Monday 9 September 2013

KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် တရုတ်အမျိုးသားကောလိပ် ဖွင့်လှစ်

Photo: KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် တရုတ်အမျိုးသားကောလိပ် ဖွင့်လှစ်

စက်တင်ဘာလ ၉ ရက် ၂၀၁၃

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ၂၀၀၇ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့သော တရုတ်စာနှင့် တရုတ်စကား သင်ကြားပေးသည့် ကျောင်းအား စက်တင်ဘာလထဲတွင် တရုတ်ဘာသာစကား အမျိုးသားကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီး ကျောင်းသားကျောင်းသူအသစ်များကိုလည်း စာရင်းလက်ခံနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ခံများထံမှ သိရသည်။

ယင်းတရုတ်ဘာသာစကား အမျိုးသားကောလိပ်တွင် ပညာသင်နှစ် ၂ နှစ်သတ်မှတ်ထားပြီး တစ်နှစ်ပတ်လုံး အတွက် ကျောင်းစရိတ် ၀င်ကြေး တရုတ်ယွမ်ငွေ ၅၀၀၀ ( မြန်မာငွေ ၈ သိန်းခန့်) နှင့်ဘော်ဒါဆောင်တွင် အိပ်၊စား ကုန်ကျစရိတ် တရုတ်ငွေ ယွမ် ၈၅၀၀ (မြန်မာငွေ ၁၃ သိန်းကျော်) ပေးသွင်းရကြောင်း သြဂုတ် ၂၅ ရက်နေ့မှစ၍ နာမည်စာရင်းလက်ခံနေပြီဖြစ်ကြောင်း ယင်းကောလိပ်ကျောင်း ဘော်ဒါဆောင် တာဝန်ခံတစ်ဦးက ပြောသည်။

လိုင်ဇာမြို့မှ ဒေသခံကချင်လူငယ်များသည် တရုတ်စာ၊တရုတ်စကားများကို သင်ကြားနေရပြီး အစိုးရမှ ပြဌာန်းထားသော မြန်မာစာနှင့် သင်ရိုးညွှန်းတမ်းများကို သင်ကြားခွင့်မရသောကြောင့် လိုင်ဇာမြို့သည် တရုတ်ကို အားကိုးလွန်းနေသည်ဟု ဒေသခံ ကျောင်းသားမိဘအချို့က ပြောကြကြောင်းနှင့် တရုတ်ကောလိပ် သည် လိုင်ဇာရှိ ပညာတတ်လူတန်းစားအတွက်သာ ဖြစ်နေကြောင်း သိရှိရသည်။
တရုတ် - မြန်မာနယ်စပ် ကချင်အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက “ အဲဒီကောလိပ် ကျောင်းမှာ ၂ နှစ်တက်ပြီးရင် တရုတ်နိုင်ငံ ကူမင်တက္ကသိုလ်မှာ ကျောင်းဆက်တက်ခွင့်ရှိတယ်ဆိုပြီး တရုတ်က အပိုင်ချည်ထားပြီးသား၊ ကချင်လူငယ်တွေက မြန်မာနိုင်ငံထဲမှာရှိတဲ့ တက္ကသိုလ်တွေမှာ မတက်တာတော့ ပညာရေးပိုင်းနဲ့ လူမျိုးရေးအရ နိုင်ငံသိက္ခာကျတာပေါ့ ၊ တနည်းပြောရရင် လိုင်ဇာက တရုတ်ရဲ့ သြဇာခံလို ဖြစ်နေတဲ့ သဘောပါပဲ ” ဟုပြောသည်။
“ အရင်တုန်းက တိုက်ပွဲတွေကြောင့် နယ်မြေမအေးချမ်းလို့ ဒေသခံလူငယ်တွေ အစိုးရကျောင်းမှာ မတက်ရတာ လက်ခံနိုင်တယ်၊ အခုအေးချမ်းနေပြီလေ၊ ဘာလို့ မတက်ခိုင်းသလဲ၊ လိုင်ဇာမှာရှိတဲ့ ခေါင်းဆောင်တွေက တရုတ်အလိုကျ လိုက်လုပ်နေတာရှင်းနေတာပါပဲ၊ ဒီလိုင်ဇာမှာ မြန်မာငွေမသုံးဘဲ တရုတ်ယွမ်သုံးနေတာက သက်သေပဲပေါ့ ” ဟု ဆက်ပြောသည်။

၎င်း၏ ထပ်မံပြောပြချက်အရ လိုင်ဇာမြို့တွင် တရုတ်နိုင်ငံမှ ပုဂ္ဂလိကဘဏ်များ လာရောက်ဖွင့်လှစ်ထား ကြောင်း၊ လိုင်ဇာမြို့ ပတ်ဝန်းကျင်ရှိ ရွှေမှော်များ၌ တရုတ်ကုမ္ပဏီများအား ရွှေတူးဖော်ခွင့်ပြုထားရကြောင်း၊ တရုတ်စာနှင့် တရုတ်စကားများသာ သင်ကြားနေရခြင်းမှာ တရုတ်၏ သြဇာကို မလွန်ဆန်နိုင်၍ ဖြစ်ကြောင်း လိုင်ဇာမြို့သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲမှ မြို့တစ်မြို့ဟု အမည်ခံသာရှိပြီး အမှန်တကယ်တွင် တရုတ်၏ မြို့တစ်မြို့ ဖြစ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

