Monday 7 April 2014

Care For Children ပရဟိတ အဖွဲ့နှင့် အတူ မိုးစက်ဝိုင်က မိဘမဲ့ ကလေး များအား လှူဒါန်း

Photo: Care For Children ပရဟိတ အဖွဲ့နှင့် အတူ မိုးစက်ဝိုင်က မိဘမဲ့ ကလေး များအား လှူဒါန်း
Monday, April 7, 2014

Miss Universe Myanmar မိုးစက်ဝိုင်နှင့်အတူ Care For Children New Generation ပရဟိတအဖွဲ့တို့မှ ၎င်းတို့အဖွဲ့၏ ခုနစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယမန်နေ့က တွံတေးမြို့နယ်ရှိ မိဘမဲ့ ကလေးများအား အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။

ယင်းလှူဒါန်းမှုမှာ တွံတေးမြို့နယ် ဘုရားကြီးကျေးရွာရှိ မင်္ဂလာ ပရဟိတ မိဘမဲ့ ကလေးဂေဟာသို့ သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အလှူငွေကျပ် သိန်း ၃ဝ ကျော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အလှူငွေများကို Care For Children အဖွဲ့မှ အဓိကပါဝင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကလေးများ ပျော်ရွှင်စေ ရန် နှင့်ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း လှူဒါန်းမှုပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း မိဘမဲ့ကလေးများ ကူညီ စောင့်ရှောက်ရေးအဖွဲ့မှ စီစဉ်သူကိုတင်ထွဋ် ၏ ပြောကြားချက်အရ သိရသည်။ ''ကျွန်တော်တို့ အဖွဲ့အနေနဲ့ အရင်နှစ်တွေက ကလေးတွေကို စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ပွဲလေးတွေလုပ်ခဲ့တယ်။ ခြောက်နှစ်ပြည့် နောက်ပိုင်းမှာတော့ နှစ်စဉ်ပုံမှန် လှူတဲ့ပွဲပဲ လုပ်ဖြစ်တော့တယ်။ ဒီပွဲမှာ အဓိကကတော့ ကလေးတွေကို ပျော်ရွှင်စေချင်လို့ပါ။
နောက်ပြီး ကျွန်တော်တို့ရဲ့ အလှူကိုလည်း နှစ်စဉ်ပြုလုပ်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး လှူဖြစ်တာပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

မိဘမဲ့ကလေးများအား လှူဒါန်းရာတွင Miss Universe Myanmar မိုးစက်ဝိုင်ကလည်း ပါဝင်ဖျော်ဖြေ တင်ဆက်ကြသည့် ကလေးများကို ငွေသားဆုများ ချီးမြှင့်ခဲ့သလို ကလေး များအား အာဟာရဒါနအနေဖြင့် (Smart Soy Milk) ပဲနို့များကိုလည်း ပါဝင်လှူဒါန်းခဲ့သည်။ ယခုအလှူ ပြုခဲ့ သည့် မိဘမဲ့ကလေးများ ဂေဟာတွင် ကလေး ၁ဝဝဝ ကျော်ရှိပြီး ယင်းတို့ထဲတွင် မိမဲ့၊ ဖမဲ့၊ မိဘမဲ့၊ ဟူ၍ သုံးမျိုးသုံးစားလုံး ရှိကြကြောင်း၊ ထို့အပြင် ၎င်းတို့ထဲတွင် နာဂစ်ဒေသများမှ လာသောကလေးများ၊ တိုင်းရင်း သား ဒေသမှ လာသောကလေးများနှင့် ဆင်းရဲနွမ်းပါးသော ကလေးများရှိကြောင်း၊ မိဘမဲ့ကလေးများအား စောင့်ရှောက်ထားသော မင်္ဂလာကျောင်း တိုက်မှ ကျောင်းထိုင် ဆရာတော်ကြီး၏ မိန့်ကြားချက်အရ သိရ သည်။

 မြ၀တီ 
Miss Universe Myanmar မိုးစက်ဝိုင်နှင့်အတူ Care For Children New Generation ပရဟိတအဖွဲ့တို့မှ ၎င်းတို့အဖွဲ့၏ ခုနစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယမန်နေ့က တွံတေးမြို့နယ်ရှိ မိဘမဲ့ ကလေးများအား အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။
ယင်းလှူဒါန်းမှုမှာ တွံတေးမြို့နယ် ဘုရားကြီးကျေးရွာရှိ မင်္ဂလာ ပရဟိတ မိဘမဲ့ ကလေးဂေဟာသို့ သွားရော က် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အလှူငွေကျပ် သိန်း ၃ဝ ကျော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အလှူငွေများကို Care For Children အဖွဲ့မှ အဓိကပါဝင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကလေးများ ပျော်ရွှင်စေ ရန် နှင့်ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း လှူဒါန်းမှုပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း မိဘမဲ့ကလေးများ ကူညီ စောင့်ရှောက်ရေးအဖွဲ့မှ စီစဉ်သူကိုတင်ထွဋ် ၏ ပြောကြားချက်အရ သိရသည်။ ''ကျွန်တော်တို့ အဖွဲ့ အနေနဲ့ အရင်နှစ်တွေက ကလေးတွေကို စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ပွဲလေးတွေလုပ်ခဲ့ တယ်။ ခြော က်နှစ်ပြည့် နောက်ပိုင်းမှာတော့ နှစ်စဉ်ပုံမှန် လှူတဲ့ပွဲပဲ လုပ်ဖြစ်တော့တယ်။ ဒီပွဲမှာ အဓိကကတော့ ကလေးတွေကို ပျော်ရွှင်စေချင်လို့ပါ။ နောက်ပြီး ကျွန်တော်တို့ရဲ့ အလှူကိုလည်း နှစ်စဉ်ပြုလုပ်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး လှူဖြစ်တာပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မိဘမဲ့ကလေးများအား လှူဒါန်းရာတွင Miss Universe Myanmar မိုးစက်ဝိုင်ကလည်း ပါဝင်ဖျော်ဖြေ တင် ဆက်ကြသည့် ကလေးများကို ငွေသားဆုများ ချီးမြှင့်ခဲ့သလို ကလေး များအား အာဟာရဒါနအနေဖြင့် (Smart Soy Milk) ပဲနို့များကိုလည်း ပါဝင်လှူဒါန်းခဲ့သည်။ ယခုအလှူ ပြုခဲ့ သည့် မိဘမဲ့ကလေး များ ဂေဟာ တွင် ကလေး ၁ဝဝဝ ကျော်ရှိပြီး ယင်းတို့ထဲတွင် မိမဲ့၊ ဖမဲ့၊ မိဘမဲ့၊ ဟူ၍ သုံးမျိုးသုံးစားလုံး ရှိကြကြောင်း၊ ထို့အပြင် ၎င်းတို့ထဲတွင် နာဂစ်ဒေသများမှ လာသောကလေးများ၊ တိုင်းရင်း သား ဒေသမှ လာသောကလေး များနှင့် ဆင်းရဲနွမ်းပါးသော ကလေးများရှိကြောင်း၊ မိဘမဲ့ကလေးများအား စောင့်ရှောက်ထားသော မင်္ဂလာကျောင်း တိုက်မှ ကျောင်းထိုင် ဆရာတော်ကြီး၏ မိန့်ကြားချက်အရ သိရ သည်။

မြ၀တီ

No comments:

Post a Comment