Monday 9 September 2013

တရုတ်နိုင်ငံက ရုရှားအပါအဝင် ဗဟို အာရှဒေသ နိုင်ငံများနှင့် စီးပွားရေးဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်မည်

Photo: တရုတ်နိုင်ငံက ရုရှားအပါအဝင် ဗဟို အာရှဒေသ နိုင်ငံများနှင့် စီးပွားရေးဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်မည်
Monday, September 9, 2013

ရုရှားနိုင်ငံ အပါအဝင် ဗဟိုအာရှဒေသရှိ နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ကာဇက်စတန်နိုင်ငံသို့ အလည် အပတ်ရောက် ရှိနေသော တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၇ ရက်တွင် အက်စ်စတာနာ မြို့ရှိ နာဇာ ဘာရဗ်တက္ကသိုလ်၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြား ခဲ့သည်ဟု အင်တာနက်သတင်းတစ်ရပ်အရ သိရသည်။

ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်သည့် G-20 ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် ကာဇက်စတန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိ နေခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ဗဟိုအာရှနိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများအား အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် သံတမန်ရေး နည်းလမ်းအရလည်း ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် ဆက်ဆံရေးကို အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ပိုးလမ်းမကြီးသည် ဗဟိုအာရှမှ တစ်ဆင့် ဥရောပနှင့် တရုတ်နိုင်ငံအား ချိတ်ဆက် ထားသော နှစ်ပေါင်းရာ နှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် သမိုင်းဝင်ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ် သည်။ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ ပါဝင်သော ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး မူဘောင် အတွင်း၌ ဘော်လ်တစ်ပင်လယ် ကမ်းရိုးတန်းဒေသနှင့် ပစိဖိတ် ကမ်းရိုးတန်း ဒေသတို့အား ချိတ်ဆက်ပေးမည့် အရေးပါသော ကုန်သွယ်ရေး ပင်မလမ်းကြောင်း တစ်ခု ထူထောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်တွင် ဗဟိုအာရှနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရာတွင် တိုက်ရိုက် ငွေကြေးစနစ် တစ်ရပ်ထားရှိ အသုံးပြုရေးနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အတားအဆီး ဖြစ်နေမှုများအား ဖယ်ရှား ရှင်းလင်းရေးနှင့် ပတ်သက်သော အစီအမံများလည်း ပါရှိကြောင်း သိရသည်။ 

ဲမြ၀တီ
ရုရှားနိုင်ငံ အပါအဝင် ဗဟိုအာရှဒေသရှိ နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ကာဇက်စတန်နိုင်ငံသို့ အလည်အပတ်ရောက် ရှိနေသော တရုတ် သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၇ ရက်တွင် အက်စ်စတာနာ မြို့ရှိ နာဇာ ဘာရဗ်တက္ကသိုလ်၌ မိန့်ခွန်းပြော ကြားစဉ် ထည့်သွင်း ပြောကြား ခဲ့သည်ဟု အင်တာနက်သတင်းတစ်ရပ်အရ သိရသည်။
ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်သည့် G-20 ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် ကာဇက်စတန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိ နေခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ဗဟိုအာရှနိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများအား အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် သံတမန်ရေး နည်းလမ်းအရလည်း ပိုးလမ်းမတစ်လျှောက် ရှိ နိုင်ငံများနှင့် ဆက်ဆံရေးကို အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ပိုးလမ်းမကြီးသည် ဗဟိုအာရှမှတစ်ဆင့် ဥရောပနှင့် တရုတ်နိုင်ငံအား ချိတ်ဆက် ထားသော နှစ်ပေါင်းရာ နှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် သမိုင်းဝင်ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ် သည်။ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ ပါဝင်သော ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး မူဘောင် အတွင်း၌ ဘော်လ်တစ်ပင်လယ် ကမ်းရိုးတန်းဒေသနှင့် ပစိဖိတ်ကမ်းရိုးတန်း ဒေသတို့အား ချိတ်ဆက်ပေး မည့် အရေးပါသော ကုန်သွယ်ရေး ပင်မလမ်းကြောင်းတစ်ခု ထူထောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်တွင် ဗဟိုအာရှနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရာတွင် တိုက်ရိုက် ငွေကြေးစနစ် တစ်ရပ်ထားရှိ အသုံးပြုရေးနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အတား အဆီး ဖြစ်နေမှု များအား ဖယ်ရှား ရှင်းလင်းရေးနှင့် ပတ်သက်သော အစီအမံများလည်း ပါရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment