Monday 9 September 2013

အောက်တိုဘာ ၁၅ ရက်ကစပြီး တိုင်းရင်းသားရုပ်သံလိုင်း လွင့်တော့မယ်

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး ကချင်၊ ကယား၊ ကရင် (စကော၊ အရှေ့ပိုး၊ အနောက်ပိုး) ချင်း (လိုင်ဇိုး၊ ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ၀ ဘာသာစကားပေါင်း ၁၁ မျိုးနဲ့ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း စတင် ထုတ်လွှင့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းကို စက်တင်ဘာ ၁၅ ရက်နေ့မှာ စမ်းသတ်ထုတ်လွှင့်ခဲ့ပြီး တစ်နေ့တစ်နာရီ နှစ်ကြိမ်ထုတ်လွှင့်တင်ဆက် ဖို့ မှန်းထားတယ်လို့ သိရပါတယ်။

တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်းဟာ ဝေးလံခေါင်ဖျား ဒေသများက တိုင်းရင်းသားများ အသိပညာ ဗဟုသတဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ဦးအောင်ကြည်က ပြောတယ်ဆိုတဲ့ အကြောင်း ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။

ABC

No comments:

Post a Comment