ရေနွေးထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးရောဂါအတွက် အထောက်အကူပြု အပူချိန် (၃၂)ဒီဂရီ ဆဲလ် ဆီးရပ်စ်မျှ ရှိနေသည့် ရေနွေးကန်ထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ခန္ဓာကိုယ် အ တွင်း သွေးကြောများ စီးဆင်းမှုကို ပိုမိုကောင်းမွန်မြန်ဆန်အောင် အထောက်အကူ ဖြစ်စေကြောင်း သိရ သည်။
ကမ္ဘာပေါ်တွင် သွေးတိုးရောဂါ ရှိနေသည့်တိုင် ဆေးဝါးထောက်ပံ့ ကုသမှု မခံယူဖြစ်သူ အမြောက်အမြား ရှိနေရာ ယခုနည်းလမ်းသည် သဘာဝ ကာကွယ်ဆေး တစ်လက်သဖွယ် ၎င်းတို့ကို အထောက်အပံ့ ပေးနိုင် လိမ့်မည်ဟု ပညာရှင်များက ထောက်ခံ ခဲ့သည်။ ရေနွေးကန်ထဲတွင် တစ်ပတ်လျှင် (၃)ကြိမ်မျှ လေ့ကျင့် ခန်း ပြုလုပ်သော သွေးတိုးရော ဂါ ဝေဒနာရှင်များသည် သွေးတိုးကျဆေး အဓိက မှီဝဲသူများထက် ကျန်း မာရေး ပိုမိုကောင်း မွန်နိုင်ကြောင်း သိရသည်။ ဘရာဇီးလ်တွင် ပြု လုပ်သော လေ့လာမှု များအရ ရေ အပူချိန် (၂၇)ဒီဂရီ ဆဲလ်ဆီး ရပ်စ်အောက် လျော့နည်းသွားပါကမူ ယခုကောင်းကျိုးမျိုး မရရှိနိုင်တော့ ဟုလည်း ဖော် ထုတ်တွေ့ ရှိ ခဲ့သည်။ ပူနွေးသောရေသည် လေ့ကျင့်ခန်း ပြု လုပ်နေ ရာတွင် သွေးလှည့် ပတ် မှုကို ပိုမို အားကောင်းအောင် လှုံ့ဆော်နိုင်သည့် အစွမ်းသတ္တိမျိုး ရှိနေသည်။
ယခုလုပ်ဆောင်မှုမျိုးသည် သွေးတိုးရောဂါ တိုက်ဖျက်သည့် ဆေးဝါးများ ၏ဒဏ်ကို ကြံ့ကြံ့ခံနိုင် သည့် သွေး တိုးရောဂါမျိုး ကိုပင် အားလျော့ သွားစေနိုင်ကြောင်း ပညာရှင်များက ပြောဆိုထား သည်။ ဆော်ပေါ် လို တက္ကသိုလ်မှ သုတေသီများသည် အမျိုးသား၊ အမျိုးသမီး (၃၂)ဦးဖြင့် ယခုစမ်းသပ်မှု ရလဒ်ကို အတည်ပြု ခဲ့ပြီး Cardiology ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ပါဝင်စမ်းသပ်ခံသူများသည် ဆေးမ တိုး သည့် သွေးတိုးဝေဒနာကို (၅)နှစ်နှင့်အထက် ခံစားနေရသူ များဖြစ်ပြီး ရေနွေးပူထဲတွင် လေ့ကျင့် ခန်း ပြု လုပ်ခြင်းကြောင့် သိသာသည့် အကျိုးကျေးဇူးများ ခံစားရရှိခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment