Monday 7 April 2014

UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားရာ ‘၀’ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး

Photo: UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားရာ ‘၀’ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး
Monday, April 7, 2014

သံလွင်မြစ်အနီး လွယ်ကြက်တော် အောက်ဘက်တွင် အေပြီ ၂ ရက်နေ့ နေ့လည် ၂ နာရီခန့်က ဖြစ်ပွားခဲ့သော UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်စဉ်တွင် UWSA ‘ ၀ ’ ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း မုံးကျွတ်ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် UWSA ‘ ၀ ’ တပ်ဖွဲ့ဝင် (၂) ဦး ပျောက်ဆုံးနေခဲ့ရာ UWSA ‘ ၀ ’ တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေစဉ် အေပြီ ၃ ရက်နေ့၌ တပ်ဖွဲ့ဝင်တစ်ဦးအား အသက်ရှင်လျက်တွေ့ရှိရပြီး ကျန်တပ်ဖွဲ့ဝင် တစ်ဦးမှာ သေဆုံးနေသော အလောင်းကိုသာ တွေ့ရှိခဲ့ကြောင်း UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် စီးပွားရေး လုပ်ကိုင်နေ သော မြို့ခံလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“ ဟိုတစ်နေ့က မုံးကျွတ်ကို သူတို့အဖွဲ့တွေ ပြန်ရောက်လာတယ်၊ သူတို့ တပ်ဖွဲ့ဝင်တစ်ဦး သေသွားတော့ သိပ်ပြီး ကျေနပ်ပုံမပေါ်ဘူး၊ သူတို့ တပ်ဖွဲ့ဝင်တွေကို ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့က ချောင်းမြောင်း ပစ်ခတ်တယ် ဆိုပြီး ပြောနေ တာတော့ ကြားတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။

UWSA ‘ ၀ ’ အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် နှစ်ဖက်ခေါင်းဆောင်များမှာ ရန်ကုန်မြို့ ၌ ပြုလုပ်လျက်ရှိသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် သွားနေချိန်လည်း ဖြစ်သည်။

“ UWSA ‘ ၀ ’ ဘက်ကတော့ သားငါးရှာသွားတဲ့ တပ်ဖွဲ့ဝင်သုံးယောက်ကို RCSS/SSA အဖွဲ့က အင်အားအလုံး အရင်းနဲ့ ပစ်တယ်လို့ စွပ်စွဲနေတယ်၊ RCSS/SSA ဘက်ကလည်း သူတို့ ပိုင်နက်ထဲကို ၀င်လာ လို့ ပစ်လိုက်တာပါ၊ ‘ ၀ ’ တပ်ဖွဲ့ဝင်တွေမှန်း မသိဘူးလို့ ပြောနေတယ် ” ဟု တရုတ် - မြန်မာနယ်စပ်ရှိ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ဆိုသည်။

“ ‘ ၀ ’ တပ်ဖွဲ့ဝင်တစ်ယောက် သေသွားတာတော့ အမှန်ပဲ၊ အချို့ကလည်း ချောင်းပစ်ခံရတယ်လို့ ပြောတယ်၊ အခြားသတင်းတွေအရတော့ ‘၀’ တပ်ဖွဲ့ဝင်တွေက ရွှေလာကျင်တာလို့လည်း သိရတယ်၊ သူတို့တပ်ဖွဲ့ဝင် သေသွားတာကို မကျေနပ်လို့ UWSA ‘ ၀ ’ တပ်ဖွဲ့ဝင်တွေ မုံးကျွတ်ကနေ အင်အားအလုံးအရင်းနဲ့ ထွက်လာတယ်လို့ ပြောနေကြတယ်၊ RCSS/SSA အဖွဲ့တွေကို လိုက်ရှာနေတယ်လို့ သတင်းတွေ ထွက်နေတယ် ” ဟု ဆက်လက်ပြောကြားသွားသည်။

