Monday 9 September 2013

တရုတ်ပိုက်လိုင်းကြောင့် နစ်နာမှုဖြေရှင်းပေးဖို့ ကျောက်ဖြူဒေသ ၂၈ ရွာ သမ္မတဆီ စာရေးတောင်းဆို

Photo: တရုတ်ပိုက်လိုင်းကြောင့် နစ်နာမှုဖြေရှင်းပေးဖို့ ကျောက်ဖြူဒေသ ၂၈ ရွာ သမ္မတဆီ စာရေးတောင်းဆို
Monday, September 9, 2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို
တင်ပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာ
မှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဒေသခံတွေရဲ့ရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးဖို့
ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၈ ရွာက ဒေသခံတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတဆီကို ဒီနေ့ စာပေးပို့လိုက်
ပါတယ်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ အခက်
ခဲတွေနဲ့ ပတ်သက်ပြီး သမ္မတဆီကို လက်မှတ်ရေးထိုး စာရေးသားပေး
ပို့ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဒေသခံ ဦးချမ်းမောင်နုက RFA ကို အခုလိုပြောပါတယ်။

“အခုဒေသခံတွေသဘောကတော့ မိုးရာသီဆိုတော့ ဒီပိုက်လိုင်းမှာ
ဘေးထွက်ဆိုးကျိုးတွေ တော်တော်များတယ်ခင်ဗျ၊ ဘာဖြစ်လို့လဲ
ဆိုတော့ မြေထိုးစက်တွေသွားနေတဲ့အခါ စပါးတွေကပုံမှန်အတိုင်း စိုက်လို့မရဘူးပေါ့၊ အဲလိုမျိုးတွေ ပြဿနာဖြစ်နေတယ်၊ ကျနော်တို့လိုချင်တာကတော့ ပိုက်လိုင်းကို ဒီလိုမျိုးမဖြစ်အောင် လုပ်စေချင်တယ်ခင်ဗျ”

နိုင်ငံတော်သမ္မတဆီကို ပေးပို့လိုက်တဲ့ အဲဒီတောင်းဆိုတဲ့စာထဲမှာ ပိုက်လိုင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေကို တိကျတဲ့အာမခံချက်တွေနဲ့ ဆောင်ရွက်ပေးဖို့၊ ကျေးလက်စာသင်ကျောင်းတွေအပါအဝင် ဆေးပေးခန်းတွေနဲ့ သောက်သုံးရေကန်တွေ ဖြည့်ဆည်းပေးဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့၊ ဘိုးဘွားဘီဘင်အဆက်ဆက် မှီခိုလုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေတွေကို မည်သူတစ်ဦးတစ်ယောက်မျှ ကျူးကျော်သိမ်းပိုက်ခြင်းမပြုလုပ်ဖို့နဲ့ ပုဒ်မ-၁၈နဲ့ အမှုရင်ဆိုင်နေရတဲ့ မဒေးကျွန်းဆန္ဒပြရာမှာ ပါဝင်တဲ့ ခေါင်းဆောင် ၁ဝ ဦးကို အမှုကျေအေးပေးဖို့စတဲ့ အချက်တွေအပါအဝင် အချက် ၈ ချက်ပါဝင်ကြောင်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတအနေနဲ့ ဒေသခံတွေတောင်းဆိုတဲ့အချက်တွေကို ရက်ပေါင်း ၂ဝ အတွင်း တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိပါက ဒေသခံတွေ အနေနဲ့ ထပ်မံဆန္ဒပြတောင်းဆိုမယ်လို့လည်း သမ္မတဆီကို ပေးပို့တဲ့ စာထဲမှာ ထည့်သွင်းရေးသားထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဒေသခံတွေရဲ့ရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးဖို့ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၈ ရွာက ဒေသခံတွေ စုပေါင်း လက်မှတ်ရေး ထိုးပြီး နိုင်ငံတော်သမ္မတဆီကို ဒီနေ့ စာပေးပို့လိုက်ပါတယ်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ အခက်ခဲတွေနဲ့ ပတ်သက်ပြီး သမ္မတဆီကို လက်မှတ်ရေးထိုး စာရေးသားပေးပို့ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဒေသခံ ဦးချမ်းမောင်နုက RFA ကို အခုလိုပြော ပါတယ်။

“အခုဒေသခံတွေသဘောကတော့ မိုးရာသီဆိုတော့ ဒီပိုက်လိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ တော်တော်များ တယ်ခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ မြေထိုးစက်တွေသွားနေတဲ့အခါ စပါးတွေကပုံမှန်အတိုင်း စိုက်လို့ မရဘူးပေါ့၊ အဲလိုမျိုးတွေ ပြဿနာဖြစ်နေတယ်၊ ကျနော်တို့လိုချင်တာကတော့ ပိုက်လိုင်းကို ဒီလိုမျိုး မဖြစ်အောင် လုပ်စေချင်တယ်ခင်ဗျ”

နိုင်ငံတော်သမ္မတဆီကို ပေးပို့လိုက်တဲ့ အဲဒီတောင်းဆိုတဲ့စာထဲမှာ ပိုက်လိုင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေကို တိကျတဲ့အာမခံချက်တွေနဲ့ ဆောင်ရွက်ပေးဖို့၊ ကျေးလက်စာသင်ကျောင်းတွေ အပါ အဝင် ဆေးပေးခန်းတွေနဲ့ သောက်သုံးရေကန်တွေ ဖြည့်ဆည်းပေးဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ကောင်း မွန်အောင်ဆောင်ရွက်ပေးဖို့၊ ဘိုးဘွားဘီဘင်အဆက်ဆက် မှီခိုလုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေတွေကို မည်သူ တစ်ဦး တစ်ယောက်မျှ ကျူးကျော်သိမ်းပိုက်ခြင်းမပြုလုပ်ဖို့နဲ့ ပုဒ်မ-၁၈နဲ့ အမှုရင်ဆိုင်နေရတဲ့ မဒေးကျွန်းဆန္ဒပြ ရာမှာ ပါဝင်တဲ့ ခေါင်းဆောင် ၁ဝ ဦးကို အမှုကျေအေးပေးဖို့စတဲ့ အချက်တွေအပါအဝင် အချက် ၈ ချက် ပါဝင်ကြောင်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတအနေနဲ့ ဒေသခံတွေတောင်းဆိုတဲ့အချက်တွေကို ရက်ပေါင်း ၂ဝ အတွင်း တစ်စုံ တစ်ရာ တုန့်ပြန်မှုမရှိပါက ဒေသခံတွေ အနေနဲ့ ထပ်မံဆန္ဒပြတောင်းဆိုမယ်လို့လည်း သမ္မတဆီကို ပေးပို့တဲ့ စာထဲမှာ ထည့်သွင်းရေးသားထားတယ်လို့လည်း သိရပါတယ်။

RFA Burmese

No comments:

Post a Comment