Monday 7 April 2014

အလုပ်သမားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်

 Photo: အလုပ်သမားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်
Monday, April 7, 2014

လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်သမား ၂ဝဝခန့်သည် အလုပ်သမားအခွင့်အရေးများ ရရှိ ရေးနှင့် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးများကို ယနေ့ ထည့်သွင်းတောင်းဆိုဆန္ဒထုတ်ဖော် ခဲ့ကြသည်။

အလုပ်သမားဥပဒေပါ အခွင့် အရေးကာကွယ်စောင့်ရှောက်ရေး၊ အနည်းဆုံးလုပ်ခ ကျပ် ၅၆ဝဝရရှိ ရေး၊ အလုပ်ခန့်ထားရေးသဘော တူညီချက်တွင် အလုပ်ရှင်၏တစ် ဖက်သတ်စည်းကမ်းများ မထည့် သွင်းရေး၊ စာချုပ်ချိုးဖောက်သူအား အရေးယူရေး၊ အငြင်းပွားမှုများကို ခုံသမာဓိအဖွဲ့မှ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သို့မလွှဲပြောင်းရေး၊ ခုံသမာဓိ ကောင်စီဆုံးဖြတ်ချက်မလိုက်နာသူ အလုပ်ရှင်အား အရေးယူရေးအပြင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆၊ ၆(စ)၊ ၅၉(စ)၊ ၂၆၁(ခ)၊ ၄ဝ၈ စသည့်ပုဒ်မများအားပြင်ဆင် ပေးရေးတို့ကိုထည့်သွင်းတောင်းဆို ဆန္ဒပြခဲ့ကြသည်။

''ဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့ရဲ့ရပိုင်ခွင့်များကို မလုပ်ပေး ဘူးလို့ထင်ပြီး ထည့်သွင်းတောင်း ဆိုဆန္ဒပြခဲ့ကြတာပါ''ဟုဦးဆောင်သူ ကိုနန္ဒကပြောသည်။
ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မြန် မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများကွန်ရက်မှ အလုပ်သမား များစုပေါင်းပြီးလှိုင်သာယာမြို့နယ် မီးခွက်ဈေးအောက်ထိပ်ဗိုလ်အောင် ကျော်လမ်းဆုံမှ နံနက် ၉နာရီတွင် စတင်လမ်းလျှောက်ခဲ့ကြကာ လှိုင် သာယာမြို့နယ်အားကစားကွင်းသို့ မွန်းတည့် ၁၂ နာရီတွင်ရောက်ရှိ ပြီးဆုံးခဲ့ကြသည်။

အလုပ်သမားရပိုင်ခွင့်များကို ဆန္ဒထုတ်ဖော်မှုများအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူတစ်ဦးက ''ပုဒ်မ ၄၃၆ တွေ၊ ၅၉တွေ မသိပါဘူး။ ကျွန်မ တို့ အလုပ်သမားရပိုင်ခွင့်ကိုပဲ တောင်းဆိုပါတယ်''ဟုဆိုသည်။

The Union Daily
 လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်သမား ၂ဝဝခန့်သည် အလုပ်သမားအခွင့်အရေးများ ရရှိ ရေးနှင့် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးများကို ယနေ့ ထည့်သွင်းတောင်းဆိုဆန္ဒထုတ်ဖော် ခဲ့ကြသည်။
အလုပ်သမားဥပဒေပါ အခွင့် အရေးကာကွယ်စောင့်ရှောက်ရေး၊ အနည်းဆုံးလုပ်ခ ကျပ် ၅၆ဝဝရရှိ ရေး၊ အလုပ်ခန့်ထားရေးသဘော တူညီချက်တွင် အလုပ်ရှင်၏တစ် ဖက်သတ်စည်းကမ်းများ မထည့် သွင်းရေး၊ စာချုပ်ချိုးဖောက်သူအား အရေးယူရေး၊ အငြင်းပွားမှုများကို ခုံသမာဓိအဖွဲ့မှ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သို့ မလွှဲပြောင်းရေး၊ ခုံသမာဓိ ကောင်စီဆုံးဖြတ်ချက်မလိုက်နာသူ အလုပ်ရှင်အား အရေးယူရေးအပြင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆၊ ၆(စ)၊ ၅၉(စ)၊ ၂၆၁(ခ)၊ ၄ဝ၈ စသည့်ပုဒ်မများအားပြင် ဆင် ပေးရေး တို့ကိုထည့်သွင်းတောင်းဆို ဆန္ဒပြခဲ့ကြသည်။

''ဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့ရဲ့ရပိုင်ခွင့်များကို မလုပ်ပေး ဘူးလို့ထင်ပြီး ထည့်သွင်းတောင်း ဆိုဆန္ဒပြခဲ့ကြ တာပါ''ဟုဦးဆောင်သူ ကိုနန္ဒကပြောသည်။ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မြန် မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ရက်မှ အလုပ်သမား များစုပေါင်းပြီးလှိုင်သာယာမြို့နယ် မီး ခွက်ဈေးအောက်ထိပ်ဗိုလ်အောင် ကျော်လမ်းဆုံမှ နံနက် ၉နာရီတွင် စတင်လမ်းလျှောက်ခဲ့ကြကာ လှိုင် သာယာမြို့နယ်အားကစားကွင်းသို့ မွန်းတည့် ၁၂ နာရီတွင်ရောက်ရှိ ပြီးဆုံးခဲ့ကြသည်။

အလုပ်သမားရပိုင်ခွင့်များကို ဆန္ဒထုတ်ဖော်မှုများအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများနှင့် ပတ် သက် ၍ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူတစ်ဦးက ''ပုဒ်မ ၄၃၆ တွေ၊ ၅၉တွေ မသိပါဘူး။ ကျွန်မ တို့ အလုပ် သမားရပိုင်ခွင့်ကိုပဲ တောင်းဆိုပါတယ်''ဟုဆိုသည်။

The Union Daily

No comments:

Post a Comment