Monday 7 April 2014

Family Circle Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပက်ကိုဗစ်နှင့် စီပီလိုဗာတို့ ဗိုလ်လုမည်

Photo: Family Circle Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပက်ကိုဗစ်နှင့် စီပီလိုဗာတို့ ဗိုလ်လုမည်
Monday, April 7, 2014

ဂျာမနီနိုင်ငံမှ တင်းနစ်မယ် အန်ဒရီယာပက်ကိုဗစ်သည် တောင် ကာရိုလိုင်းနားပြည်နယ် ချားလ်စတန်မြို့ရှိ တင်းနစ်ကွင်း၌ ကျင်းပသော Family Circle Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဆလိုဗက်ကီးယား တင်းနစ်မယ် ဂျာနာစီပီလိုဗာနှင့် တွေ့ဆုံ ဗိုလ်လုမည် ဖြစ်သည်။ ပက်ကိုဗစ်သည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ကနေဒါ နိုင်ငံမှ တင်းနစ် အကျော်အမော် အူဂျင်ဘူချက်ကို (၁-၆)၊ (၆-၃)၊ (၇-၅) မှတ်ဖြင့် အနိုင် ရရှိပြီး ဗိုလ်လု ပွဲစဉ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ စီပီလိုဗာသည် ဆွစ်ဇာလန် နိုင်ငံမှ ဆယ်ကျော်သက် တင်းနစ်မယ် ဘီလင်ဒါဘန်စစ်ကို (၆-၄)၊ (၅-၇)၊ (၇-၆) မှတ်ဖြင့် အနိုင် ကစားပြီး ဗိုလ်လုပွဲစဉ်သို့ တက်ရောက်လာသူ ဖြစ်သည်။ အသက် ၂၆ နှစ် အရွယ်ရှိ ပက်ကိုဗစ်သည် သူမ၏ တင်းနစ်မယ် ဘဝ သက်တမ်း တစ်လျှောက်တွင် ဒဏ်ရာများစွာ ရရှိခဲ့သော်လည်း ကမ္ဘာ့ထိပ်တန်း တင်းနစ် ကစားသမား ၁ဝ ဦးစာရင်းတွင် တစ်ကြိမ် ဝင်ရောက်ခဲ့ဖူးသူ ဖြစ်ပြီး ယခုအခါ ကျန်းမာရေး ပြန်လည် ကောင်းမွန် လာသည်ဟု သိရသည်။ ယင်းပြိုင်ပွဲ၏ ဒုတိယအကျော့ပွဲစဉ်တွင် ကမ္ဘာ့နံပါတ်တစ် အဆင့်ရှိ တင်းနစ်မယ် ဆရီနာဝီလီယံကို အနိုင် ကစားခဲ့သော အသက် ၂ဝ အရွယ်ရှိ စီပီလိုဗာ၏ WTA ဗိုလ်လုပွဲ စဉ်သို့ ယခုအကြိမ် တက်ရောက်နိုင်မှုသည် သူမ၏ ပထမဆုံးအကြိမ် တက်ရောက်နိုင်မှု ဖြစ်သည်။

မြ၀တီ
ဂျာမနီနိုင်ငံမှ တင်းနစ်မယ် အန်ဒရီယာပက်ကိုဗစ်သည် တောင် ကာရိုလိုင်းနားပြည်နယ် ချားလ်စတန်မြို့ရှိ တင်းနစ်ကွင်း၌ ကျင်းပသော Family Circle Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဆလိုဗက်ကီးယား တင်းနစ်မယ် ဂျာနာစီပီလိုဗာနှင့် တွေ့ဆုံ ဗိုလ်လုမည် ဖြစ်သည်။
ပက်ကိုဗစ်သည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ကနေဒါ နိုင်ငံမှ တင်းနစ် အကျော်အမော် အူဂျင်ဘူချက်ကို (၁-၆)၊ (၆-၃)၊ (၇-၅) မှတ်ဖြင့် အနိုင် ရရှိပြီး ဗိုလ်လု ပွဲစဉ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ စီပီလိုဗာသည် ဆွစ်ဇာလန် နိုင်ငံမှ ဆယ်ကျော်သက် တင်းနစ်မယ် ဘီလင်ဒါဘန်စစ်ကို (၆-၄)၊ (၅-၇)၊ (၇-၆) မှတ်ဖြင့် အနိုင် ကစားပြီး ဗိုလ်လုပွဲစဉ်သို့ တက်ရောက်လာသူ ဖြစ်သည်။ အသက် ၂၆ နှစ် အရွယ်ရှိ ပက်ကိုဗစ်သည် သူမ၏ တင်းနစ်မယ် ဘဝ သက်တမ်း တစ်လျှောက်တွင် ဒဏ်ရာများစွာ ရရှိခဲ့သော်လည်း ကမ္ဘာ့ထိပ်တန်း တင်းနစ် ကစားသမား ၁ဝ ဦးစာရင်းတွင် တစ်ကြိမ် ဝင်ရောက်ခဲ့ဖူးသူ ဖြစ်ပြီး ယခုအခါ ကျန်းမာရေး ပြန်လည် ကောင်းမွန် လာသည်ဟု သိရသည်။ ယင်းပြိုင်ပွဲ၏ ဒုတိယအကျော့ပွဲစဉ်တွင် ကမ္ဘာ့နံပါတ်တစ် အဆင့်ရှိ တင်းနစ်မယ် ဆရီနာဝီလီယံကို အနိုင် ကစားခဲ့သော အသက် ၂ဝ အရွယ်ရှိ စီပီလိုဗာ ၏ WTA ဗိုလ်လုပွဲစဉ်သို့ ယခုအကြိမ် တက်ရောက်နိုင်မှုသည် သူမ၏ ပထမဆုံးအကြိမ် တက်ရောက်နိုင် မှု ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment