Monday 9 September 2013

တိရစ္ဆာန်အစာ ကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ကြိုတင်စနစ်ဖြင့် ဝယ်ယူနေ သဖြင့် ပြည်တွင်းသားငါးဈေး မြင့်တက်လာနိုင်

မြန်မာနိုင်ငံမှ ထွက်သော တိရစ္ဆာန်အစာ ကုန်ကြမ်းများကို တရုတ်နိုင်ငံ ကုန်သည်များ မဟုတ်သော တစ်ဆင့်ခံ တရုတ်ပွဲစားများက ကြိုတင်ငွေပေး စနစ်ဖြင့် ဝယ်ယူနေသည်ကို မထိန်းချုပ်နိုင်ပါက ပြည်တွင်း တိရစ္ဆာန်အစာ ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်မှုကြောင့် ပြည်တွင်း သား၊ ငါး ဈေးနှုန်းများ ကြီးမြင့်လာနိုင် သည်ဟု သိရသည်။ယခုအခါ ပဲဖတ် တစ်ပိဿာ ငွေကျပ် ၉၆ဝ၊ နှမ်းဖတ် တစ်ပိဿာ ငွေကျပ် ၁၁၈ဝ၊ ဖွဲနု တစ်ပိဿာ ငွေကျပ် ၃၆ဝ၊ ဆန်ကွဲ တစ်ပိဿာငွေကျပ် ၄ဝဝ၊ ပြောင်းဆန် တစ်ပိဿာ ငွေကျပ် ၅၂၈ ကျပ် ဖြစ်ပေါ်နေကြောင်း သိရသည်။

''ပြောင်းနဲ့ ပတ်သက်ပြီးတော့ လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လတွေမှာ များများထွက်မယ်။ ဒါပေမဲ့ ထွက်မယ့်အချိန်မှာ ဈေးက ကျမယ် မထင်ဘူး။ ဘာကြောင့်လဲဆိုရင် တရုတ် ဝယ်လက်တွေက ကြိုတင်စနစ်နဲ့ ဝယ်ယူကြတယ်။ ဒီလိုစနစ်နဲ့ ဝယ်တဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းကို ထိရောက်မှု ရှိလာတယ်။ ပြောင်းတစ်မျိုးတည်း မဟုတ်ဘူး။ ကျန်တဲ့အစာကုန်ကြမ်းတွေကိုလည်း တရုတ်က တိုက်ရိုက် မဟုတ်ဘဲ ကိုယ်စားလှယ်တွေ နဲ့ ဝယ်ကြတယ်လို့ သိရတယ်။ နောက်ဆုံး ကြိုတင်စနစ် တစ်ပိဿာကို ၃ဝဝ ဈေးနဲ့ ဝယ်တယ်။ အရင်က တစ်ပိဿာ ၁၅ဝ ကနေ ၂ဝဝ ရှိတုန်းက တက်တဲ့ဈေး က ၅ဝဝ၊ အခု ကြိုတင် ၃ဝဝ နဲ့ ဖြစ်တော့ လာမယ့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်မှာ ပြောင်းဈေး ၆ဝဝ ကျော်တဲ့ အထိ မြင့်တက် လာနိုင် တယ်'' ဟု တိရစ္ဆာန် အစာပညာရှင် ဒေါက်တာ သက်မှူးက ပြောကြားခဲ့ သည်။

လာမည့် လအနည်းငယ် အတွင်း ပျဉ်းမနား၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း ဒေသကြီး အစရှိသည့် နေရာ များမှ ပြောင်းများ ထွက်ရှိမည် ဖြစ်သော်လည်း ပြောင်းဈေးနှုန်း ကျဆင်းမည် မဟုတ်ကြောင်း ယခုနှစ်တွင် ပြောင်းစိုက်တောင်သူများက တိုးချဲ့စိုက်ပျိုး သဖြင့် အထွက် များမည် ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်မှ တိုးချဲ့ဝယ် ယူနေကြောင်း၊ အစာကုန်ကြမ်းဈေးမှာ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ကျဆင်းဖွယ် မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment