Monday 9 September 2013

ဒီမိုကရေစီနှင့် ရုပ်ရှင်၊ ရင့်ကျက်မှုနှင့်အနုပညာအမြင်

Photo: ဒီမိုကရေစီနှင့် ရုပ်ရှင်၊ ရင့်ကျက်မှုနှင့်အနုပညာအမြင်
Monday, September 9, 2013

ရုပ်ရှင်သည် ဖျော်ဖြေတင်ဆက် မှုဖြစ်သည့် အားလျော်စွာ ပရိသတ်နှင့် လူ့အဖွဲ့အစည်းအပေါ် ကြီးမား သည့် သက်ရောက်မှု ရှိပါသည်။ တစ် ပြိုင်နက်တည်းမှာပင် ရုပ်ရှင် သည် အနုပညာလည်းဖြစ်သည်ဆိုသည့် အတွက် အနုပညာတစ်ရပ်ကို ဖန်တီး ရာတွင် ရိုးသားမှု၊ လွတ်လပ်မှုရှိမှ သာ တိုးတက်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပေ သည်။ ဆင်ဆာ စည်း ကမ်းသတ်မှတ် ချက်များဖြင့်သာဆိုလျှင် လူ့အဖွဲ့အ စည်း၏ ယနေ့ဖြစ်ပျက်နေသော ကိစ္စများကို ရိုးသားစွာ ရိုက်ကူးတင်ဆက်မှုလုပ်နိုင်မည်မဟုတ်ပေ။ ယင်းကို သိလာကြသည့် အမေရိကန်ရုပ် ရှင်သားများ သည် ၁၉၆၈ခုနှစ်တွင် ပရိသတ်၏ ရင့်ကျက်မှုအရ ခွဲခြား ကန့်သတ်ပေးမည့် ရုပ်ရှင်ဇာတ်ကား အဆင့်အတန်း သတ်မှတ် ချက်စနစ် (Rating) ကို စတင်တီထွင် ကျင့်သုံးလာ နိုင်ခဲ့ကြလေသည်။ ထို့အတူပင် ပွင့်လင်းလာမှုနှင့် အတူ မြန်မာ့ရုပ်ရှင်ဗီဒီယိုလောကအနေဖြင့်လည်း ရုပ်ရှင် အဆင့် အတန်း သတ်မှတ်ချက်စနစ်ကို ကျင့်သုံးသင့်၊မကျင့်သုံးသေးသင့်အပေါ် ရုပ်ရှင်လောကသားများ၏အသံကို မေးမြန်းဖော်ပြလိုက်ရပါသည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်
အခုလောလောဆယ်အနေအထားကတော့ ကျွန်တော်တို့က
မြန်မာပြည်ဖြစ်နေတယ်။ ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်နေတဲ့ အတွက် အနုပညာဖန်တီးမှုပိုင်း မှာလည်း ရပ်နေလို့ မရဘူး။ရပ်နေမယ်ဆိုရင် Presentation တွေနောက်ကျကျန်ခဲ့ ဖို့ပဲ ရှိတယ်။ အဲဒီတော့ သတ်မှတ်ခြင်း၊မသတ်မှတ်ခြင်းကို ဝေဖန်အကြံပေးဖို့ ကျွန်တော့်မှာ မပြည့် စုံသေးပါဘူး။

ဒါရိုက်တာဝင်းထွန်းထွန်း
တစ်ကမ္ဘာလုံးမှာရှိနေတဲ့ စနစ်တွေ ပါ။နှစ်မျိုးတော့ ရှိတယ်။ တချို့က Rating ဆိုတဲ့ သဘောတရားကို ၁၈နှစ် အောက်မကြည့်ရဘူးလို့ ထင်တယ်။ အဲဒီတစ်မျိုး တည်း ပြောတာမဟုတ်ပါဘူး။ အသက်အရွယ်အပိုင်းအခြားအရ ၁၈ နှစ်၊ ၁၆ နှစ်၊ ၁၅နှစ် အောက်မ ကြည့်ရဆိုတာတစ်ခု တည်းမဟုတ်ဘဲ အနုပညာ ထုတ် လုပ်မှုပေါ်မှာ သူတို့ရဲ့ တန်ဖိုးဘယ်လောက်ထိ ရှိလဲ ဆိုတဲ့ Rating ကို လည်း သတ်မှတ်စေချင် တယ်၊ရှိစေချင် တယ်။ဒါတွေက သတ်မှတ်ပေး ပါလို့တော့ ပြောလို့ မရဘူး။ ခေတ် ကာလအခြေအနေနဲ့ သူ့ဘာသာသူ ဖြစ်သွားမှာပါ။ ကိုယ်တို့အနုပညာသမားတွေပဲ နားလည်လို့မရဘူး။ ပရိသတ်တွေကိုယ်တိုင် နားလည်ဖို့ လိုတယ်။ ဒီအတွက် အများကြီး ဆွေးနွေးရဦးမယ်။ အသိပညာတွေ ပေးရဦးမယ်။ တစ်ချိန်ကျရင်တော့ ဖြစ်လာမှာပါ။

