္ဒပြမှု ဖြစ်လာတာပါ။ သူတို့ရဲ့ တောင်းဆိုမှုကို လက်မခံနိုင်ပါဘူး။ ကိုယ်ကလည်း သူတို့ကို ကြိုက်မှခန့်မယ်။ သူတို့ကလည်း ကိုယ့်ကိုကြိုက်မှ လာလုပ်ပေါ့။ တဖြည်းဖြည်းနဲ့ ဒေါ်လာ ၁၈၀ လောက်အထိ ရလာနိုင်ပါတယ်။ သင်တန်းတက်နေရင်းနဲ့လည်း ထောက်ပံ့ကြေး ကျပ်တစ်သိန်းကျော် ပေးထားပါတယ်။ ကုမ္ပဏီအနေနဲ့ ပိုက်ဆံရင်းထားတာ ရှိပါတယ်။ သင်တန်းပြီးသွားရင်လည်း လုပ်ငန်းခွင်မှာ ပြန်ဝင်ဖို့ မျှော်လင့်ပါတယ်” ဟု Mr.Geng Yi က ဆိုသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် အလုပ်မဆင်းဘဲ ဆန္ဒပြသူ အငယ်တန်းလုပ်ငန်းအော်ပရေတာ သင်တန်းသားများအား ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi လက်မှတ်ရေးထိုးထားသည့် အကြောင်းကြားစာအား မတ် ၂၉ ရက်ရက်စွဲဖြင့် သင်တန်းသားဝန်ထမ်းများထံ ပေးပို့ခဲ့သည်။

အဆိုပါ ပေးပို့စာတွင် လုပ်သားများအတွက် ရွေးချယ်စရာ နည်းလမ်းသုံးခုအား ဖော်ပြထားကြောင်း သိရသည်။ 

Eleven Media Group

ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီ ပူးပေါင်းလုပ်ဆောင်သည့် စံပါယ်တောင် ကြေးစင်တောင်စီမံကိန်းမှ မြန်မာလုပ်သားများကို တွေ့ရစဉ် 
ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီ ပူးပေါင်းလုပ်ဆောင်သည့် စံပါယ်တောင် ကြေးစင်တောင်စီမံကိန်းမှ မြန်မာ လုပ်သား များကို တွေ့ရစဉ်

လက်ပံတောင်းတောင် စီမံကိန်းအား လုပ်ဆောင်နေသော တရုတ်ကုမ္ပဏီ တစ်ခုဖြစ် သည့် မြန်မာ ၀မ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုလာမှုအား လက်မခံနိုင်ကြောင်း မြန်မာ ၀မ်ပေါင်ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi က ပြော ကြားသည်။
ဒေသခံများ၏ လယ်ယာမြေဧက ၆၄၉၀ ကျော်အား လက်ပံတောင်းတောင် စီမံကိန်း လုပ်ဆောင်ရန် သိမ်းယူ ခဲ့ပြီးနောက် အလုပ်လက်မဲ့ဖြစ်လာသည့် ဒေသခံ မိရိုးဖလာ လယ်ယာလုပ်ကိုင်သူများ အနေဖြင့် မြန်မာ ၀မ်ပေါင်ကုမ္ပဏီတွင် လစာငွေ အလွန်နည်းပါးစွာဖြင့် အလုပ်လုပ်ကိုင်နေရသဖြင့် မတ်လ ၂၂ ရက်က အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဆန္ဒပြတယ်လို့ သုံးလို့မရပါဘူး။ သူတို့က ကျွန်တော်တို့ ၀န်ထမ်း မဟုတ်သေးပါဘူး။ အလုပ်သင် သင်တန်းသားအဆင့်ပဲ ရှိပါသေးတယ်။ သူတို့က ကျွန်တော်တို့ တရားဝင်ဝန်ထမ်း မဟုတ်သေးပါဘူး။ သူတို့ သင်တန်းတက်နေတာ ငါးလရှိပါပြီ။ သင်တန်းပြီးသွားမှ အလုပ်ခန့်ရမှာပါ။ ဒီလို မခန့်ခင်မှာ သူတို့ရဲ့ဆန္ဒပြမှု ဖြစ်လာတာပါ။ သူတို့ရဲ့ တောင်းဆိုမှုကို လက်မခံနိုင် ပါဘူး။ ကိုယ်ကလည်း သူတို့ကို ကြိုက်မှခန့်မယ်။ သူတို့ကလည်း ကိုယ့်ကိုကြိုက်မှ လာလုပ်ပေါ့။ တဖြည်းဖြည်းနဲ့ ဒေါ်လာ ၁၈၀ လောက်အထိ ရလာနိုင်ပါတယ်။ သင်တန်းတက်နေရင်းနဲ့ လည်း ထောက် ပံ့ကြေး ကျပ်တစ်သိန်းကျော် ပေးထားပါတယ်။ ကုမ္ပဏီအနေနဲ့ ပိုက်ဆံရင်းထားတာ ရှိပါတယ်။ သင်တန်းပြီး သွားရင်လည်း လုပ်ငန်းခွင်မှာ ပြန်ဝင်ဖို့ မျှော်လင့်ပါတယ်” ဟု Mr.Geng Yi က ဆိုသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် အလုပ်မဆင်းဘဲ ဆန္ဒပြသူ အငယ်တန်းလုပ်ငန်းအော်ပရေတာ သင်တန်း သားများအား ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi လက်မှတ်ရေးထိုးထားသည့် အကြောင်းကြားစာအား မတ် ၂၉ ရက်ရက်စွဲဖြင့် သင်တန်းသားဝန်ထမ်းများထံ ပေးပို့ခဲ့သည်။

အဆိုပါ ပေးပို့စာတွင် လုပ်သားများအတွက် ရွေးချယ်စရာ နည်းလမ်းသုံးခုအား ဖော်ပြထားကြောင်း သိရ သည်။

Eleven Media Group

No comments:

Post a Comment