မုံးကျွတ်မှ အေပြီလ ၅ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် UWSA ‘ ၀ ’ တပ်ဖွဲ့ဝင်များသည် အင်အားအလုံး အရင်းဖြင့် ဘုရားခြေတော်ရာနှင် သံလွင်မြစ်ကမ်းဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း မျက်မြင် မြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းသီဟ (ကျိုင်းတုံ)
Shan News
သံလွင်မြစ်အနီး လွယ်ကြက်တော် အောက်ဘက်တွင် အေပြီ ၂ ရက်နေ့ နေ့လည် ၂ နာရီခန့် က ဖြစ်ပွားခဲ့သော UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်စဉ်တွင် UWSA ‘ ၀ ’ ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း မုံးကျွတ်ဒေသခံအချို့ထံမှ သိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် UWSA ‘ ၀ ’ တပ်ဖွဲ့ဝင် (၂) ဦး ပျောက်ဆုံးနေခဲ့ရာ UWSA ‘ ၀ ’ တပ်ဖွဲ့ဝင် များမှ လိုက်လံရှာဖွေစဉ် အေပြီ ၃ ရက်နေ့၌ တပ်ဖွဲ့ဝင်တစ်ဦးအား အသက်ရှင်လျက်တွေ့ရှိရပြီး ကျန် တပ်ဖွဲ့ဝင် တစ်ဦးမှာ သေဆုံးနေသော အလောင်းကိုသာ တွေ့ရှိခဲ့ကြောင်း UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် စီး ပွားရေး လုပ်ကိုင်နေ သော မြို့ခံလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“ ဟိုတစ်နေ့က မုံးကျွတ်ကို သူတို့အဖွဲ့တွေ ပြန်ရောက်လာတယ်၊ သူတို့ တပ်ဖွဲ့ဝင်တစ်ဦး သေသွားတော့ သိပ်ပြီး ကျေနပ်ပုံမပေါ်ဘူး၊ သူတို့ တပ်ဖွဲ့ဝင်တွေကို ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့က ချောင်းမြောင်း ပစ်ခတ်တယ် ဆိုပြီး ပြောနေ တာတော့ ကြားတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။

UWSA ‘ ၀ ’ အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် နှစ်ဖက်ခေါင်းဆောင်များမှာ ရန်ကုန် မြို့ ၌ ပြုလုပ်လျက်ရှိသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် သွားနေချိန် လည်း ဖြစ်သည်။

“ UWSA ‘ ၀ ’ ဘက်ကတော့ သားငါးရှာသွားတဲ့ တပ်ဖွဲ့ဝင်သုံးယောက်ကို RCSS/SSA အဖွဲ့က အင်အား အလုံး အရင်းနဲ့ ပစ်တယ်လို့ စွပ်စွဲနေတယ်၊ RCSS/SSA ဘက်ကလည်း သူတို့ ပိုင်နက်ထဲကို ၀င်လာ လို့ ပစ်လိုက်တာပါ၊ ‘ ၀ ’ တပ်ဖွဲ့ဝင်တွေမှန်း မသိဘူးလို့ ပြောနေတယ် ” ဟု တရုတ် - မြန်မာနယ်စပ်ရှိ တိုင်း ရင်းသား အရေး လေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ဆိုသည်။

“ ‘ ၀ ’ တပ်ဖွဲ့ဝင်တစ်ယောက် သေသွားတာတော့ အမှန်ပဲ၊ အချို့ကလည်း ချောင်းပစ်ခံရတယ် လို့ ပြော တယ်၊ အခြားသတင်းတွေအရတော့ ‘၀’ တပ်ဖွဲ့ဝင်တွေက ရွှေလာကျင်တာလို့လည်း သိရတယ်၊ သူတို့ တပ်ဖွဲ့ဝင် သေသွားတာကို မကျေနပ်လို့ UWSA ‘ ၀ ’ တပ်ဖွဲ့ဝင်တွေ မုံးကျွတ်ကနေ အင်အား အလုံးအရင်းနဲ့ ထွက်လာတယ်လို့ ပြောနေကြတယ်၊ RCSS/SSA အဖွဲ့တွေကို လိုက်ရှာနေတယ်လို့ သတင်းတွေ ထွက်နေတယ် ” ဟု ဆက်လက်ပြောကြားသွားသည်။

မုံးကျွတ်မှ အေပြီလ ၅ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် UWSA ‘ ၀ ’ တပ်ဖွဲ့ဝင်များသည် အင်အားအလုံး အရင်းဖြင့် ဘုရားခြေတော်ရာနှင် သံလွင်မြစ်ကမ်းဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း မျက်မြင် မြို့ခံ တစ်ဦး ၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းသီဟ (ကျိုင်းတုံ)
Shan News

No comments:

Post a Comment