ဒါရိုက်တာ သီဟတင်သန်း
ဆေးလိပ်မသောက်နဲ့ လို့တားရင် ဆေးလိပ်ပိုသောက် ဖြစ်သွားတယ်။ ၁၈ နှစ်အောက်မရောင်းနဲ့ဆိုလည်း ရောင်းနေ ကြတာပဲလေ။ စည်းကမ်းလိုက် နာတဲ့သူနဲ့မ လိုက်နာ တဲ့ သူဆိုတာလူနဲ့ပဲဆိုင်လိမ့်မယ်။ ရုပ် ရှင်ရုံထဲမှာဆေး လိပ်မသောက် ရဘူး။ဒါကိုကျွန်တော် က တွေ့လို့ ရုံကဝန်ထမ်း ကိုသွား ပြောတာ။ဘယ်ကောင် သွား ပြော တာလဲဆိုတဲ့ ကွန်ဖလစ်ကြုံ ခဲ့ဖူးတယ်။နောက် ရုပ်ရှင်ရုံထဲ မှာလူတိုင်း နိုင်ငံ တော်အလံကို မတ်တတ်ရပ် အလေးပြုကြတာ တစ်မိနစ်ပြည့်လို့လား။ဒါကို လူတိုင်းရပ် လို့လား။ Rating သတ်မှတ်လိုက်တယ်။ ၁၆ နှစ် အောက်မကြည့်ရ။ သူခိုး ကြည့် တော့ကော။ အခုက တစ်ကိုယ်ရည်သုံးလို့ရတဲ့ အီလက်ထရော နစ် ပစ္စည်းတွေ အများကြီး ပဲ။ဒီလိုကျတော့ မိဘရဲ့သွန်သင် ညွှန်ကြားမှုနဲ့ လည်း နည်းနည်း တော့ပတ်သက်လိမ့်မယ်။အများကြီးတော့မဟုတ်ဘူး။ မိဘတွေ ဘယ်လောက်ဆုံးမ ပေမယ့် လုပ်ချင်လုပ်သွားမှာပဲ။ မင်းတို့ဒါမလုပ်နဲ့ ဆိုပိုလုပ်တတ် တာ လူတိုင်းရဲ့အကျင့်ပဲ။

သားညီ
အသက်၁၈နှစ်အောက် မကြည့်ရဆိုတာမျိုး ဒီမှာ သတ်မှတ်မယ်ဆိုရင် မကောင်းဘူးလို့ ထင်တယ်။ ဒီမှာက အခွင့်အရေးတအားယူတတ်ကြတယ်။ ကျွန်တော့်ကို စိတ် ဆိုးရင်လည်း ဆိုးကြလိမ့်မယ်။ အခုဆိုရင် နည်းနည်းလေးလွှတ်ပေးလိုက်ရင် ကျွန်တော်တို့ မြန်မာတွေက အများကြီး လုပ်ကြတယ်။ ကျွန်တော်တို့မှာအဲဒီအကျင့် ဆိုး ကြီး တစ်ခုရှိတယ်။ ၁၈နှစ် အောက်မကြည့်ရဆိုပြီး အခွင့်အကောင်းယူပြီး ကပ်သီလေးတွေ ရိုက်ကြတော့မယ်။ အဲဒီ တော့စည်းကမ်းချက်ကိုသတ်သတ်မှတ်မှတ်ချပြီး ဒီလိုမျိုးအ ခန်းတွေမရိုက်ရဘူးဆိုပြီး တစ်ခါတည်းသတ်မှတ်ပေးတာ မျိုးက ပိုကောင်းမယ်လို့ ထင်တယ်။

သူထူးစံ
အနုပညာဆိုတာတအား လွတ်လပ်တယ်။ ချုပ်ချယ်တာ မကြိုက်ဘူး။ ချုပ်ချယ်မှုတွေ ရှိရင်အနုပညာမကောင်းဘူး။ ကန့်သတ်ချက်တွေ ပါလာရင်လည်း အနုပညာက ဘယ်လိုမှ မကောင်းနိုင်ဘူး။ အစ်ကိုတို့က ပရိသတ်အနေနဲ့လည်းခံစားလို့ မရဘူး။အဲဒါကအနုပညာအ တွက်လုံးဝ မကောင်းနိုင်ပါဘူး။