နော်မိုင်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ၂၀၀၇ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့သော တရုတ်စာနှင့် တရုတ်စကား သင်ကြားပေးသည့် ကျောင်းအား စက်တင်ဘာလထဲတွင် တရုတ်ဘာသာ စကား အမျိုးသားကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီး ကျောင်း သားကျောင်းသူအသစ်များကို လည်း စာရင်းလက်ခံနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ခံများထံမှ သိရသည်။
ယင်းတရုတ်ဘာသာစကား အမျိုးသားကောလိပ်တွင် ပညာသင်နှစ် ၂ နှစ်သတ်မှတ်ထားပြီး တစ်နှစ်ပတ် လုံးအတွက် ကျောင်းစရိတ် ၀င်ကြေးတရုတ်ယွမ်ငွေ ၅၀၀၀ ( မြန်မာငွေ ၈ သိန်းခန့်) နှင့်ဘော်ဒါဆောင်တွင် အိပ်၊စား ကုန်ကျစရိတ် တရုတ်ငွေ ယွမ် ၈၅၀၀ (မြန်မာငွေ ၁၃ သိန်းကျော်) ပေးသွင်းရကြောင်း သြဂုတ် ၂၅ ရက်နေ့မှစ၍ နာမည် စာရင်းလက်ခံနေပြီဖြစ်ကြောင်း ယင်းကော လိပ်ကျောင်း ဘော်ဒါဆောင် တာဝန်ခံတစ်ဦးက ပြောသည်။

လိုင်ဇာမြို့မှ ဒေသခံကချင်လူငယ်များသည် တရုတ်စာ၊တရုတ်စကားများကို သင်ကြားနေရပြီး အစိုးရမှ ပြဌာန်းထားသော မြန်မာစာနှင့် သင်ရိုးညွှန်းတမ်းများကို သင်ကြားခွင့်မရသောကြောင့် လိုင်ဇာမြို့ သည် တရုတ်ကို အားကိုးလွန်းနေသည်ဟု ဒေသခံ ကျောင်းသား မိဘအချို့က ပြောကြကြောင်းနှင့် တရုတ်ကောလိပ် သည် လိုင်ဇာရှိ ပညာတတ်လူတန်းစားအတွက်သာ ဖြစ်နေကြောင်း သိရှိရသည်။ တရုတ် - မြန်မာနယ်စပ် ကချင်အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက “ အဲဒီကော လိပ် ကျောင်းမှာ ၂ နှစ်တက်ပြီးရင် တရုတ်နိုင်ငံ ကူမင်တက္ကသိုလ် မှာ ကျောင်းဆက် တက်ခွင့်ရှိတယ်ဆိုပြီး တရုတ်က အပိုင်ချည်ထားပြီးသား၊ ကချင်လူငယ်တွေက မြန်မာနိုင်ငံထဲမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ မတက် တာတော့ ပညာရေးပိုင်းနဲ့ လူမျိုးရေးအရ နိုင်ငံသိက္ခာကျတာပေါ့ ၊ တနည်းပြောရရင် လိုင်ဇာက တရုတ်ရဲ့ သြဇာခံလို ဖြစ်နေတဲ့ သဘောပါပဲ ” ဟုပြောသည်။

“ အရင်တုန်းက တိုက်ပွဲတွေကြောင့် နယ်မြေမအေးချမ်းလို့ ဒေသခံ လူငယ်တွေ အစိုးရကျောင်းမှာ မတက် ရတာ လက်ခံနိုင်တယ်၊ အခုအေးချမ်းနေပြီလေ၊ ဘာလို့ မတက်ခိုင်းသလဲ၊ လိုင်ဇာမှာရှိ တဲ့ ခေါင်းဆောင်တွေ က တရုတ်အလိုကျ လိုက်လုပ်နေတာရှင်းနေတာပါပဲ၊ ဒီလိုင်ဇာမှာ မြန်မာငွေမသုံးဘဲ တရုတ်ယွမ်သုံးနေတာက သက်သေပဲပေါ့ ” ဟု ဆက်ပြောသည်။

၎င်း၏ ထပ်မံပြောပြချက်အရ လိုင်ဇာမြို့တွင် တရုတ်နိုင်ငံမှ ပုဂ္ဂလိကဘဏ်များ လာရောက်ဖွင့်လှစ် ထား ကြောင်း၊ လိုင်ဇာမြို့ ပတ်ဝန်းကျင်ရှိ ရွှေမှော်များ၌ တရုတ်ကုမ္ပဏီများအား ရွှေတူးဖော်ခွင့်ပြု ထားရကြောင်း၊ တရုတ်စာနှင့် တရုတ်စကားများသာ သင်ကြားနေရခြင်းမှာ တရုတ်၏ သြဇာကို မလွန် ဆန်နိုင်၍ ဖြစ်ကြောင်း လိုင်ဇာမြို့ သည် မြန် မာနိုင်ငံ ကချင်ပြည်နယ်ထဲမှ မြို့တစ်မြို့ဟု အမည်ခံသာရှိပြီး အမှန် တကယ် တွင် တရုတ်၏ မြို့တစ်မြို့ ဖြစ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

နော်မိုင်

No comments:

Post a Comment