ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်အပါအ၀င် မှော်အသီး သီး၌ အလုပ် လုပ်ကိုင်နေ ကြသော မှော်သူမှော်သားများသည် KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် ဧပြီ ၄ ရက်နေ့မှစ၍ သက်ဆိုင်ရာ နေရပ်များသို့ ပြန်နေကြရကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။
ပယင်းမှော်နှင့် အနီးတစ်ဝိုက်ရှိ ညောင်ပင်ကုန်းမှော်၊ ပိန္နဲကုန်းမှော်၊ ချမ်းသာ ကုန်းမှော်၊ ဇီးဖြူကုန်းမှော်၊ နဂါးအိုင် မှော်တို့၌ နေထိုင်လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ တိုက်ပွဲများဖြစ်လာတော့မည်ဖြစ်၍ အသက် အန္တရာယ်ကို တာဝန် မယူနိုင်ကြောင်းနှင့် မှော်များမှ ချက်ချင်းထွက်သွားရန်၊ မသွားပါက KIA အဖွဲ့ထဲဝင်ရ မည်ဟု ပြောဆိုမှု ကြောင့် အဆိုပါမှော်များမှ ပြန်လာကြရခြင်း ဖြစ်ကြောင်း တနိုင်းမြို့သို့ ရောက် ရှိ လာသော မှော်ကျင်းသားတစ်ဦး က ပြောကြားသွားသည်။
“ လုပ်လက်စ အလုပ်တွေ ဆက်မလုပ်ရတော့ ပစ္စည်းတွေလည်း ဒီအတိုင်း ထားခဲ့ရတယ်၊ မပြန်ရင်လည်း KIA ကခေါ်သွားမှာဆိုတော့ ပြန်ခဲ့ရတာပေါ့၊ အခု မန္တလေးကို ပြန်ကြမှာပါ၊ မိသားစုလိုက်ဆိုတော့ လမ်း စရိတ် က တော် တော်ကုန်မှာ၊ ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်လာရင် အသက်အန္တရာယ်ရှိ တာကြောင့် ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြ တာပါ” ဟု မန္တလေးဘက်မှ လာရောက်လုပ် ကိုင်သော မအေးမြင့် ကဆိုသည်။
ဧပြီလ ၄ ရက်နေ့မှစ၍ တနိုင်းမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာသော မှော်သူမှော်သားများမှာ ယနေ့အချိန် ထိ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ပြီး စုစုပေါင်းအင်အား(၅၀၀၀) ကျော်ခန့် ရှိကြောင်း မြို့ခံတစ်ဦး က ပြောသည်။
“ ကားတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ပါ ပြန်နေကြတာတွေ့တယ်၊ မြို့ထဲမှာ အဲဒီလို ရုတ်ရုတ်သဲသဲဖြစ်ရင် စိုးရိမ်ရပါတယ်၊ KIA က အတင်းမှောင်း ထုတ်လို့ ပြန်လာကြရတာဆိုတော့ မကြာခင် တိုက်ပွဲတွေ ပြန်ဖြ စ်တော့ မယ် ဆိုပြီး ပြောနေကြပါတယ်၊ ဒီနယ်မြေဒေသတွေကတော့ ဘယ်တော့များမှ ငြိမ်းချမ်းမလဲ မသိပါဘူး ” ဟု မြို့ခံစီးပွားရေး လုပ်ငန်းရှင် ကိုဂျွန်နော်ဆိုင်း ကပြောသည်။
တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်သူမှော်သားများသည် တနိုင်း - မြစ်ကြီး နား လမ်းနှင့် အင်ဂါးဂါး - နန်ဗျူ - ကောင်းရာလမ်း အတိုင်း နေရပ်အသီးသီး သို့ ပြန်လည်ထွက်ခွာနေကြကြောင်း သိရှိရပါသည်။
မနောသစ်
Kachin Daily News
No comments:
Post a Comment