Popular Journal
ရုပ်ရှင်သည် ဖျော်ဖြေတင်ဆက် မှုဖြစ်သည့် အားလျော်စွာ ပရိသတ်နှင့် လူ့အဖွဲ့အစည်းအပေါ် ကြီးမား သည့် သက်ရောက်မှု ရှိပါသည်။ တစ်ပြိုင်နက်တည်းမှာပင် ရုပ်ရှင်သည် အနုပညာလည်းဖြစ်သည်ဆိုသည့်
အတွက် အနုပညာတစ်ရပ်ကို ဖန်တီး ရာတွင် ရိုးသားမှု၊ လွတ်လပ်မှုရှိမှ သာ တိုးတက်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပေ သည်။ ဆင်ဆာ စည်းကမ်းသတ်မှတ် ချက်များဖြင့်သာဆိုလျှင် လူ့အဖွဲ့အ စည်း၏ ယနေ့ဖြစ်ပျက်နေသော ကိစ္စများကို ရိုးသားစွာ ရိုက်ကူးတင်ဆက်မှုလုပ်နိုင်မည်မဟုတ်ပေ။ ယင်းကို သိလာကြသည့် အမေရိကန် ရုပ်ရှင်သားများသည် ၁၉၆၈ခုနှစ်တွင် ပရိသတ်၏ ရင့်ကျက်မှုအရ ခွဲခြား ကန့်သတ်ပေးမည့် ရုပ်ရှင် ဇာတ်ကား အဆင့်အတန်း သတ်မှတ် ချက်စနစ် (Rating) ကို စတင်တီထွင် ကျင့်သုံးလာ နိုင်ခဲ့ကြလေ သည်။ ထို့အတူပင် ပွင့်လင်းလာမှုနှင့် အတူ မြန်မာ့ရုပ်ရှင်ဗီဒီယိုလောကအနေဖြင့်လည်း ရုပ်ရှင် အဆင့် အတန်း သတ်မှတ်ချက်စနစ်ကို ကျင့်သုံးသင့်၊မကျင့်သုံးသေးသင့်အပေါ် ရုပ်ရှင်လောကသားများ၏ အသံကို မေးမြန်းဖော်ပြလိုက်ရပါသည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်
အခုလောလောဆယ်အနေအထားကတော့ ကျွန်တော်တို့က မြန်မာပြည်ဖြစ်နေတယ်။ ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်နေတဲ့အတွက် အနုပညာဖန်တီးမှုပိုင်း မှာလည်း ရပ်နေလို့ မရဘူး။ရပ်နေမယ်ဆိုရင် Presentation တွေနောက်ကျကျန်ခဲ့ ဖို့ပဲ ရှိတယ်။ အဲဒီတော့ သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းကို ဝေဖန် အကြံပေးဖို့ ကျွန်တော့်မှာ မပြည့် စုံသေးပါဘူး။

ဒါရိုက်တာဝင်းထွန်းထွန်း
တစ်ကမ္ဘာလုံးမှာရှိနေတဲ့ စနစ်တွေ ပါ။နှစ်မျိုးတော့ ရှိတယ်။ တချို့က Rating ဆိုတဲ့ သဘောတရားကို ၁၈နှစ် အောက်မကြည့်ရဘူးလို့ ထင်တယ်။ အဲဒီတစ်မျိုး တည်း ပြောတာမဟုတ်ပါဘူး။ အသက်အရွယ် အပိုင်းအခြားအရ ၁၈ နှစ်၊ ၁၆ နှစ်၊ ၁၅နှစ် အောက်မ ကြည့်ရဆိုတာတစ်ခု တည်းမဟုတ်ဘဲ အနုပညာ ထုတ် လုပ်မှုပေါ်မှာ သူတို့ရဲ့ တန်ဖိုးဘယ်လောက်ထိ ရှိလဲ ဆိုတဲ့ Rating ကိုလည်း သတ်မှတ်စေချင် တယ်၊ရှိစေချင် တယ်။ဒါတွေက သတ်မှတ်ပေး ပါလို့တော့ ပြောလို့ မရဘူး။ ခေတ် ကာလအခြေအနေနဲ့ သူ့ဘာသာသူ ဖြစ်သွားမှာပါ။ ကိုယ်တို့အနုပညာသမားတွေပဲ နားလည်လို့မရဘူး။ ပရိသတ်တွေကိုယ်တိုင် နားလည်ဖို့ လိုတယ်။ ဒီအတွက် အများကြီး ဆွေးနွေးရဦးမယ်။ အသိပညာတွေ ပေးရဦးမယ်။ တစ်ချိန်ကျရင်တော့ ဖြစ်လာမှာပါ။

