Monday 7 April 2014

ယာဉ်အိုယာဉ်ဟောင်း '၂က' အက္ခရာများကို နိုဝင်ဘာ ၆ ရက်တွင် အပ်နှံခွင့်ပြုမည်

ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု '၂က' အက္ခရာများကို နိုဝင်ဘာ ၆ရက်တွင် စတင်အပ်နှံခွင်ြ့ပု မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကားရောင်း ဝယ်ရေးအသင်းမှ ရုံးအဖွဲ့မှူး ဦးမင်းဦးက ပြောသည်။
''ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုအနေနဲ့ ယခုလ ၄ ရက်မှာ '၁က' အက္ခရာတွေ စတင်အပ်နှံခွင့်ရ မှာ ပါ။ နောက်ထပ်အက္ခရာဖြစ်တဲ့ '၂က' အက္ခရာကိုတော့ နို ဝင်ဘာ ၆ရက်မှာ ပြန်လည်စတင်ပြီး အပ်နှံခွင့်ရ မယ်လို့ သိရပါတယ်။ အမှန်တကယ်ပြောရရင်တော့ ယာဉ်အိုယာဉ် ဟောင်းအပ်တဲ့နေရာ မှာ မိုဒယ် အလိုက် အပ်နှံခွင့်တွေ သက်တမ်း အလိုက်အပ်နှံခွင့်တွေ ကိုတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုက ကျိန်းသေသလောက်ရှိနေတဲ့ အတွက် စလစ်ဈေး က ၁၁၈သိန်း ကနေ ၁ဝ၈သိန်းလောက်အထိ ပြန်ကျသွားပါ တ ယ်'' ဟု ပြော သည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုနှင့်ပတ်သက်၍ ကားဝယ်ရောင်း ကိုယ်စားလှယ်ဦးတိုးလွင်က ''ယာဉ်အို ယာဉ်ဟောင်းအပ်နှံမှုနဲ့ ပတ် သက်လို့ တိကျတဲ့ကြေညာချက်တွေရှိမှဖြစ်မှာပါ။ ဒါမှလဲ စလစ်နဲ့တွဲ ပြီး အလုပ် လုပ်နေတဲ့ သူတွေအတွက်အကျိုးရှိမှာပါ။ ယာဉ်အိုယာဉ် ဟောင်းအပ်နှံမှုပြန်ပြီး လည်ပတ်မှု အားကောင်း လာမယ်ဆိုရင် စလစ် ဈေးက ကျပ်သိန်း ၉ဝ ဝန်းကျင်လောက်အထိကျသွားမှာပါ'' ဟု သုံး သပ်ပြောကြား ခဲ့သည်။

The Union Daily

No comments:

Post a Comment