ဒါရိုက်တာ သီဟတင်သန်း
ဆေးလိပ်မသောက်နဲ့ လို့တားရင် ဆေးလိပ်ပိုသောက် ဖြစ်သွားတယ်။ ၁၈ နှစ်အောက်မရောင်းနဲ့ဆို လည်း ရောင်းနေ ကြတာပဲလေ။ စည်းကမ်းလိုက် နာတဲ့သူနဲ့မ လိုက်နာ တဲ့ သူဆိုတာလူနဲ့ပဲဆိုင်လိမ့်မယ်။ ရုပ် ရှင်ရုံထဲမှာဆေး လိပ်မသောက် ရဘူး။ဒါကိုကျွန်တော် က တွေ့လို့ ရုံကဝန်ထမ်း ကိုသွား ပြော တာ။ဘယ်ကောင် သွား ပြော တာလဲဆိုတဲ့ ကွန်ဖလစ်ကြုံ ခဲ့ဖူးတယ်။နောက် ရုပ်ရှင်ရုံထဲ မှာလူတိုင်း နိုင်ငံ တော် အလံကို မတ်တတ်ရပ် အလေးပြုကြတာ တစ်မိနစ်ပြည့်လို့လား။ဒါကို လူတိုင်းရပ် လို့လား။ Rating သတ်မှတ်လိုက်တယ်။ ၁၆ နှစ် အောက်မကြည့်ရ။ သူခိုး ကြည့် တော့ကော။ အခုက တစ်ကိုယ်ရည်သုံးလို့ရတဲ့ အီလက်ထရော နစ် ပစ္စည်းတွေ အများကြီး ပဲ။ဒီလိုကျတော့ မိဘရဲ့သွန် သင် ညွှန်ကြားမှုနဲ့ လည်း နည်းနည်း တော့ပတ်သက်လိမ့်မယ်။အများကြီးတော့မဟုတ်ဘူး။ မိဘတွေ ဘယ်လောက်ဆုံးမ ပေမယ့် လုပ်ချင်လုပ်သွားမှာပဲ။ မင်းတို့ဒါမလုပ်နဲ့ ဆိုပိုလုပ်တတ် တာ လူတိုင်းရဲ့ အကျင့်ပဲ။

သားညီ
အသက်၁၈နှစ်အောက် မကြည့်ရဆိုတာမျိုး ဒီမှာ သတ်မှတ်မယ်ဆိုရင် မကောင်းဘူးလို့ ထင်တယ်။ ဒီမှာက အခွင့်အရေးတအားယူတတ်ကြတယ်။ ကျွန်တော့်ကို စိတ် ဆိုးရင်လည်း ဆိုးကြလိမ့်မယ်။ အခုဆိုရင် နည်းနည်းလေးလွှတ်ပေးလိုက်ရင် ကျွန်တော်တို့ မြန်မာတွေက အများကြီး လုပ်ကြတယ်။ ကျွန်တော်တို့မှာ အဲဒီအကျင့် ဆိုး ကြီး တစ်ခုရှိတယ်။ ၁၈နှစ် အောက်မကြည့်ရဆိုပြီး အခွင့်အကောင်းယူပြီး ကပ်သီလေးတွေ ရိုက် ကြတော့ မယ်။ အဲဒီ တော့စည်းကမ်းချက်ကိုသတ်သတ်မှတ်မှတ်ချပြီး ဒီလိုမျိုးအ ခန်းတွေမရိုက်ရဘူးဆိုပြီး တစ်ခါတည်းသတ်မှတ်ပေးတာ မျိုးက ပိုကောင်းမယ်လို့ ထင်တယ်။

သူထူးစံ
အနုပညာဆိုတာတအား လွတ်လပ်တယ်။ ချုပ်ချယ်တာ မကြိုက်ဘူး။ ချုပ်ချယ်မှုတွေ ရှိရင်အနုပညာ မကောင်းဘူး။ ကန့်သတ်ချက်တွေ ပါလာရင်လည်း အနုပညာက ဘယ်လိုမှ မကောင်းနိုင်ဘူး။ အစ်ကိုတို့က ပရိသတ်အနေနဲ့လည်းခံစားလို့ မရဘူး။အဲဒါကအနုပညာအ တွက်လုံးဝ မကောင်းနိုင်ပါဘူး။

Popular Journal

No comments:

Post a Comment